Book Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)

မူရင်းစာအုပ်​အမည်​ - Percy Jackson & The Olympians : The Lightning Theif
မူရင်းစာရေးဆရာ - Rick Riordan
ဘာသာပြန်စာအုပ်အမည် - ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ
ဘာသာပြန် စာ​ရေးဆရာ - ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
အမျိုးအစား - Fantasy Novel Series ( First Book )
ထုတ်​ဝေသည်​့တိုက်​ - Phoenix Kingdom
ထုတ်​ဝေသည်​့အကြိမ် - ပထမ
ထုတ်​ဝေသည်​့ကာလ - 2017 March
စာမျက်​နှာ - 324 
တန်​ဖိုး - 4000 ကျပ်


'ပါစီတစ်ယောက် ဘယ်သောအခါမှ "သွေးနေှာသူ" မဖြစ်ချင်ခဲ့ပေ။ သွေးနေှာသူတစ်ယောက်၏ ဘဝသည် အန္တရာယ်များပြားကာ ကြောက်စရာကောင်းပြီး များသောအားဖြင့် ဆိုးဆိုးရွားရွားသေဆုံးခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။' (စာမျက်နှာ ၁)

စာအုပ်အကြောင်းမပြောခင် Fantasy စာပေအကြောင်း နည်းနည်းလေရှည်ပါရစေ။ ပါစီဂျက်ဆန်က Fantasy စာအုပ်မို့ ဖတ်ဖူးတဲ့ Fantasy စာအုပ်တွေအကြောင်း စားမြုံ့ပြန်ကြတာပေါ့။ 

Fantasy စာအုပ်စာပေဆိုရင် ချက်ချင်း မျက်စိထဲ တန်းမြင်ကြမှာ အဒေါ်ကြီး J.K.Rowling ရဲ့ Harry Potter ပါပဲ။ ဟုတ်ပါတယ်။ H.P ဟာ Fantasy စာပေလောကရဲ့ သမိုင်းတလေှျာက် အအောင်မြင်ဆုံး စာအုပ်စီးရီးဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ H.P မတိုင်မီ Fantasy စာအုပ်တွေ ထွက်ခဲ့ဖူးပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ဘာသာပြန်တဲ့ နှစ်လောကတိုက်ပွဲဟာ Fantasy ပါ။ ဝူခုန်းဟာလည်း Fantasy ပါ။  နောက်ဆုံး သိုင်းဝတ္ထုတွေဟာလည်း Fantasy တွေပါပဲ။ လက်တန်းရေးတာမို့ ကျန်ခဲ့တာတွေ ရှိမှာပါ။ ဆိုရရင် အများကြီးရှိခဲ့တဲ့အထဲက H.P ဟာ Fantasy လောကမှာ နေလိုလလို ထင်ရှားခဲ့တာပေါ့။

"ပါစီဂျက်ဆန်နှင့်အိုလံပစ်နတ်ဘုရားများ"စာအုပ်အတွဲက ပထမစာအုပ်ဖြစ်တဲ့ "မိုးကြိုးခိုးသူ"ဟာလည်း Fantasy လောကရဲ့ အအောင်မြင်ဆုံး H.P ရဲ့ လွွမ်းမိုးမွုနဲ့ မကင်းပါဘူး။ H.P မှာ မင်းသားရယ် သူ့သူငယ်ချင်း ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းကို ခင်းကျင်းထားတဲ့အတိုင်း P.J မှာလည်း တသဝေမတိမ်းလိုက် ခင်းကျင်းထားပါတယ်။ ဟယ်ရီ၊ ဟာမိုင်ယွန်းနီး၊ ရွန် သူငယ်ချင်းသုံးယောက်နေရာမှာ ပါစီရယ် အန်နာဘတ်ရယ် ဂရိုဗာရယ်ပေါ့။ H.P နဲ့ P.J တူတာရှိပေမယ့် အဓိကကွဲလွဲချက်အနေနဲ့ H.P က မေှာ်လောကထဲမှာ ဇာတ်လမ်းကို အခြေတည် တည်ဆောက်ပြီး P.J က လူ့လောကထဲမှာပဲ ဇာတ်လမ်းကို အဓိကထားရေးဖွဲ့ထားပါတယ်။ 

