Book Image

မိစ္ဆာ

သင့်လူ

စာအုပ်အမည် _ မိစ္ဆာ

စာရေးဆရာ_သင့်လူ
မူရင်းဝတၳု _ OUT BREAK
မူရင်းစာရေးဆရာ_ ROBIN COOK
ထုတ်ဝေသည့်တိုက်_ ကံ့ကော်ဝတ်ရည်စာပေ
ထုတ်ဝေသည့်နှစ်_အောက်တိုဘာလ ၊ ၂၀၁၄
(ပထမအကြိမ်)
မျက်နှာဖုံးပန်းချီ _ဝင်းမြင့်ဦး
စာမျက်နှာ _၃၀၅
တန်ဘိုး _ ၃၃၀၀ 
                
 
        ၂၀၁၆ သင်္ကြန်​ ကာလတွေ ပြီးသွားတော့
       ပန်းဆိုးတန်းလမ်းက ရာပြည့် စာအုပ်ဆိုင် မှာ ဝင်မွှေ ပြီး ဆရာသင့်လူ ရဲ့
 "မိစာၦ " နဲ့ "အိုဘယ့်အစိမ်းတို့မြေ" စာအုပ် ၂အုပ်ကို ဝယ်ခဲ့ ပါတယ်။
         ဘယ်စာအုပ် အရင် ဖတ်ရမလဲ ရွေးလိုက်တော့ "မိစာၦ" စာအုပ် မူရင်းရေးသူက Robin Cook ဆိုတာ တွေ့ရတော့ ဒါအရင်ဆွဲမယ် ဆိုပြီး
စဖတ်လိုက်ပါတယ် ။ Robin Cook ရဲ့ Coma စာအုပ်ကို ဆရာ နတ်နွယ် က "တစ်ဖန်ပြန်၍ မနိုးသောဝေဒနာ" ဆိုပြီး ဘာသာပြန် ထားတာ ကို စွဲလမ်းခဲ့ လို့ပါ ။



           အတ္တလန်တာ က " ဗဟို ရောဂါ ထိန်းချုပ်ရေး ဌာန " (ဗ-ရ-ဌ) မှာ ကပ်ရောဂါဗေဒ အရာရှိ အဖြစ်​ တာဝန် ထမ်းဆောင် နေတဲ့ ဒေါက်တာ မာရီဆာ ဘလူမင်သော် ဆိုတဲ့ လူကောင် သေးသေး နဲ့ ချစ်စရာ ဆရာဝန်မလေး ရဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်း ဇာတ်လမ်း ပါ ။
              ဇာတ်လမ်း အစ မှာ ဒေါက်တာ 
မာရီဆာ ဟာ လောစ်အိန်ဂျယ်လိစ် က 
ရစ်ချတာ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ အကြောင်းရင်း မသ်ိရတဲ့ ကပ်ရောဂါ တစ်ခုဖြစ်နေလို့ ကူးစက်ရောဂါပါရဂူ တစ်ယောက်အနေနဲ့ စုံစမ်းဖြေရှင်းရင်း
အီဘိုလာ ဗိုင်းရပ်စ်တွေ ကူးစက် ဖြစ်ပွားနေ
တာကို တွေ့ရှိခဲ့ပါတယ် ။

