Book Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်

စာအုပ်အမည်- အကြမ်းပတမ်းခရီးဆန်း
ဘာသာပြန်သူ- တက္ကသိုလ်နေလင်းအောင်
မူရင်းစာအုပ်-Journey to the West
မူရင်းရေးသူ-Wu Cheng’en
ထုတ်ေ၀သည့်တိုက်-Exit Books(ငါတို့စာပေ)
ထုတ်ေ၀သည့်အကြိမ်-ဒုတိယအကြိမ်
ထုတ်ေ၀သည့်ခုနှစ်၊ လ- ၂၀၁၈၊ ဖေဖော်ဝါရီလ
မျက်နှာဖုံး-သိုးထိန်း
စာမျက်နှာ- အတွဲ၁-၄ - ၂၃၃၃မျက်နှာ


အမှန်အတိုင်းပြောရရင် Exit Books က ဆယ်ကျော်သက်တွေအတွက် စာအုပ်တွေ စထုတ်ကတည်းက အထင်မကြီးမိရိုးအမှန်ပါ။ ကလေးစာအုပ်တွေ ဘာလို့ ဖတ်ရမှာလဲဆိုတဲ့ စိတ်ကြီး၀င်နေတဲ့စိတ် နည်းနည်းလည်း ပါမှာပေါ့လေ။ စာအုပ်တွေ ကောက်ကိုင် လှန်လှောမိတာကလွဲလို့ မဖတ်ဖြစ်ပါ။ ကောက်ကိုင်ဖတ်မိတာကတော့ စာအုပ်တွေ့ရင် မဖတ်ဘဲမနေနိုင်တဲ့ အကျင့်ကြောင့်ပါ။
အခုညွှန်းမယ့် စာအုပ်ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ အကြမ်းပတမ်းခရီးဆန်းလို့ စာအုပ်နာမည်တပ်ထားပေမဲ့ ဘယ်သူမှ ဒီနာမည်နဲ့ စာအုပ်ရှာတာ မတွေ့မိပါဘူး။ ၀ူခုန်းစာအုပ်၊ အနောက်အရပ်သို့ခရီးသွားခြင်းစာအုပ်၊ Journey to the west စာအုပ်လို့ပဲ မေးကြတာ များပါတယ်။
ကိုယ်ကိုယ်တိုင်က ဒီရုပ်ရှင်ဇာတ်လမ်းတွဲကို အခေါက်အခါခါ Version အမျိုးမျိုးနဲ့ ကြည့်ပြီးသားဖြစ်တော့ ဒီစာအုပ်ထွက်မယ်ဆိုတာ သိသိိချင်း သိပ်တော့ စိတ်မ၀င်စားမိပါ။ ဒါပေမဲ့ စာအုပ်ဆိုတာ အမြဲတမ်းပဲ ရုပ်ရှင်ထက်ကောင်းလေ့ကောင်းထရှိလေတော့ ဒီစာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စာအုပ်အထူကြီးဆိုပေမဲ့ ဖတ်ရတာသွက်တော့ ဖတ်လို့ ဖတ်မှန်းမသိ၊ စာမျက်နှာတွေ ကုန်လို့ကုန်သွားမှန်း မသိပဲ တစ်အုပ်ကုန်မှ အော် ကုန်သွားပါလားလို့ သတိထားမိပါတယ်။
ပထမအုပ် တစ်၀က်လောက်အရောက်မှာ တစ်ခုသတိရမိပါတယ်။ ဒါကတော့ ခင်လေးမြင့်ဘာသာပြန်တဲ့ မင်းသားလေးစာအုပ်ထဲက အစပိုင်းမှာ လီယွန်ဗက်သို့ ဆိုပြီး ဒီလိုရေးထားပါတယ်။(များသောအားဖြင့် အရွယ်ရောက်သော လူကြီးတိုင်းသည် မိမိတို့၏ ကလေးဘ၀ကို ပြန်၍အမှတ်ရသူ နည်းပါးကြပါသည်)တဲ့။
ကိုယ်ကိုယ်တိုင် ဒီစာအုပ်ဖတ်တဲ့အခါမှ ကိုယ့်ရဲ့လူငယ်ဘ၀ သိုင်း၀တ္ထုတွေဖတ်ပြီး ကြီးပြင်းလာတဲ့ဘ၀ကို ပြန်သတိရလာပါတယ်။
စာအုပ်ကောင်းတွေ ဂန္တ၀င်စာအုပ်တွေကို တစ်ခါတည်း တန်းဖတ်နိုင်တဲ့သူ ရှားပါလိမ့်မယ်။ ကာတွန်းစာအုပ်တွေ၊ ရုပ်ပြတွေ၊ ပြီးမှ သိုင်း၀တ္ထုတွေ၊ မင်းသိင်္ခ၀တ္ထုတွေ ဒီလိုမျိုးတွေက စလာပြီးမှ တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာရတာပါ။