နောက်တစ်ချက်က အိုလံပစ်နတ်ဘုရားများဆိုတဲ့ ခေါင်းစဉ်ပါ။ P.J ထဲက ဇာတ်ကောင်တွေက ဂရိနတ်ဘုရားတွေရဲ့ သားသမီးတွေနဲ့ ဂရိဒဏ္ဍာရီထဲက ဇာတ်ကောင်တွေ။ ပါစီဆိုရင် ပိုဆိုက်ဒွန်ရဲ့သား၊ အန်နာဘတ်ဆို အက်သီနာရဲ့သမီး၊ ဂရိုဗာက ဆေတာလို့ခေါ်တဲ့ ဆိတ်တစ်ပိုင်းလူတစ်ပိုင်း သတ္တဝါ။ ဂရိဒဏ္ဍာရီထဲက ဆင်းတော၊ တိုက်တန်၊ မီနိုတော၊ မက်ဒူဆာ၊ ဖြူရီ၊ အက်ချက်ဒနာ အစရှိသူတွေ စာအုပ်ထဲမှာ ထည့်ပြီး ဇာတ်လမ်းဆင်ထားပါတယ်။ 

ပါစီဂျက်ဆန်နှင့် မိုးကြိုးခိုးသူကို သဘောကျမိတဲ့အကြောင်းတွေထဲက တစ်ချက်က ဒီလိုအချက်တွေကြောင့်ပဲ။
#ခိုင်ရွန် "အိုလံပက်စ်တောင်က ဂရိမှာရှိတယ်.. နတ်ဘုရားတွေရဲ့ နန်းတော်ကလည်း တချိန်က အဲဒီနေရာမှာ ရှိခဲ့ဖူးတယ်။ နတ်တွေတော့ အဲဒီမှာ မရှိတော့ဘူး"
#ပါစီ "ဟမ် .. ဂရိ နတ်ဘုရားတွေက အမေရိကကို ရောက်လာပြီလို့ ပြောချင်တာလား"
#ခိုင်ရွန် "ဟုတ်တယ်၊ နတ်ဘုရားတွေက ဒီကိုပြောင်းလာပြီ၊ အနောက်ပိုင်းမြို့ပြစနစ်နဲ့ လူတွေရဲ့ တစိတ်တပိုင်းမှာ နတ်ဘုရားတွေလည်း အမြဲပါတယ်၊ ဒီတော့ ဒီမြို့ပြတွေ ရှိနေသရွေ့ နတ်ဘုရားတွေလည်း ရှိနေဦးမှာပဲ၊ ဂရိမှာ စ ခဲ့ပေမယ့် နောက်ပိုင်း ရောမကို ရောက်လာခဲ့သလိုပဲ၊ ဇုစ်ကို ဂျူပီတာလို့ပြောင်းခေါ်ခဲ့ပေမယ့် ဒီနတ်ဘုရားတွေပဲ"
#ပါစီ "သူတို့က သေမသွားဘူးလား"
#ခိုင်ရွန် "ဟင့်အင်း၊ နတ်ဘုရားတွေက အကြီးဆုံးမြို့ပြနဲ့အတူ နေရာရွေ့သွားကြတယ်၊ အင်္ဂလန်မှာ ရာစုအတော်ကြာတယ်၊ အခု အမေရိကရောက်နေကြတယ်၊ အကြီးမားဆုံးမြို့ပြဖြစ်လာတဲ့ အမေရိကန်မှာ အိုလံပက်စ် ရှိနေတယ်၊ ဒီတော့ ငါတို့လည်း ဒီရောက်လာတယ်" (စာမျက်နှာ ၅၈-၅၉)