                   လောစ်အိန်ဂျယ်လိစ် မြို့ အပြင် အခြား မြို့တွေက ပုဂ္ဂလိက ဆေးရုံ တွေ မှာပါ အီိဘိုလာဗိုင်းရပ်စ် တွေ ကို
 ကူးစက်ခံ နေရတာ ကို ဒေါက်တာ မာရီဆာ တွေ့လိုက်ရတော့ ကူးစက်ရောဂါ
်ဖြစ်ပွားလာရတဲ့ အကြောင်းရင်း ကို
ရှာဖွေရင်းနဲ့ ဆေးလောက အရှုပ်တော်ပုံ ထဲ ဝင်တိုးမိ သွားပါတယ် ။
                   ပုဂ္ဂလိက ဆေးရုံကြီး တစ်ချို့ မှာ 
ကြိုတင်ငွေပေး ကျန်​းမာ​ရေး စောင့်ရှောက်မှု စနစ်တွေ အောင်မြင်လာတာ ၊ အမေရိကန် နိုင်ငံသား လူမျိုးခြား ဆရာဝန် တွေ များလာ တာကို မရှုဆိတ်တဲ့ အမေရိကန် သမားတော်
အဖွဲ့အစည်​း တစ်ခု ရဲ့ ယုတ်မာ ပုံတွေကို ဒေါက်တာမာရီဆာ က စုံထောက် တစ်ယောက်လို ဖေါ်ထုတ် နိုင်ခဲ့တဲ့ 
ဆေးလောက နောက်ခံ စုံထောက် ဝတၳု ဆန်ဆန် ဇာတ်လမ်း လေးပါပဲ ။
    လူသားတွေရဲ့ရောဂါ ဝေဒနာ တွေကို ပြုစု.ကုသ ပေးပြီး လူတွေရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ ဆရာဝန်တွေ လို ပုဂိ္ဂုလ် မျိုးတောင် အယူအဆ အစွဲ တွေ ကြောင့်
လူတွေရဲ့ အသက်တွေကို သေစေနိုင်တဲ့
ဗိုင်းရပ်စ်တွေ ဖြန့်ဖြူးသူတွေ ဖြစ်သွားရတာ 
တရားကျဖို့ကောင်းပါတယ် ။
      နိပါတ်တော် တွေမှာပါတဲ့ ပညာ နဲ့ သီလ
မညီမျှရင် လူကောင်း ကနေ လူဆိုး ဖြစ်သွားနိုင် တယ်ဆိုတာ ကို ပညာပေးလိုက်သလိုပါပဲ ။
   
      (၂၀၁၅) ခုနှစ်က အာဖရိက မှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ရောဂါ 
(ခန္တာကိုယ်သွေးယိုစီးမှု ဖြစ်ပြီး လူကို သေဆုံးစေတတ်တဲ့ ရောဂါ ) ဟာ
စာအုပ်ထဲက မှတ်တမ်းအရ ၁၉၇၆ ခုနှစ် တုန်း
က အာဖရိကတိုက် ၊ ဇိုင်ယာ နိုင်ငံ ၊ အီဘိုလာမြစ် နံဘေး က ရွာမှာ အမေရိကန် ​ကျောင်​းသား တစ်ယောက် ကနေ စ လို့ လူတွေ ကူးစက်ခံရပြီး ဗိုင်းရပ်စ် ကို စတင် တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ် ။
      ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်စ်တွေ ၊
ချစ်စရာ ဒေါက်တာမလေးရဲ့ ဇွဲ သတ္တိ ၊
အမှန်တရား ကို ဖေါ်ထုတ်နိုင်တဲ့ ဆရာဝန်မ
လေး ကို အသက်သေဆုံး သွားအောင် နေရာစုံက အန္တရယ်ပေးမယ့် လူဆိုးတွေရယ် အမေရိကား က ပုဂ္ဂလိက ဆေးရုံတွေရဲ့ ကြိုတင်ငွေပေး ကျန်းမာရေး အာမခံစနစ် စသဖြင့် ရောမွှေထား တဲ့ ဒီဝတၳုဟာ စဖတ်တာနဲ့ တပြိုင်နက် ရင် တထိတ်ထိတ် နဲ့ 
ဇာတ်လမ်း အပြီးထိကို လက်ကမချချင်အောင် ဆွဲခေါ်သွား ခဲ့ပါတယ် ။
            ဆရာ သင့်လူ ရဲ့ဘာသာပြန် ကောင်းမွန်မှု ကတော့ အမှတ်တရ ပါပဲ ။သူ့မှာ သရော်တတ်တဲ့ ဟာသ ဉာဏ် လဲ ရှိပါတယ်​။ နောက် ပြီး မြန်မာ ဆိုရိုးစကား တွေကို သင့်တော်သလို ထည့်သုံးထားတာလဲ တစ်မျိုးဆန်းပါတယ်။
      နမူနာ စာပိုဒ် ကို ပြရရင်

" (ဗ_ရ_ဌ ) ဌာနမှာ နေရာကျယ်ကျယ် ရဖို့
ဆိုခြင်းသည် လူ့ပြည်က အပ်တစ်စင်း နှင့်
ဗြဟ္မာ့ပြည် က အပ်တစ်စင်း ထိခြင်းထက်ပင်
ခက်လိမ့်ဦးမည် ။"
   (စာမျက်နှာ _၂၆)

"ကူးစက် အထူးကုတွေ နဲ့လဲ တိုင်ပင်ကြပါသေး ။ အားလုံးကတော့ မင်းမသိ ဗြဟ္မဒတ် ၊ တိုင်းပြည်မသိ ဗာရာဏသီ ဆိုသလို ဗိုင်းရပ်စ် လက်ချက် ထင်နေကြတယ် "
     (စာမျက်နှာ _ ၄၃ )

