Book Image

ခါကာဘိုခရီးသည်

ယိမ်းနွှဲ့ပါး

ယိမ်းနွှဲ့ပါး(ခါကာဘိုခရီးသည်)

******************
ထုတ်ဝေသည့်တိုက်-နန်းဒေဝီစာပေ
ထုတ်ဝေသည့်ခုနှစ်-၂၀၀၈ခုနှစ်နှိဝင်ဘာလ ပထမအကြိမ်
တန်ဖိုး-၅၀၀၀ကျပ်

"ဟိုရှေ့ကဆူဆူညံ
ဘာသံလဲမေး..?
နန်းပန်းခယံအိုးစည်ဝိုင်းနဲ့
ဓါးသိုင်းတဲ့လေး..
ဟိုရှေ့ကခေါင်းပေါင်းဖြူ
ဘယ်သူလဲမေး....
အာကီဝါဆလံများနဲ့
ဒူဝါတဲ့လေး....
အပန်းငှယ်ပြေစရာ
ဘာပါလဲမေး....
တောင်ခြေမှာခေါင်ရည်အိုးပေါ့ ရိုးရာကွဲ့လေး...
မီးပုံကြီးပတ်ပတ်ရံ
ဟန်ညီလှသေး...
ဘယ်ယိုင်ကာညာကိုနင်းမယ် မင်းလိုက်ခဲ့လေး....
လောခူဆိုခေါင်တကျိုက်
တကျိုက်လောက်ရိူက်ကာယူ
ဂျိန်းဖေါပျိုဖြူမျက်နှာတော်...
ရူံးလိမ့်မြို့သူပြွေနက်ကကြူ
လူပုံကဝေလေလေ
ခေါင်တန်ခိုးပေထင့်
နေအရုဏ်တောင်ယံတဝိုက်မှာ ဆွေအစုံအောင်လံစိုက်တော့ ပဒေါင်မရေ.ကလိုက်ချင်သေး"။
ဟုတ်ပါတယ်အပေါ်ကကဗျာလေးကတော့"ဂျိန်းဖေါပွဲတော်"ဆိုတဲ့ကဗျာလေးပါ။

အခုညွှန်းပေးချင်တဲ့ စာအုပ်လေးကတော့ ၂၀၀၈ခုနှစ်နှိဝင်ဘာလမှာတန်ဖိုး၅၀၀၀ကျပ်နဲ့ပထမဆုံးအကြိမ် English Versionအနေနဲ့ကတော့အောက်တိုဘာ၂၀၁၂ခုနှစ်မှာတန်ဖိုးခုနှစ်မှာ ၅၀၀၀ကျပ်နဲ့ပဲပထမဆုံးအကြိမ် အဖြစ်နန်းဒေဝီစာအုပ်တိုက်ကနေversion ၂မျိုးနဲ့ဖြန့်ချိထားတဲ့ယိမ်းနွှဲ့ပါးရဲ့ ခါကာဘိုခရီးသည်စာအုပ်လေးပါ။
 


ကမ်ဘာပေါ်မှာအမြင့်ဆုံးတောင်ကဧဝရတ်တောင်ဖြစ်ပြီး တော့အရှေ့တောင်အာရှမှာအမြင့်ဆုံးတောင်ကတော့ ပေပေါင်း၁၉၂၉၆ပေမြင့်တဲ့"အထန်ဘွမ်း"ခေါ်(ကချင်ပြည်နယ်သူ/သားများအခေါ်)မြန်မာတို့ရဲ့သဘာဝအလှတရားတခုဖြစ်တဲ့ ခါကာဘိုရာဇီတောင်ဘဲဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြီးစတင်မြစ်ဖျားခံရာ ဤခါကာဘိုရာဇီရေခဲတောင်ကြီးပတ်ဝန်းကျင်နယ်မြေကလဲ မြန်မာနှိင်ငံရှိအခြားသောဒေသများနှင့်မတူအစစအရာရာတမူကွဲပြားထူးခြားလှပလျက်ရှိပါတယ်။သဘာဝအတိုင်းမပျက်စီးမယိုယွင်းသေးတဲ့ဒီဒေသထဲက နမ့်တမိုင်မြစ်ဝှမ်းပေါ်က ပန်နမ်းဒင်ဆိုတဲ့ရွာလေးမှာဆတေတင်ရုတို့ မိသားစုနေထိုင်ပါတယ်။နမ်တမိုင်မြစ်ဝှမ်းဆိုတာဧရာဝတီမြစ်ရဲ့ တကယ့်မြစ်ဖျားခံရာမြန်မာနှိင်ငံရဲ့မြောက်ဘက်အစွန်ဆုံးအပိုင်းဒေသကိုခေါ်တာပါ။မြန်မာအခေါ်မေခအမှန်ဂျင်းဖေါအခေါ်အားဖြင့်အင်မိုင်ခလို့ အမည်တွင်ဖို့အတွက်အာကျန်/တရုံဝမ်/နမ်တမိုင်ဆိုတဲ့မြစ်ကြီးသုံးသွယ်ပေါင်းပြီး အင်မိုင်ခဖြစ်လာတာပါ။
  ခုနကကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့တိဗတ်ကြီးဆတေးတင်ရုဟာအသက်၆၄နှစ်ဇနီးဖြစ်သူ ရင်ချေဒဒရဲမားနဲ့စုစုပေါင်းသားသမီး၇ဦး ရှိတဲ့တိုင်းရင်းသားကြီးကြီးမာစတာတယောက်ပေါ့။သူကတိဗတ်နွားနဲ့သိုးတွေအများကြီးပိုင်ပြီး ခရိုနီလေ။ကုန်ပစ္စည်းတွေနဲ့သမီးတွေကိုစိတ်မချဘဲမျိုးနွယ်တူတိဗတ်တွေနေတဲ့စိန်ခူးဝမ်မြစ်ဝှမ်းဒေသမှာမနေဘဲထလုအမျိုးသားတွေအနေများတဲ့တာရူထုရွာ အထက်နားကကလင်ဒမ်းလို့ခေါ်တဲ့ကုန်းမြင့်အရပ်မှာတသီးတခြားဂျုံ ယာခင်းတွေစိုက်ပြီးနေပါတယ်။
 ဆတေးတရုရဲ့အချစ်ဆုံးသမီးကြီးကတော့အင်နာဒရဲမားဖြစ်ပြီးတော့အငယ်ဆုံးသမီး၁၈နှစ်အရွယ်အင်နားဒရီမားကိုတော့သူဆတေးတင်ရုကတိဗတ်ဇူးခေါ်နွားအုပ်တွေကိုထိန်ခိုင်းပါတယ်။(အင်နာဒရဲမားကဆတေးတင်ရုရဲ့အချစ်ဆုံသမီးပါကျန်တဲ့သားသမီးခြောက်ယောက်ကတော့သူကဖုတ်လေတဲ့ငပိလိုသဘောထားတာ)တနေ့ညနေစောင်းဆီးနှင်းတွေကျပြီးရေခဲမိုးတွေရွာတဲ့အချိန်အင်နားဒရီးမားနွားကျောင်းနေတဲ့တောင်ကုန်းပေါ်ကနွားတင်းကုပ်တံခါးကိုအတင်းဖွင့်ပြီးယိမ်းယိုင်ကာဟပ်ထိုးလဲကျသွားတဲ့ဆန့်ကျင်ဘက်ဒုက္ခသည်ယောကျ်ားတယောက်ရောက်လာတဲ့အခါအဖိုဆိုရင်ယင်ဖိုတောင်မသမ်းဖူးတဲ့အင်နားဒရီးမားရဲ့နောက်ဆက်တွဲပြောင်းလဲသွားတဲ့ဘဝအကြောင်းကိုသိချင်ရင်တော့ယိမ်းနွှဲ့ပါးစစ်တံခွန်အဖွဲ့ခေါင်းဆောင်(ဗိုလ်မှူးကြီးစောမြင့်-ငြိမ်း)ရဲ့နယ်ခြားကိုယ်တွေ့ခရီးစဉ်များဖြစ်တဲ့ခါကာဘိုခရီးသည်စာအုပ်မှာဆက်လတ်ရူစားကြပါခင်ဗျာ။

