Book Image

စတိဗ်ဂျော့

နိုင်ရဲကျော်

စတိဗ်ဂျော့ကွယ်လွန်ပြီး နောက်ပိုင်း ပထမဦးဆုံး ထွက်ပေါ်လာတဲ့ စတိဗ်ဂျော့ရဲ့ အတ္ထုပ္ပတ္တိ ဖြစ်သည်။ Walter Isaacson ရေးသားသော စာအုပ်ကို နိုင်ရဲကျော်က ဘာသာပြန်ထားခြင်း ဖြစ်သည်။ Apple ကုမ္ပဏီ ခေါင်းကိုင်အဖတစ်ဦး၏ စိတ်ဝင်စားဖွယ်ရာ ဘဝဖြတ်သန်းမှု ပုံရိမ်များ၊ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်လို့ တွေးရဲလောက်တဲ့အထိ ရူးတဲ့သူတွေကပဲ ကမ္ဘာကြီးကို တကယ်ပြောင်လဲပစ်တဲ့သူတွေ ဖြစ်လာကြတာပဲ စသည်ဖြင့် စာအုပ်နောက်ကျောဖုံးတွင် ရေးသားထားသည်။


ဒီ စတိဗ်ဂျော့ စာအုပ်ကို ဖတ်ခဲ့တာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ ကျွန်တော် စိတ်ထဲမှာ စွဲကျန်ရစ်ခဲ့တဲ့ စာသားတွေကို ပြန်ရွတ်ကြည့်နေမိပါတယ်။ စျေးသိပ်မကြီးဘဲနဲ့ ရိုးရှင်းတဲ့ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းကောင်းကောင်း ပစ္စည်းတစ်ခုကို လူတစ်ယောက်က ဖန်တီးလိုက်ပြီဆိုရင် ကျွန်တော် အရမ်းသဘောကျတာပဲ I love it when you can bring really great design and simple capability to something that doesn't cost much. - from Isaacson's Book ဂျီးဇက်ခရိုက်စ် နေခဲ့သလို မနေဘဲ ကမ္ဘာကြီးကို ဂျီးဇက်ခရိုက်စ် ကြည့်မြင်ခဲ့သလို ကြည့်မြင်နိုင်ဖို့ မကြိုးစားဘဲ ယုံကြည်မှု ဆိုတာကိုပဲ နင်းကန် ရှေ့တန်းတင်လိုက်တဲ့ အချိန်ကစပြီး ခရစ်ယာန်ဘာသာရဲ့ အဆီအနှစ်တွေ စတင်ခန်းခြောက် သွားတော့တာပဲ။ The juice goes out of Christianity when it becomes too based on faith rather than on living like Jesus or seeing the world as Jesus saw it. - from Walter Isaacson's Book ကမ္ဘာကြီးကို ပြောင်လဲပစ်နိုင်တယ်လို့ တွေးရဲလောက်တဲ့အထိ ရူးတဲ့သူတွေကပဲ ကမ္ဘာကြီးကို တကယ်ပြောင်းလဲပစ်တဲ့သူတွေ ဖြစ်လာကြတာပဲ။ The people who are crazy enough to think they can change the world are the ones who do. - Apple's "Think Different" commercian, 1997. ဒါက ကျွန်တော်အမြဲရွတ်နေတဲ့ မန္တရားတွေထဲက တစ်ခု - အာရုံစိုက်ပါ၊ ရိုးရှင်းပါ။ ရိုးရှင်းမှုဆိုတာ ရှုပ်ထွေးတာတွေထက် ပိုခက်နိုင်ပါတယ်။ သင့်အနေနဲ့ သင့်အတွေးတွေကို အရိုးရှင်းဆုံးဖြစ်နိုင်ဖို့ ခက်ခက်ခဲခဲ ရှင်းလင်းရနိုင်ပါတယ်။ That's been one of my mantras - focus and simplicity. Simple can be harder than complex; you have to work hard to your thinking clean to make it simple. တီထွင်ဖန်တီးမှုဆိုတာ ခေါင်းဆောင်နဲ့ နောက်လိုက်ကို ခွဲ့ခြားပေးတဲ့ အရာပဲ။ Innovation distinguishes between a leader and a follower. ကျွန်တော်က လူတွေအကြိုက်လိုက်လုပ်နေတဲ့သူ မဟုတ်ဘူး၊ လူတွေ ဘာကြိုက်ရမလဲဆိုတာ သင်ပေးနေတဲ့သူ ဆိုတဲ့ စာသားတွေပါပဲ။ ဒီစာအုပ်ဟာ iPod, iPhone မျိုးဆက်တွေကို စတင်ဖန်တီးခဲ့သူ စတိဗ်ဂျော့ရဲ့ အကြောင်းကို ပြောပြရုံတင်မဟုတ်ပါဘူး။ အတွေးအမြင်တွေ အတုယူစရာတွေ အများကြီး ပေးစွမ်းနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော် အမှတ်ရမိတဲ့ စာအုပ်ပါ အဖြစ်အပျက်တစ်ခုကို ပြောရမယ်ဆိုရင် စတိဂျော့နဲ့ မိုက်ကရိုဆော့ဖ် ဆိုတဲ့ နည်းပညာ ကုမ္ပဏီကြီးကို တည်ထောင်ဖန်တီးခဲ့သူ ဘီလ်ဂိတ်တို့ တွေ့ကြတဲ့ အခန်းပါပဲ။ ..... မင်း ငါတို့ဆီကနေ သက်သက် အမြတ်ထုတ်နေတာပဲလို့ ဂျော့က ဒေါသတကြီး အော်ပါတော့တယ်။ .... မင်းကို ငါ ယုံခဲ့တယ်။ အခုတော့ ငါတို့ဆီက ပြန်အလစ်သုတ်တယ်လို့ ဂျော့က အော်ဟစ်နေပေမယ့် ဘီလ်ဂိတ်ကတော့ အေးအေးလူလူထိုင်ပြီး ဂျော့ကိုပဲ စိုက်ကြည့်နေပါတယ်။ ဂျော့ အော်ဟစ်လို့ အားရသွားပြီဆိုတော့မှ ဘီလ်ဂိတ်က သူရဲ့ အသံသေးသေးလေးနဲ့ ဟုတ်ပြီ စတိဗ်။ ဒီကိစ္စကို နောက်တစ်မျိုးလဲ ကြည့်လို့ ရပါသေးတယ်ကွာ။ Xeror ဆိုတဲ့ တီဗီတစ်လုံးလောက် ခိုးဖို့ ဝင်သွားတော့ မင်းက အဲဒီ တီဗီကို ခိုးထားပြီးသား ဖြစ်နေတာကို တွေ့လိုက်ရသလိုမျိုးပေါ့ လို့ မှတ်သားဖွယ်ရာ စကားနဲ့ ပြန်ချေပပါတယ်။ ဘီဂိတ်ရောက်လာတဲ့ နှစ်ရက်လုံးလုံး ဂျော့ဟာ ဒေါသထွက်လို့ မပြီးပါဘူး။ ဘာကြောင့် စတိဂျော့ ဒေါသထွက်နေရသလဲ၊ ဘီလ်ဂိတ်ကရော အဲဒီစကားနဲ့ ဘာကြောင့် ပြန်ချေပသလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေလိမ့်မယ်လို့ တွေးမိပါလိမ့်မယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ စာညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: မန်းချောင်းစာပေ

Publisher Address: အမှတ် (၇၄)၊ သာယာအေးလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၇၃၀၄၆၂၂၆


Related Books