" ဘုရား - အနိစ္စ ၊ အသံ ကလဲ ဆူညံလိုက်တာ
 မာရီဆာ တစ်ကိုယ်လုံး တုန်လာသည် ။ သတ္တိတွေ မှန်သမျှ ခန္ဓာကိုယ်​ ထဲက စိမ့်ထွက် သွားပြီ ထင်၏ ။ ဗူးလေးရာ ဖရုံဆင့် ဆိုသလို
အပြစ်ပေး ဌာန အပြောင်းခံရသည့် အထဲ အလုပ်ပြုတ် ထောင်ကျ မည့် အပေါက်မျိုး သူ ချိုးနေပြန်ပြီ ။
     (စာမျက်နှာ _၁၈၁)
   ကဲ ဖတ်ကြည့်ချင်စရာ မကောင်းလားခင်ဗျာ။
    
Ko Kyaw Lwin (2:30 pm, 1.2.2017)

ဆရာနတ်​နွယ်​​ရေးတဲ့
တဖန်​ပြန်​၍မနိုး​သော​ဝေဒနာစာအုပ်​​လေးကို
ဘာသာပြန်​စာ​ပေကြိုက်​သူ​တော်​​တော်​များများ 
ဖတ်​ဖူးကြမှပါ။
မဖတ်​ဖူးရင်​​တောင်​ တဆင်​့စကားနဲ့ကြားဖူးကြမှာပါ။
အဲ့ဒီစာအုပ်​​လေးကို​ရေးသူကRobin Cookပါ။
စာ​ရေးသူRobin Cook ဟာ ​
ဆေး​လောက​နောက်​ခံစာအုပ်​​တွေ​နဲ့ 
ထင်​ရှား​အောင်​မြင်​​နေသူပါ။ 
သ့ူစာအုပ်​​တွေထဲကမှ 
သိထားသမျှမြန်​မာပြန်​အချို့ကို 
စာညွန်​းရဲ့​အောက်​မှာ စာရင်​းရေး​ပေးထားပါတယ်​။

အမည်​ရင်​းမှာ
ရော်​ဘင်​ဝီလီယမ်​ အာသာကွတ်​ခ်​ ပါ
၁၉၄၀တွင်​​မွေးဖွားခဲ့တယ်​
​ဆေးပညာကိုသင်​ကြားကာ MD ဘွဲ့ရရိ့ှခဲ့တယ်​
​ဘော့စတွန်​တွင်​ ​ဆေးဝါကုသ အသက်​​မွေးရင်​း
 စာ​ပေ​ရေးသားခဲ့ပါတယ်​။
မိစာၦ ဝတၳုကအမှန်​တကယ်​ရိ့ှခဲ့တဲ့
အီဘိုလာဗိုင်​းရပ်​စ်​ က​နေစတင်​ခဲ့တဲ့
အီဘိုလာ​ကူူးစက်​ရောဂါကို 
အ​ခြေတည်​​ရေးဖွဲ့ထားတဲ့
ဝတၳု​လေးပါ။
အီဗိုလာ​ရောဂါဆိုတာ
ကိုယ်​တွင်​းအင်္ဂါများပျက်​စီးယို့ယွင်​းပြီး 
ခန္တာကိုယ်​အနံ့
​သွေးယိုစီးပြီး ​နောက်​ဆုံးမှာ
ပြင်​းပြင်​းထန်​ထန်​ဝေဒနာ ​
ခံစားရပြီး​သေဆုံးရတဲ့
​ကြောက်​မက်​ဖွယ်​ ကူးစက်​​ရောဂါတမျိုးဖြစ်​ပါတယ်​။
ယင်​း​ရောဂါကိုအ​ခြေတည်​ပြီး
အ​မေရိကန်​​ ​ဆေး​လောကတခုလုံးကို
ဇာတ်​အိမ်​တည်​ကာ အ​မေရိကန်​နိုင်​ငံရဲ့
နိုင်​ငံ​ရေးသမားများ
​ဆေးကုမ္မဏီများနဲ့
ဆရာဝန်​တို့၏အတ္တ ၊မာန ​၊
အလိုလောဘကြီးပုံ ၊မိမိကိုယ်​ကျိုး
မိမိအဖွဲ့အစည်​း​အောင်​မြင်​ရန်​အတွက်​ 
ဆရာဝန်​စိတ်​ဓာတ်​ ​ဆေး​လောက 
သစ္စာဒိဋ္ဌာန်​ တို့ကို​မေ့​လျှော့ပြီး
လူသားရင်​မြစ်​တရပ်​လုံးကို 
ချနင်းခြေရဲတဲ့
ဆေး​လောကသားတို့၏ ​
ကြောက်​မက်​ဖွယ်​ စိတ်​ဓါတ်​နဲ့ အဖြစ်​အပျက်​တို့ကို 
အတွင်​းကျကျ ​ရေးဖွဲ့ထားတဲ့ 
​ဆေး​လောက​နောက်​ခံစာအုပ်​​ကောင်​း​လေးပါ။

