Book Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်

စာအုပ်အမည် -ခြေသလုံးအိမ်တိုင်ဂတ်ဂျစ် 

ရေးသူ - အောင်ကျော်
၂၀၁၈ ဧပြီလ မှာ စိတ်ကူးချိုချို မှ ပထမအကြိမ် ထုတ်ဝေပါတယ်။
စာအုပ်တန်ဖိုးက ၄၀၀၀ ကျပ် ။
 


၂၀ ရာစု အနောက်တိုင်း ဂန္ဓာရီနယ်ပယ်မှာ ပေါ်ထွန်းခဲ့တဲ့ ပုဂိ္ဂုလ်ထူးတွေထဲမှာ ဂတ်ဂျစ်လဲ အပါအဝင်ဖြစ်တယ်။ဂတ်ဂျစ်ကို ၁၈၂၇ မှာမွေးတယ်။

၁၉၄၉ မှာ ကွယ်လွန်တယ်။ ရုရှားနိုင်ငံ အာမေးနီးယန်းမှာမွေးဖွားပြီး ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေထိုင်တဲ့ လူမျိုးနွယ်တခုက သူ့မျိုးရိုးဖြစ်တယ်လို့ စာအုပ်အစမှာပါရှိတယ်။ 
ဒီစာအုပ်ကတော့ ဂတ်ဂျစ်ရဲ့ ဘဝဇာတ်ကြောင်း ကို ရေးပြထားတာတော့မဟုတ်ဘူး။ သူတွေ့ကြုံခဲ့ရတဲ့ ပုဂိ္ဂုလ်ထူးတွေရဲ့ အကြောင်းတွေကို ရေးပြထားတာပါ။ 
သူ့ဘဝရဲ့ လှည့်လည်သွားခဲ့တဲ့အချိန်တွေမှာ သူထူးထူးခြားခြားတွေ့ကြုံရတာတွေအများကြီးရှိခဲ့တယ်။လူတွေကသူ့ကိုမေးကြတဲ့အခါ ဘယ်သူတွေကိုတွေခဲ့သလဲ ၊ ဘာတွေထူးထူးခြားခြားကြုံခဲ့ရသလဲ၊ ဝိဉာဉ်ဆိုတာရှိသလား၊ဝိဉာဉ်ကမသေဘူးဆိုတာဟုတ်သလား ၊ လူရဲ့ဆန္ဒတန်ခိုးကတကယ်ထက်မြက်သလား၊ ဘဝဆိုတာဘာလဲ ၊ အိပ်မွေ့ချတယ်ဆိုတာဘာလဲ စိတ်ချင်းဆက်သွယ်တယ်ဆိုတာဟုတ်သလား စတဲ့ စတဲ့ မေးခွန်းတွေကိုဖြေဆိုဖို့ ဘယ်ပုဂိ္ဂုလ်ထူးတွေနဲ့တွေ့ခဲ့သလဲ ဆိုတာကို အရင်ဆုံးရေးပြဖို့ ဂတ်ဂျစ်ကဆုံးဖြတ်ခဲ့ပါတယ်တဲ့။ အဲ့မေးခွန်းကိုဖြေရင်းနဲ့ ကျန်တဲ့မေးခွန်းတွေကိုပါ ကျွဲကူးရေပါဖြေဆိုပြီးသားဖြစ်မယ်၊ သူ့ဘဝအကြောင်းကိုလဲပြောပြပြီးသားဖြစ်မယ်လို့ သူက အမှာစာမှာ ရေးခဲ့တယ်။
ဒီစာအုပ်မှာတော့ ဂတ်ဂျစ် ကြုံခဲ့ရတဲ့ ပုဂ္ဂိုလ် ဆယ့်တစ်ယောက်အကြောင်းကို ဖတ်ရှုရပါမယ်။ သူပြောသလိုပဲ သူများအကြောင်းရေးရင်းနဲ့ သူ့အကြောင်းကိုပါ အတော်အတန်သိရပါလိမ့်မယ်။
အချို့အကြောင်းတွေက စိတ်ဝင်စားစရာအတော်ကောင်းတယ်။အချို့အကြောင်းတွေက ရယ်စရာကောင်းတယ်။ အချို့အကြောင်းတွေက ကျနော်တို့မှတ်ယူထားတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာမျိုးကိုလဲတွေ့ရပါလိမ့်မယ်။ ဒါထက်ပိုပြီးသိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကိုဖတ်ရှုဖို့ပဲပြောချင်ပါတယ်။
ကောင်းသည်မကောင်းသည်ဆိုတာထက် ဖတ်ရတဲ့အချိန်တွေအလဟသမဖြစ်စေနိုင်ပါဘူးလို့ ပြောချင်ပါတယ်။

စာညွှန်းရေးသူ- Linnsak Hmu


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