#ပါစီ "ကျွန်တော် ဓား ဆွဲထုတ်နေတာ လူတွေမြင်ရင် ဘယ်လိုလုပ်မလဲ"
#ခိုင်ရွန် "လူတွေရဲ့ကမ္ဘာထဲကို မိစ္ဆာ ဒါမှမဟုတ် နတ်တွေနဲ့ ဆိုင်တာ တစ်ခုခုဝင်လာခဲ့ရင် သူတို့ဆီက မြူတွေ ထွက်လာတယ်၊ အဲ့ဒါက လူတွေ အမြင်ကို တားဆီးနိုင်တယ်၊ မင်းကတော့ နတ်သွေးနေှာသူဆိုတော့ အမှန်အတိုင်း မြင်မှာပေါ့၊ လူတွေက ဒီအတိုင်းမမြင်ဘူး၊ လူတွေက သူတို့မှန်တယ်ထင်တာကိုပဲ မြင်ကြတာ တော်တော်အံ့ဩစရာကောင်းတယ်" (စာမျက်နှာ ၁၂၆)

ရဲကားသံများပို၍ ကြားလာရ၏။ ပါစီရေထဲဆက်ဆင်းသွားသော်လည်း အေးရီးစ်မှာ အလွန်မြန်ဆန်ပြီး သူ့ဓားဖျားက ပါစီ့လက်မောင်းကို ဆွဲခြစ်မိသွားသည်။ 
ထိုအချိန်တွင် ရဲမှ အသံချဲ့စက်ဖြင့် "သေနတ်ချလိုက်၊ မြေကြီးပေါ် ခုချထားလိုက်" ဟုပြောသံကို ကြားလိုက်ရသည်။ အေးရီးစ်နှင့် ပါစီ့လက်ထဲမှ ဓားများကို လူတွေ ဘယ်လိုမြင်သလဲ မသေချာသော်လည်း ပါစီမြင်သလို မမြင်သည်ကတော့ သေချာသည်။ (စာမျက်နှာ ၂၈၄)

မိုးကြိုးခိုးသူစာအုပ်ရဲ့ ဇာတ်အကျဉ်းကတော့ ပါစီဂျက်ဆန်က ဆေတာနဲ့ အန်နာဘတ်ရဲ့ အကူအညီနဲ့ အမေရိကန်နိုင်ငံကို ဖြတ်ကျော်ခရီးနှင်ပြီး ဇုစ်နတ်မင်းကြီးရဲ့ ပျောက်ဆုံးသွားတဲ့ မိုးကြိုးလက်နက်ကို ခိုးသူကို ဖမ်းဆီးပေးဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မှာ သူတို့ဟာ ဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေရဲ့ တားဆီးမွုကို ခံရတယ်၊ ငရဲပြည်ကိုလည်း ရောက်ခဲ့တယ်၊ မွေးကတည်းက တစ်ခါမှ မမြင်ဖူးတဲ့ သူ့အဖေနဲ့လည်း တွေ့ခဲ့ရတယ်။ ခရီးမထွက်ခင် ဟောကိန်းထဲကအတိုင်းပဲ သူ့သူငယ်ချင်းတစ်ဦးရဲ့ သစ္စာဖောက်မွုကိုလည်း ရင်ဆို်ုင်ရတယ်။ Fantasy ဇာတ်လမ်းတွေကို နှစ်သက်စွဲလမ်းပြီး စာအုပ်အသစ်တွေ တောင့်တသူတွေအတွက် အလွန်ကို ဖတ်ရတာ အဆင်ပြေစေမယ့် စာအုပ်ပါပဲ။ 
Rating - 7/10
------------------------
Review by Ko Hay Mann Hla Win @ Moe Thar Latt
10.May.2018 (23:45)

#ဘာသာပြန်ဖတ်ညွွန်း
#savethelibrary


Publisher Name: Phoenix Kingdom


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

မိစာၦ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မေှာင်​​သောအလင်​း

လင်​းတင်​့သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