..............

​ကြောက်​မက်​ဖွယ်​
အီဘိုလာ​ရောဂါ၏မူရင်​းအစ.....

၁၉၇၆ စက်​တင်​လ
ဇိုင်​ယာနိုင်​ငံ ဘန်​ဆာ​ဒေသ 
ယမ်​ဘူကူမြို့က​လေးရိ့ှ
ယမ်​ဘူကူသာသနာပြု​ဆေးရုံ​လေးမှ
စတင်​ဖြစ်​ပွားခဲ​့
​တဲ့ ကြောက်​မက်​ဖွယ်​ အီဗိုလာဗိုင်​ရပ်​စ်​ကူးစက်​​ရောဂါကို 
အသက်​ ၂၁နှစ်​အရွယ်​ ​
ယေးတက္ကသိုလ်​​ကျောင်​းသား 
ဂျွန်​​နော်​ဒိုက်​ကိုစတင်​ ကူးစက်​ရာက​နေ
စတင်​၍ဇာတ်​အိမ်​ဖွဲ့ဆိုထားပါတယ်​။

ဘန်​ဘာခရိုင်​ အီဘိုလာမြစ်​ရဲ့
​မြောက်​ဖက်​မှ ​ရောဂါစတင်​​ဖြစ်​​ပေါ်​တွေ့ရိ့ှခဲ့တာကို
အ​ကြောင်​းပြုပြီး
အီဘိုလာဗိုင်​းရပ်​စ်​ ဟု​ခေါ်ဆိုလိုက်​ကြတယ်​။
​ရောဂါကူးစက်​ပြီးလပိုင်​းအကြာမှာမှ
ဘန်​ဘာ​ခရိုင်​တခုလုံးကို ကွာရန်​တင်​း
 (​ဆေးရုံတခုလုံး ​ဒေသတခုလုံးကို ချက်​ခြင်​းအဝင်​အထွက်​လုံးဝ ပိတ်​လိုက်​ခြင်​း)ချပြီး ကုသ​ဆောင်​ရွက်​ရင်​း
​စောင်​့ကြည်​ခဲ့ရာ
နှိမ်​နင်​းပြီးနှစ်​လ​ကျော်​အကြာတဲ့အထိ
ခရိုင်​တွင်​း​နောက်​ထပ်​​ရောဂါအသစ်​ 
ဖြစ်​ပွားခြင်​းမ​တေ့ွရ​တော့လို့
ကွာရတင်​းကို ရုပ်​သိမ်​းလိုက်​တယ်​။
အီဘိုလာ​ကူးစက်​ရောဂါဟာလည်​း ​အဲ့ဒီအချိန်​ကတည်​းက လုံးဝတိမ်​မြုတ်​ပျောက်​ကွယ်​သွားခဲ့တယ်​။

..............

ဇာတ်​လမ်​းအစ....

ဗဟို​ရောဂါထိန်​ချုပ်​​ရေးဌာန(ဗ .ရ .ဌ)မှ ​
ရောဂါ​​ဗေဒပညာရှင်​ 
ဆရာဝန်​မ​လေးဒေါက်​တာမာရီဆာ 
တ​ယောက်​ ကယ်​ရီဖိုးနီးယားပြည်​နယ်​ ​
လော့စ်​အိန်​ဂျယ်​လစ်​ဆေးရုံတခုတွင်​ထူးဆန်​းတဲ့
ကူးစက်​​ရောဂါပိုးတမျိုး ဖြစ်​​နေလို့ 
စုံစမ်​းစစ်​​ဆေးမှု့များပြုလုပ်​ရန်​
ရောက်​ရိ့ှလာတယ်​။