ဒီစာအုပ်မဖတ်မိခင်က ကလေးတစ်ယောက်သိုင်းစာအုပ် ဖတ်နေတာတွေ့ရင် ဘာတွေဖတ်နေတာလဲ၊ အကျိုးရှိတာတွေ ဖတ်ပါလားလို့ တိုက်တွန်းမိပါလိမ့်မယ်။ (အကျိုးရှိတဲ့စာအုပ်ဆိုတာ ဘာလေးဖတ်ဖို့၊ ဘာအဟာရ၊ ထိပ်ဆုံးမှာ ဘာဖြစ်တယ် . . . ဆိုတာမျိုးပေါ့နော်) ကိုယ့်ဘ၀ တစ်စိတ်တစ်ဒေသကို နေရာယူထားတဲ့ သိုင်း၀တ္ထုတွေကို လုံးလုံးမေ့ပစ်ခဲ့မိတာကို ဒီစာအုပ်ပြန်ဖတ်တော့မှ သတိရပါတော့တယ်။
ကိုယ်ပြောချင်တာတွေ ပြောပြီးတော့မှပဲ စာအုပ်ကို ညွှန်းရတော့မှာပေါ့လေ။
ဇာတ်လမ်းအကြောင်းပြောရရင်တော့ လူတိုင်းနီးပါးသိပြီးသလောက်ပါ။ ဆရာတော်ထန်စန်းကျွမ်း(ရုပ်ရှင်ထဲမှာ ထန်စွမ်းထင်ပါတယ်)၊ စွန်း၀ူခုံး ခေါ် စွန်းဟိန်ကျဲ၊ ကျူးပတ်ကိုင်(ပါကျဲ)၊ ဆား၀ူကျိန်း(၀ူကျင့်)တို့နဲ့ အတူ အနောက်ဘက်ဒေသက မြတ်စွာဘုရားဆီမှာ ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်တဲ့အကြောင်းပါ။ လမ်းမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ရတဲ့ပုံကို ရေးဖွဲ့ထားတာပါ။ ဇာတ်လိုက်ကတော့ ၀ူခုံးပါ။ ဒါပေမဲ့ သူအမြဲတော့ မနိုင်ပါဘူး။ မနိုင်တဲ့အခါ နတ်ဘုရင်၊ ကွမ်ယင်၊ အန်ကုန်း စတဲ့ တန်ခိုးရှင်တွေကအစ ဘုရားထံကပါ အကူအညီယူပါတယ်။
တချို့ထူးခြားတဲ့အခန်းတွေလည်း ရှိပါတယ်။ မြစ်ကိုနှစ်ပိုင်းခွဲပြီး ဖြတ်လာပြီးတော့ ရသေ့တွေက ဘုန်းကြီးတွေကို နှိပ်စက်ခိုင်းစားကာ နတ်ကွန်းဆောက်ခိုင်းတဲ့အကြောင်း ရသေ့ကြီးစိုးသောတိုင်းပြည်ဆိုတဲ့ အပိုင်းမှာ တွေ့ရပါတယ်။ အီဂျစ်ပြည်မှာ ဂျူးတွေဟာ နှိပ်စက်ခံရလို့ မြစ်ပြင်ကို နှစ်ပိုင်းခွဲပြီး အီဂျစ်ကနေ ထွက်လာတဲ့အကြောင်း သွားသတိရပါတယ်။ ဒီစာအုပ်မှာတော့ မြစ်ကိုဖြတ်ပြီးမှ ရသေ့ကြီးစိုးတဲ့ တိုင်းပြည်ကိုရောက်ပါတယ်။ ပြောင်းပြန်ပေါ့လေ။ 
တစ်အုပ်လုံးမှာ ပျင်းစရာအခန်းမပါပါဘူး။ စာရေးဆရာက ရယ်စရာတွေပါရောရေးထားတော့ တချို့နေရာတွေမှာ ဖတ်ရင်းနဲ့ အသံထွက် ရယ်မိပါတယ်။
၀ူခုံးတို့သုံးယောက်လုံးက ရေသံမကြားရဘူးလို့ ပြောနေပေမဲ့ ဆရာတော်က ကြားတယ်လို့ ဆိုပါတယ်။
ဒီတော့ ၀ူခုံးက ဆရာတော်ကို လမ်းသွားရင်းနဲ့ ဘာ၀နာရှုမှတ်သွားရင် ကြားမှာမဟုတ်ဘူးလို့ ဆရာစားပါတယ်။
