Book Image

ကျားဖြူ

သင့်လူ

အိန္ဒိယနိုင်ငံ၏ မျက်မှောက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ထိထိမိမိ သရော်ထားသည့် စာအုပ်။ စာပေလောကတွင် ဩဇာအလွန်ကြီးသော Man Booker ဆုအပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိခဲ့သော အိန္ဒိယဖွား ကမ္ဘာကျော် စာရေးဆရာ၏ စာအုပ်။ မျက်မှောက်ခေတ် ဝတ္ထုဖန်တီးမှု အတတ်ပညာတွင် နိုင်ငံတကာက အလေးထားလေ့လာ ဖတ်ရှုနေရသည့် စာအုပ်။


ကျားဖြူဆိုတာ ရုတ်တရက်ကြည့်လိုက်ရင် ပါတီတစ်ခု နာမည်လား ထင်မှတ်မှားစရာ ရှိပါတယ်။ တကယ်တော့ ကျားဖြူဆိုတာ ဒီ ဝတ္ထုထဲက အဓိက ဇာတ်ကောင်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဆီကို အိန္ဒိယက စွန့်ဦးတီထွင် ပညာရှင်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ သူတစ်ယောက်က စာတွေရေးတယ်။ ဒီစာတွေကို ဖတ်ရင်း ချက်ချင်း သတိရလိုက်မိတာက သုခမြို့တော်ဆိုတဲ့ ဆရာကြီး မြသန်းတင့် ဘာသာပြန်ထားတဲ့ စာအုပ်။ ဟိုစာအုပ်ကို ဖတ်တုန်းကတော့ တစ်ပတ်လောက် အီလည်လည် ဖြစ်ကျန်ခဲ့တယ်။ ဒါပေမယ့် ဒီစာအုပ်မှာတော့ စာရေးသူက သွက်သွက်လက်လက်ကလေး အသော့လေးနဲ့ ရေးတယ်။ ဘာသာပြန်တဲ့ ဆရာသင့်လူကလဲ အသော့လေးနဲ့ ဘာသာပြန်တယ်။ အစအဆုံး ပြီးအောင် ဖတ်လိုက်ရမှ နေသာထိုင်သာ ရှိသွားတဲ့ ဝတ္ထုမျိုးလို့ ပြောနိုင်ပါတယ်။

ကျားဖြူရဲ့ စွန့်စားခန်းလို့ ပြောရမလား။ ဆိုးဝါးလှတဲ့ အိန္ဒိယလူနေမှု စနစ်အတွင်းက သားကောင်တစ်ကောင်ရဲ့ အောင်ပွဲလို့ ပြောရမလား။ လူမှုကျင့်ဝတ် စံနှုန်းတွေနဲ့ မကိုက်ညီတာ မှန်ပေမယ့် ကျားဖြူလုပ်လိုက်တာ မှန်သလိုလို၊ အီလည်လည်ကြီး ခံစားသွားစေရမယ့် ဝတ္ထုမျိုး။ စုတ်ပြတ်သတ်နေတဲ့ အိန္ဒိယ နင်းပြား မိသားစုကြီးထဲမှာ ယောင်္ကျားလေး တစ်ယောက် အဖြစ် မွေးဖွားလာတဲ့ ကလေးတစ်ယောက်။ သူ့အမေက သေ၊ နောက်တော့ သူ့အဖေလဲ သေ။ ကျောင်းကလဲ မတက်၊ ဒါပေမယ့် ကားမောင်းတတ်တဲ့အတွက် သူ့ဘဝ အတိုင်းအတာ တစ်ခုအထိ ထွက်ပေါက်ရသွားခဲ့တယ်။ ဒါပေမယ့် နင်းပြားဘဝမှာတင် ဆိုးတာ မဟုတ် အိန္ဒိယ ဒီမိုကရေစီ ယန္တရားကြီိးထဲက ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တွေ ကြားထဲမှာ လည်သလိုလုပ်ရင်း၊ သခင်ကိို အသေ ကိုးကွယ်ရင်း။ နောက်ဆုံးတော့ ထွက်ပေါက် တစ်ခုကို ရွေးချယ်သွားခဲဲ့တယ်။ ကျားဖြူ ရွေးချယ်သွားတဲ့ ထွက်ပေါက်က ဘာလဲ။ သိချင်တယ်ဆိုရင် ဖတ်ဖြစ်အောင် ဖတ်ကြည့်သင့်တယ်။

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

သန်းခေါင်ယံ လွတ်လပ်ရေး

မောင်ပေါ်ထွန်း
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

သုခမြို့တော်

မြသန်းတင့်
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

မြန်မာ့စီးပွားထူးချွန်သူများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )