Book Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး

ကော်ရလိုင်းဆိုတဲ့ကောင်မလေး 

( Coraline by Neil Gaiman)

ဘာသာပြန်သူ _ မောင်ဒေး 

ကံ့ကော်ဝတ်ရည်စာပေ

၂၀၁၈ ဇန်နဝါရီလ 
ပထမအကြိမ် 
အုပ်ရေ ၁၀၀၀ 
တန်ဖိုး ၂၆၀ဝ 
စာမျက်နှာ ၁၉၃ 
မျက်နှာဖုံးဒီဇိုင်း မောင်ဒေး 



ကော်ရလိုင်းဆိုတဲ့ ကောင်မလေးဟာ 
စပ်စပ်စုစုနဲ့ စွန့်စားရတာကိုကြိုက်တဲ့ 
ဆယ်ကျော်သက်ကလေးမလေး တစ်ယောက်ပါ။

သူတို့မိသားစု အိမ်​အသစ်​​ပြောင်​းလာတဲ့အခါမှာ
စိတ်ဝင်စားစရာကောင်းတဲ့ တံခါးတစ်ချပ် ​​ကို 
သော့ခတ်လျက်သားတွေ့ရတယ်​။

တစ်နေ့တော့ အဲ့ဒီတံခါးကို သော့ဖွင့်ပြီး တစ်ဖက်ကို ဝင်သွားမိတယ်​။အဲ့ဒီ့အခါမှာ ​ကော်​ရလိုင်​းဟာ သူတို့အိမ်နဲ့ ခပ်ဆင်ဆင်တူတဲ့ အိမ်တစ်လုံးထဲကို ရောက်သွားတယ်။

တစ်ဆက်တည်းမှာပဲ သူ့မိဘတွေ အိမ်နီးချင်းတွေနဲ့ တူတဲ့သူတွေကိုလည်း သွားတွေ့ရတယ်။
မတူတာတစ်ခုက အဲ့ဒီတခြား
ကမ္ဘာက လူတွေရဲ့ မျက်လုံးနေရာမှာ အနက်
်ရောင်ကြယ်သီးတွေ ဖြစ်နေတာပဲ။

အဲ့ဒီတစ်ဖက်​ကမ္ဘာမှာ တွေ့ရတဲ့ ကြယ်သီးမျက်လုံးကိုယ်စီနဲ့ ့အမေနဲ့အဖေက တကယ့်လက်
တွေ့ကမ္ဘာက မိဘတွေထက် သူ့ကို အလိုလိုက်
အကြိုက်ဆောင်တယ်။ "ဒီဘက်မှာပဲနေပါ.. ကိုယ်အပေါ်သိပ်ဂရုမစိုက်နိုင်ပဲ သူတို့ဟာသူတို့အလုပ်များနေကြတဲ့မိဘတွေဆီ မပြန်ပါနဲ့တော့" ဆိုပြီး သွေးဆောင်လာတယ်။ 

အဲ့ဒီကမ်းလှမ်းမှုအတွက် ကော်ရလိုင်းပြန်ပေးရမှာ တစ်ခုပဲရှိတယ်..အဲ့ဒါကတော့ သူ့ရဲ့မျက်လုံးတွေနေရာမှာ ကြယ်သီးတွေကို အစားထိုးပေးရမှာပါပဲ။ ဒါကို လက်မခံနိုင်တဲ့ကော်ရလိုင်း 
တစ်ယောက် ဟိုတံခါးကနေတဆင့် သူ့ရဲ့နဂိုမူလကမ္ဘာထဲကို ပြန်ပြေးလာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ
ကမ္ဘာက သူ့မိဘနှစ်ပါးဟာ ပျောက်ခြင်းမလှ
ပျောက်နေခဲ့ပြီ။ ဒီတော့ မိဘနှစ်ပါးကို ရှာဖွေဖို့ 
ကော်ရလိုင်းတစ်ယောက် ပိတ်ထားတဲ့တံခါးကို ပြန်ဖွင့်ရတော့တယ်။ ​သူမ ရဲရင့်ရတော့တယ်​။
 
"​ကြောက်စိတ်ရှိနေပေမယ့် အဲ့ဒီအလုပ်က
ိုဖြစ်အောင်လုပ်တာဟာ သတ္တိရှိတာပဲ " ဆိုတဲ့ သူမရဲ ့အဖေပြောဖူးခဲ့တဲ့စကားကိုလည်း ကြားယောင်ရင်းနဲ့ပေါ့။

××××××××××××××××××××

ဒါဟာ Animation ကားအနေနဲ့လည်း 
​အောင်မြင်ခဲ့တဲ့ Coraline ဆိုတဲ့ဇာတ်ကားရဲ့
မူရင်းဝတၳုပါ.. နွေပိတ်ရက်မှာ ကျွန်မ​တို့ရဲ့  
စာဖတ်သူဂျူနီယာ ပိစိကွေးတွေကို ပုံပြင်တွေက
နေ တစ်ဆင့်တက်ပေးချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို Recommend ပေးပါတယ်..
ကလေးစာပေ လူငယ်စာပေရယ်လို့ သိပ်မများလှတဲ့ကျွန်မ​တို့ဆီမှာ Coraline ဟာ ဖတ်ပျော်တဲ့ fiction ဝတၳုတစ်ပုဒ်မို့ပါ ..ပြီးတော့ Coraline က ပြောပြတဲ့ " သတိ္တရှိပါ.. ရဲရင့်ပါ.. ဉာဏ်ကစားပါ " ဆိုတဲ့ ရိုးစင်းတဲ့ Moral လေးကလည်း  
ဘဝမှာ လက်တွေ့အသုံးကျနိုင်​ပါတယ်​။

​နွေဦး​မေ
#ဘာသာပြန်​ဖတ်​ညွှန်​း
#Savethelibrary


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