​ရောဂါဖြစ်​စဉ်​ ​၊
ရောဂါစတင်​ပုံ ၊ 
ကူးစက်​ပုံတို့ကို 
သု​တေသနပြု အ​ဖြေထုတ်​သော်​လည်​း 
ရှုပ်​​တွေးလှသည်​့​နောက်​ခံဖြစ်​စဉ်​ 
အ​ကြောင်​းများ​ကြောင်​့ ​ရောဂါရဲ့
ဇာစ်​မြစ်​ကို​ သူမဖေါ်ထုပ်​လို့မရပဲဖြစ်​​နေတယ်​။

ကူးစက်​ရောဂါပိုးကိုစစ်​​ဆေးကြည်​့​တော့
လွန်​ခ့ဲ​တဲ့ ၁၉၇၆ ကတည်း​က ဇိုင်​ယာနိုင်​ငံမှာ
ဖြစ်​ပွားပြီး
တိမ်​မြုတ်​​ပျောက်​ကွယ်​သွားတဲ့
အီဘိုလာကူးစက်​ဗိုင်​းရပ်​စ်​နဲ့ 
အမျိုးအစားခြင်​းတူ​နေတာကို​ တွေ့လိုက်​ရတယ်​။
သူမ​တော်​​တော်​့ကို်​စိုးရိမ်​​ကြောက်​လန်​့သွားတယ်​။
အီဘိုလာကူးစက်​ ဗိုင်​းရပ်​စ်က 
လော့စ်​အိန်​ဂျယ်​လစ်​၊ စိန်​့လူးဝစ်​ ၊ဖီးနစ်​၊ နယူ​း​ယောက်​မြို့ 
စသည်​့မြိုကြီးများရိ့ှ ​ဆေးရုံများတွင်​
တခုပြီးတခု ဆိုးရွားစွာကူးစက်​​နေ​ပေမဲ့
​ရောဂါ​ဗေဒပညာရှင်​မ​လေးမာရီဆာက​တော့
ထူးဆန်​းသည်​့ကူးစက်​မ့ှု့့လမ်​း​ကြောင်​းကို 
ရှာ​ဖွေမရဖြစ်​​နေတယ်​။

​ကူးစက်​​ရောဂါက အဓိကအားဖြင်​့
ကြိုတင်​​ငွေ​ပေး​ချေမှု့စနစ်​ပြုလုပ်​တဲ့ 
ကျန်​းမာ​ရေးအာမခံ ဆေးရုံကြီးများတွင်သာဖြစ်​ပွားတယ်​ ​နောက်​ပြီး
အဓိကက​တော့
နိုင်​ငံခြားသားမျက်​စိကုဆရာဝန်​များ​က​နေ
ရောဂါ စတင်​တယ်​။
ကူးစက်​​ရောဂါက ဆိုးဝါးပြင်​းထန်​လွန်​း​တော့
ကူးစက်​သူ ၉၄%ခန်​့​သေ​ကြေပျက်​စီးကြရတယ်​ ။

​တော်​​တော​်​ကြောက်​စရာ​ကောင်​း​နေပြီ
ဒါ​ပေမ့ဲ​ဆေးရုံ​တွေမှာ
ကွာရန်​တင်​းပြုလုပ်​ပြီးမကြာမှီအချိန်​တွင်​းမှာ
ပြန်​လည်​​ပျောက်​ကွယ်​သွားတယ်​။
​ရောဂါက
်​ဖြစ်​ချင်​်​သည်​့​နေရာ​ဒေသ ဖြစ်​ချင်​သည်​့အချိန်​​တွေမှာ
အချိန်​မ​ရွေး ရုတ်​တရက်​ထဖြစ်​တယ်​
သည်​လို အ​ဖြေရှာမရ ရုပ်​​ထွေးလှတဲ့ ​
ရောဂါဖြစ်​စဉ်​လမ်​း​ကြောင်​းနောက်​ကို
ဒေါက်​တာမာရီဆာ လိုက်​လံစုံစမ်​းရာက​နေ
မ​မျှော်​လင်​့ပဲ
အ​မေရိကန်​​ဆေး​လောကနဲ့ နိုင်​ငံ​ရေး​လောကရဲ့
နောက်​ကွယ်​မှ ထိပ်​လန်​့​ခြောက်​ခြားဖွယ်​ရာ ​
ရာဇဝတ်​မှု့ကြီးတခုကိုတွေ့ရိ့ှခဲ​့ရတယ်​။

သူမရဲ့အသက်​အန္တရယ်​ကိုပါ ခြိမ်​်​း​ချောက်​မှု့​တွေပြုလာပြီ
သူမအရှင်​သန်​​ရေးအတွက်​ 
ဘယ်​သူ့ကိုယုံရမှန်​းမသိ​တော့တဲ့ အ​ခြေအ​နေတရပ်​မှာ.......

