Book Image

လက်ဆောင် (နိုင်ငံတကာ ကဗျာတချို့)

မျိုးတေဇာမောင်


#လက်ဆောင်
(နိုင်ငံတကာ ကဗျာတချို့)
မျိုးတေဇာမောင်
၂၀၁၇၊ မတ်၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၀၀၀ ကျပ်
ကျော်မွှေးစာပေ
09 505 7791


#စစ်ဦးစီးချုပ်


သူကတော့ ထောင့်မျိုးစုံမှာ ပုန်းနေပြီး
ဆက်သွယ်ရေးစက်တွေနဲ့ ပေါက်၊ အမိန့်တွေ ပေးတယ်
သူပြောတဲ့ တာဝန်ဆိုတဲ့ဟာအတွက်
သေဖို့။ ။

Kairm Radh ရဲ့ Chief of Staff 


#စစ်သား

ပြေးနေတဲ့ သူ့ကို ကြည့်စမ်း
ဘွတ်ဖိနပ်က လူကို ဝတ်ဆင်လို့။ ။

Kairm Radh ရဲ့ Soldier


#စစ်တိုက်တဲ့ည

လဟာ ငါတို့ကို မမြင်ရဘူး
သူ့မျက်နှာပေါ်က မီးခိုးတွေကို သုတ်ပစ်ဖို့
သူ့မှာ လက်တွေမှ မရှိတာ။ ။

Kairm Radh ရဲ့ Nights of War


#အာဇာနည်စစ်သည်

ဒဏ္႑ာရီ ပုံပြင်တွေက
သူ့ရနံ့ကို စောဒကတက်လာတဲ့အခါ
သူ့ကို ကောင်းကင်ဘုံကနေ မောင်းထုတ်လိုက်တယ်။ ။

Kairm Radh ရဲ့ War Martyr


#ဒုံးကျည်

တိုက်ကြီးတွေကို ဖြတ်သန်းလာတဲ့ ဒုံးကျည်
မင့်ရဲ့ စိတ်ကြီးဝင်မှုတွေ ပြုတ်ကျသွား
အို . . . မင့်ရှေ့မှာ
အရေးအသားကောင်းသလောက် ဈေးသက်သာတဲ့
စာအုပ်ပါးပါးလေးတစ်အုပ်လည်း
ဖြတ်သန်းလာပေါ့။ ။

Kairm Radh ရဲ့ Missile


#ယိုးမယ်ဖွဲ့ခြင်း

လွတ်မြောက်မှုကို နာမည်တပ်ပြီး တစ်ကြိမ်
အမိမြေရဲ့ နာမည်နဲ့ တစ်ကြိမ်
အမျိုးသားရေး နာမည်နဲ့ တစ်ကြိမ်
ဘာသာ သာသနာ နာမည်နဲ့ တစ်ကြိမ်
စစ်ပွဲမှာ နာမည်မရှိဘူး
စစ်ပွဲဟာ နာမည်တွေကို အဆုံးမရှိ ငှားနေတော့တယ်။ ။

Kairm Radh ရဲ့ Pretext


နိုင်ငံတကာ ကဗျာဆရာ ၂၅ ဦးရဲ့ ကဗျာ ၅၂ ပုဒ်ကို စုစည်းထားတဲ့စာအုပ်ပါ။ ကဗျာဆရာတွေရဲ့ကိုယ်ရေးအကျဉ်းကိုလည်း ကဗျာတွေနဲ့ တွဲဖက်ဖော်ပြထားပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကဗျာ ၆ ပုဒ်ကတော့ ဘာရိန်းနိုင်ငံသား ကဗျာဆရာ ကရင်းမ် ရားဒ်ဟ်ရဲ့ကဗျာတွေ ဖြစ်တယ်။

စာအုပ်နာမည် ပေးထားပုံ ဆွဲဆောင်မှုမရှိတာနဲ့ မျက်နှာဖုံးက လွဲလို့ ကျန်တာတွေ အဆင်ပြေတယ်။ ဒီစာအုပ်ထဲက တခြားကဗျာဆရာတွေရဲ့ ကဗျာတချို့ကို ကျွန်တော် ခုနက ပို့စ်တစ်ခုတင်ကာ ညွှန်းခဲ့ပြီး ဖြစ်ပါတယ်။

#လက်ဆောင်
(နိုင်ငံတကာ ကဗျာတချို့)
မျိုးတေဇာမောင်
၂၀၁၇၊ မတ်၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၀၀၀ ကျပ်
ကျော်မွှေးစာပေ
09 505 7791

#လူသာမန်
12.4.2018; 10:22 pm


Publisher Name: ကျော်မွှေးစာပေ

Publisher Address: အမှတ် ၉၅(၆)လွှာ၊အောင်ဇေယျလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 095057791

Publisher Phone Number: 095057791


Related Books