အဲဒီလို သူတို့အဖွဲ့ စကားများလိုက် ပြဿနာတွေ ဖြေရှင်းလိုက်၊ မနိုင်ရင် အကူအညီတောင်းလိုက်နဲ့ပဲ ၁၄နှစ်ကြာ ခရီးကို ဖြတ်သန်းခဲ့ရပုံကို ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဇာတ်လမ်းအနေနဲ့လည်း ဘာမှမရှိ၊ အကြောင်းအရာအနေနဲ့လည်း ဘာမှမရှိ၊ ယုတ္တိရှိလားဆိုတော့လည်းမရှိ၊ ခရီးသွားမှတ်တမ်းလားဆိုတော့လည်းမဟုတ် ဒါပေမဲ့ စဖတ်ကတည်းက လက်က ချလို့မရအောင် ကောင်းတယ်လို့ပဲ ဆိုပါရစေ။ တတိယအုပ်ရောက်တဲ့အခါ တစ်ခု စိုးရိမ်လာပါတယ်။ ဘာလဲဆိုတော့ ဖတ်ရင်းနဲ့ ပြီးသွားမှာကိုပါ။ ပြီးခါနီးလေ ပြီးသွားမှာစိုးရိမ်စိတ်နဲ့ ဖြည်းဖြည်းချင်း ဖတ်မိပါတယ်။ ဖြည်းဖြည်းချင်း အလုပ်တစ်ဖက်နဲ့ဖတ်တာ စာအုပ်အစအဆုံး ၄ရက်ပဲ ကြာပါတယ်။ စာဖတ်မြန်သူ၊ အလုပ်ပစ်ပြီး ဖတ်မယ်ဆိုရင် ၁ရက် ၂ရက်နဲ့ ပြီးလောက်ပါတယ်။
ဗဟုသုတအရ မဟာယနဗုဒ္ဓဘာသာနဲ့ တရုတ်ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကို သိရတယ်လို့ ဆွဲပြီးပြောရင်တော့ ရပါတယ်။
ဘယ်လိုလူတွေ ဖတ်သင့်ပါသလဲ။ ငယ်ငယ်က ကာတွန်းကြိုက်ခဲ့တဲ့သူတွေ၊ ရုပ်ပြဖတ်ခဲ့တဲ့သူတွေ၊ သိုင်း၀တ္ထုကြိုက်တဲ့သူတွေ၊ သရဲစာအုပ်ဖတ်သူတွေ၊ မင်းသိင်္ခရေးတဲ့ စာအုပ်လိုမျိုးစာအုပ်တွေ ကြိုက်သူတွေ၊ ရွှေဥဒေါင်းနဲ့ ဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်တွေ ကြိုက်တဲ့သူတွေ၊ ဟယ်ရီပေါ်တာ ကြိုက်တဲ့သူတွေ၊ ဂရိပုံပြင်တွေစိတ်၀င်စားသူတွေနဲ့ စာအုပ်အထူတွေ စဖတ်မယ့်သူတွေ၊ ပေါ့ပေါ့ပါးပါးဂနၳ၀င်စာအုပ် ဖတ်ချင်တဲ့သူတွေ ဖတ်သင့်ပါတယ်။
ဘယ်လိုလူတွေ မဖတ်သင့်ဘူးလဲ။
ဗဟုသုတရမယ့်စာအုပ်မှ ဖတ်မယ့်သူတွေ၊ ရသစာပေမကြိုက်သူတွေ၊ လေးနက်တဲ့ဒဿနစာအုပ်တွေမှ စာအုပ်လို့ထင်တဲ့သူတွေ၊ အတွေးအခေါ်အသစ် ရချင်တဲ့သူတွေ၊ အပျော်ဖတ်စာအုပ်တွေလို့ ခွဲခြားတတ်သူတွေ၊ လက်ထဲမှာကျမ်းအထူကြီးတွေကိုင်ပြီး လူအထင်ကြီးစေချင်သူတွေ လုံး၀မဖတ်သင့်ပါဘူး။
ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ လူငယ်တွေ စာဖတ်စေချင်ရင် ဒီလိုမျိုးစာအုပ်တွေနဲ့ အစပြုပါ။ ဒီလိုမျိုးစာအုပ်တွေကို စာကြည့်တိုက်တွေမှာထားပါ။ ဒီလိုမျိုးစာအုပ်တွေက ကလေးနဲ့ လူကြီးကြားမှာ ပေါင်းကူးပေးမယ့်စာအုပ်တွေပါလို့ ညွှန်းဆိုပါရစေ။
ဒီစာအုပ်ဖတ်ပြီးတဲ့အခါ သိုင်းလောကစိန်ခေါ်သံစာအုပ်နဲ့ နဂါးနိုင်ဓားစာအုပ်တွေကိုပါ ပြန်ဖတ်ချင်မိတဲ့အတွက် ဒီလိုစာအုပ်တွေ ထပ်ထွက်နိုင်အောင် အရံှုးခံထုတ်ေ၀ကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်။
စာညွှန်းရေးသူ - Lynn Latt


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