အီဘိုလာဗိုင်​းရပ်​စ်​နဲ့ပတ်​သက်​​နေတဲ့ 
​နောက်​​ကြောင်​း​တွေက ......

ဆရာဝန်​မ​လေး မာရီဆာတ​ယောက်​ 
အများနဲ့တ​ယောက်​ အင်​အားခြင်​းမမျှတဲ့
အ​ခြေအ​နေမှာ ရာဇဝတ်​ဂိုဏ်း​ကြီးရဲ့
ရန်​်​က​နေလွတ်​​မြောက်​​အောင်​ ......

****

အ​မေရိကန်​နိုင်​ငံ​ရေးသမားများ ​
ဆေး​လောကသမားများ
အသက​်​​တွေကို ကယ်​တင်​နေပါတယ်​ဆိုတဲ့ 
ဆရာဝန်​​များတို့ရဲ့
ဘယ်​သူ​သေ​သေ င​တေမာရင်​ပြီး​ရော
(ဆရာဝန်​မာရင်​ပြီး​ရော)
စိတ်​ဓါတ်​​တွေကို 
သိချင်​တယ်​ဆိုရင်​ဖြင်​့ 
ROBIN COOK က ​
OUTBREAKဆိုတဲ့
စာအုပ်​​နဲ့ဖွင်​့ချလိုက်​ပါတယ်​။

"၂၀၁၄မှ ၂၀၁၆အတွင်​းအာဖရိကအ​နောက်​​မြောက်​ပိုင်​းတွင်​ အီဗိုလာကူးစက်​​ရောဂါ​ကြောင်​့ လူ​ပေါင်​း၂၆၀၀၀​ကျော်​​သေဆုံးခဲ့ရပြီး
ယ္ခု ၂၀၁၈​မေလတွင်​လည်​းအာဖရိက ကွန်​ဂို ဒေသတွင်​​ရောဂါဆက်​လက်​ဖြစ်​ပွား​နေပါသည်​။
​ရောဂါကာကွယ်​​ဆေး ကုသ​ဆေးစမ်​းသပ်​စဲအဆင်​့တွင်​သာရိ့ှပါ​သေးသည်​။
dvb:18.5.2018"

                                           သားကြီး( မိုးကုတ်​)
                                             ၁၇.၅.၂၀၁၈
Robin Cook၏စာချစ်သူ၊ 
စာအုပ်စုဆောင်းသူ ဝါသနာတူများအတွက်​

 ၁။ တစ်ဖန်ပြန်၍ မနိုးသောဝေဒနာ(နတ်​နွယ်​) 
Coma

 ၂။ အများနှင့်တစ်ယောက်(နတ်​နွယ်​) 
Fever

 ၃။ စိတ်ပြောင်းစိတ်လွဲ​(မောင်​​ပေါ်ထွန်​း) 
Mindbend

 ၄။ မရဏကုန်သည်​(မောင်​မြင်ကြွယ်​) 
Fatal Cure

 ၅။ ခရိုမိုဆုန်း အမှတ်ခြောက်​(မောင်​​ဇေ) Chromosome 6

 ၆။ ကိုယ်ပွား​(မောင်​သိန်​း​ဆွေ)
Seizure

 ၇။ ဝေဒနာ ဖွေရှာ၍တွေ့ခဲ့ပြီ(ဇင်​သန်​့ ) 
Mortal Fear

 ၈။ မျက်ဝန်းကြည်လဲ့(ဇင်​သန်​့) 
Blindsight

 ၉။ မေ့မရပြီ(ဇင်​သန်​့)
Harmful Intent

၁၀။ သစ္စာနယ်လွန်မှု(ဇင်​သန်​့)
Invasion

၁၁။ လရိပ်ကိုဖမ်း နေကိုလှမ်း၍​(မောင်​ကိုဝင်​း)
Sphinx

၁၂။ မိစာၦ(သင်​့လူ)
Outbreak

Crd:​ကျော်​စွာ ​(ဆေး-၂)


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