အရောင်အသွေးစုံလင်လှပတဲ့ မြန်မာ့ရေမြေတောတောင်ဘဘာဝတွေနဲ့ တအူထုံဆင်းသွေးရင်းမောင်နှမတွေရဲ့ချစ်စရာ ဓလေ့ထုံးစံတွေ ကိုချစ်ခင်မြတ်နိုးတက်စေဖို့နဲ့ ကိုယ့်မြေကိုယ့်ရေကိုထိန်းသိမ်းကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး ဒီစာအုပ်ကိုရေးသားပေးခဲ့တဲ့ ယိမ်းနွှဲ့ပါးရဲ့အမြင်တွေကိုလဲလေ့လာနိုင်ပါတယ်

#ခရီးသွားစာပေအညွန်း
#Savethelibrary

Mann Shar Htut Phoung
9:48p.m
Fri,1 September
ခရီးသွားဆောင်းပါးများ

၁။လျပ်တပြတ်ဂျပန် #မင်းကျော်
၂။ကမ်ဘာလှည့်သခင်ကိုယ်တော်မှိုင်း #ဝိဒူရသခင်ချစ်မောင်
၃။ဝိုးတဝါးပါရီနှင့်ငြိမ်းချမ်းရေးခရီးသည် #သိန်းဖေမြင့်
၄။ံမြစ်ဖျားဧရာရောင်စုံဖြာ #သိန်းဖေမြင့် 
၅။စစ်အတွင်းခရီးသည် #သိန်းဖေမြင့်
၆။ဂျပန်ပြည်တခေါက်#လူထုဦးလှ
၇။ကမ်ဘာပတ်လည်ရက်ရှစ်ဆယ်(မူစုံ)
၈။ကမ်ဘာတပတ် #ရန်ကုန်မျိုးသန့်
၉။မြစ်ဧရာနှင့်ယန်စီ #ရဲတင့်
၁၀။ရှမ်းပြည်တခွင်ခြေလျင်ခရီး #ရောင်နီ
၁၁။ သိကောင်းဘွယ်ရာရှမ်းပြည်မှာ #ကမေ်ဘာဇမြင့်လွင်
၁၂။မော်စကိုမှရန်ကုန်သို့ #မန်းတင်
၁၃။ပညာရှင်တို့ပျော်ရာမြေ #စိမ့်မောင်
၁၄။အနောက်၏တစွန်းတစ #ဗိုလ်ထိန်လင်း
၁၅။အနောက်ဂျာမဏီတခွင်အတွေ့အမြင် #လှသမိန်
၁၆။ချစ်ကြည်ရေးခရီးသည် #သိန်းဖေမြင့်
၁၇။နေရစ်တော့ခေတ်ဟောင်း #သိန်းဖေမြင့်
၁၈။ ကျွန်တော်ကြုံဘူးသောကမ်ဘာ #သိန်းဖေမြင့်
၁၉။ အဏ္ဏဝါခရီးသည်နှင့်ပုလဲဒေဝီ #သိန်းဖေမြင့်
၂၀ ။ကမ်ဘာလှည့်ဆောင်းပါးပေါင်းချုပ် #ဒဂုန်ခင်ခင်လေး
၂၁ ။မြဘုရားရှေ့ဝယ် #မြင့်ဦး
၂၂။သူတို့ကမ်ဘာ #ထွန်းနေနွယ်
၂၃။အထင်နှင့်အမြင် #ထွန်းအံ
၂၄။ဌာနေကအမေရိကန်တွေ #တက်တိုး
၂၅။ ပါကစ္စတန် #စံလွင်
၂၆။ ဘိလပ်ပညာတော်သင်ဘဝ (ကလောင်စုံ)
၂၇။အောက်စ်ဖို့ဒ်တက္ကသိုလ်ခရီးသွားမှတ်တမ်း #သိပ္ပံမောင်ဝ
၂၈။အနောက်သို့အလည်အပတ် #ပြည့်စုံ 
၂၉။ ကိုယ်တွေ့တရုတ်ပြည်သစ် #ရွှေဥဒေါင်း
၃၀။ဧရာဝတီ ယန်စီ ဗော်လဂါ #ဒဂုန်တာရာ
၃၁။အရှေ့ကမ်ဘာသို့ခရီးသွားခြင်း #သတိုးလွင်
၃၂။ပုံတောင်ပုံညာသွားတောလား #မြသန်းတင့်
၃၃။အညာဆမ့စာပေခရီး #မောင်ဆန္ဒ
၃၄။သံလွင် ဒုဌဝတီ ရွှေလီရုပ်ပုံလွှာ #မြသန်းတင့်
၃၅။ရာဇဂြိုဟ် #မင်းယုဝေ
၃၆။ပုံတောင်ပုံညာခရီးသည် #တင်မြင့်
၃၇။ကုသိနာရုံ #မောင်စိုးမောင်
၃၈။လိုက်ကြမလားအညာဘုရားဖူး #အံမောင်
၃၉။ရန်ကုန်မှမော်စကို #တက္ကသိုလ်ကျော့ရှင်း
၄၀။ချင်းတွင်းမှပင်လယ်သို့ #လုထုဒေါ်အမာ
၄၁။ မြောက်ဘက်တောင်ကုန်းဒေသမှအပြန် #မြသန်းတင့်
၄၂။ခရီးသွားဆောင်းပါးများ #မောင်မဲ
၄၃။သီတာခုနှစ်တန်တောင်စဉ်ခုနှစ်ထပ် #နတ်နွယ်
၄၄။တောတောင်ရေမြေဘိုးဘွားအမွေ #သိန်းဖေမြင့်
၄၅။မြစ်ကိုဖြတ်၍တောကိုဝင် တောင်ကိုတက် #နတ်နွယ်
၄၆။ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရိပိုဗေးနှင့် အီကွေတာညများ #မြသန်းတင့်
၄၇။ကျွန်းဦးတည့်သံလျက်ခုံ #ဒဂုံခင်ခင်လေး
၄၈။ပါရီသို့မဟုတ်အလင်းမြို့တော် #ဖိုးသော်တာ
၄၉။ဒစ်စနေးလန်#မြန်မာ့အလင်းဦးစိုးမောင် 
၅၀။ရန်ကုန်ဘန်ကောက်မှရွှေတြိဂံသို့ #မောင်နေဝင်း
၅၁။ဟောင်ကောင်နွေဦးညများ #ကျော်အောင်
၅၂။ခါကာဘိုခရီးသည် #ယိမ်းနွဲ့ပါး
၅၃။ခရီးသည် #ဇော်ဂျီ၊မင်းသုဝဏ်
၅၄။ဧဝံမေသုတံ #အောင်ဗလ
၅၅။ခရီးသွားစာပေစာတမ်းများ ပ+ဒု 
၅၆။အရှေ့မြောက်တိုင်းတခွင် #သိန်းဖေမြင့်
၅၇။ယိုးဒယားပြည်မှာငါးနှစ်ကြာ #ဂျော်လီစိန်
၅၈။အရှေ့လေတိုက်သောအခါ #မြသန်းတင့်
၅၉။အင်ဒိုနီးရှားအနောက်မှအရှေ့သို့ #လူထုဦးလှ
၆၀။ကမ်ဘာနီတွင်တဒင်္ဂ #ဦးဝင်းတင်
၆၁။ခြေမျာစကား လက်ဗျားကဗျာမျက်နှာဇတ်လမ်း #ဦးဝင်းတင်
၆၂။ ပါရီခရီးသည် #ဝင််းပ
၆၃။ပညာသင်ဘ၀ နေ့စဉ်မှတ်တမ်း #ကျော်ဦး
၆၄။ယေးတက္ကသိုလ် ခရီးသည်
#ဗိုလ်ဗကို 
၆၅။စာရာမေတိခရီးသည် ခေါ်နုစုမ်မှ ပန်းမုဆိုး #ချစ်ကိုကို...
၆၆။အီဂျစ် နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား #ချစ်ဦးညို
၆၇။သံကြီး တမန်ကြီး #မန်းတင်
၆၈။သိဂါၤနဒီ မြန်ပြည်မြောက်ဖျားသို့ #မင်းခေါင်ဦး..
၆၉။ ပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်တမ်း #ကင်းဝန်မင်းကြီး
၇၀။ တရုတ်နိုင်ငံသွားနေ့စဉ်မှတ်တမ်း #ဒေါက်တာလှဘေ
၇၁။ ဘင်္ဂလားသွားစာတမ်း #ဦးဖေမောင်တင်၊ဒေါ်ကြန် /တည်း
၇၂။ကိုရင်တာ၏တောလားများ #ကိုတာ
၇၃။ခရီးသွားစာပေ #ဦးဝင်းတင်
၇၄။ကျွန်တော်မြင်သည့်တရုတ် -မြန်မာနယ်စပ် မြို့ရွာများ #ဘီဇက်ဇော်လီ
၇၅။ဧရာဝတီ #တိုက်စိုး
၇၆။ဝိသေသတိုင်းသမိုင်းအစ #သိန်းဖေမြင့်
၇၇။အညာပြန် #သိန်းဖေမြင့်
၇၈။ဆိုရှယ်လစ်တိုင်းပြည်များသို့ #လူထုဒေါ်အမာ
၇၉။ကျေးတရာရသစာစုများ #ခင်ခင်ထူး
၈၀။ကျနော်မစ္စတာဘာမား #ဒေါက်တာခင်မောင်ညွန့်
၈၁။တောများ၊တောင်များ၊မြစ်များ၊နူးညံဆင်ခြေလျှောများ #နေဝင်းမြင့်
၈၂။ချင်းတွင်း မဲဇာ ကတ္တီပါအစိမ်း #နေဝင်းမြင့်
၈၃။ဖာဟီယန်ခရီးစဉ် #ကြည်ဦး
၈၄။ပုဂံခရီးသည် #ပါရဂူ
၈၅။မဟာခရီးသည် #ပါရဂူ
၈၆။အိန္ဒိယခရီးသည် #ပါရဂူ
၈၇။လျပ်တစ်ပြတ်လီဒိုလမ်း #စိန်မျိုးမြင့်
၈၈။တောင်တန်းများကိုဖြတ်ကျော်ခြင်း #စိန်မျိုးမြင့်
၈၉။ချင်းမိုင် မြန်မာ့ပန်းချီပြပွဲနှင့် မယ့်ဟောင်ဆောင်ကိုတို့ထိကြည့်ခြင်း #စိန်မျိုးမြင့်
၉၀။မြိတ်ကျွန်းစုအလှများဆီသို့ #စိန်မျိုးမြင့်
၉၁။မန္တလေးမှ ဗန်းမော်သို့ဧရာဝတီလင်းပိုင်နှင့်အတူ ခရီးသွားခြင်း #စိန်မျိုးမြင့်
၉၂။မမေ့နိုင်စရာခရီးသွားအမှတ်တရများ #စိန်မျိုးမြင့်
၉၃။ချင်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသတချို့သို့ခရီးတထောက် #စိန်မျိုးမြင့်
၉၄။ခရီးသည်မောင်ပြုံးချို #မန်းတင်
၉၅။ဓားလွတ်ကိုင်ဆာမူရိုင်းနှင့်ကိုကာကိုလာယဉ်ကျေးမှု #ကျော်အောင်
၉၆။ပါရီနွေဦးသရုပ်လွန်အလင်းနှင့်ရာစုသစ်၏ရုပ်ကြွင်းများ #နေဝင်းမြင့်
၉၇။မိုင်းဆတ်ရွှေတြိဂံနယ်မြေသို့တခေါက် #မောင်မဲ
၉၈။ကမ်ဘာသစ်တွင်ရက်ကိုးဆယ် #မောင်တင်မြ

crd; ထာဝရသစ္စာ


Publisher Name: နန်းဒေဝီစာပေ

Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633

Publisher Phone Number: ဖုန်း 01383025, 01391633


Related Books