Book Image

သက်တံနေ့ရက်များ

တင့်ဇော်

ဘာသာပြန်စာအုပ်​အမည်​-သက်တံနေ့ရက်များ

ဘာသာပြန်စာ​ရေးဆရာ-တင့်ဇော်
မူရင်​းစာအုပ်​အမည်-The days of the rainbow
မူရင်​းစာရေးဆရာ-Antonio Skarmeta
အမျိုးအစား-ဖြစ်ရပ်မှန်နောက်ခံဘာသာပြန်ဝတၳုရှည်
ထုတ်​သည်​့တိုက်​-လင်းလွန်းခင်
ထုတ်​သည်​့နှစ်​-ဩဂုတ်၊ ၂၀၁၅ (ပထမအကြိမ်​ )
မျက်​နှာဖုံးဒီဇိုင်​း-လင်းဝဏ္ဏ
စာမျက်​နှာ-၂၉၆
တန်​ဖိုး-၃၅၀၀



" ခင်ဗျားကို ကျုပ် ပြောချင်တာက လာမယ့်နှစ်လ အတွင်းမှာပဲ အစိုးရအဖွဲ့က လူထုဆန္ဒ ခံယူပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ပေးမယ်။ အောက်တိုဘာ လူထုဆန္ဒခံယူပွဲမှာ ကျုပ်တ်ို့ အနေနဲ့ အပြစ်ကင်းကင်းနဲ့ အပြစ် ဆိုဖွယ်ရာ မရှိလောက်အောင်ကို ဆောင်ရွက်ပေးသွားမှာ။ မဲထည့် မဲပေးရမယ့် စားပွဲခုံတွေနားမှာ အတိုက်အခံပါတီက ကိုယ်စားလှယ်တွေကို စောင့်ကြည့်နေခွင့် ပေးမယ်။ ကျုပ်တ်ု့ိရဲ့ ကွန်ပြူတာစင်တာမှာလည်း ပြိုင်ဘက် နိုင်ငံရေး ရန်သူတော်တွေရဲ့ ကိုယ်စားလှယ်တွေ ရှိနေစေရမယ်။ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကိုလည်း မပိတ်ပင်ပါဘူး။ အဲ ... ပြီးတော့ နောက်တစ်နေ့က စပြီး နိုင်ငံတစ်ဝန်း မာရှယ်လော ဥပဒေကိုလည်း ရုပ်သိမ်းပေးမယ်"
" ပြည်ထဲရေး ဝန်ကြီးခင်ဗျာ၊ ကျုပ်တို့က ဘာကို မဲထည့်ရမလဲ"
"Yes ဒါမှမဟုတ် No ပေါ့ ... Yes ဆိုတာက ပီနိုချက်ကို နောက်ထပ် ရှစ်နှစ် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ လိုလားတယ်။ No ဆိုရင်တော့ ပီနိုချက်ကို ဒီသမ္မတ သက်တမ်း ကုန်ဆုံးရင် နုတ်ထွက်ပေးဖို့နဲ့ နောက်ထပ် သမ္မတ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးဖို့ပဲပေါ့"

------------------------------------------

ချီလီနိုင်ငံသား စာရေးဆရာ Antonio Skarmeta ရဲ့ ဝတၳု The Days Of The Rainbow ကို တင့်ဇော်က သက်တံနေ့ရက်များ အမည်ဖြင့် ဘာသာပြန်တ့ဲ ဒီစာအုပ်ဟာ ဖြစ်ရပ်မှန်နောက်ခံ ဝတၳု စာအုပ်တစ်အုပ်ပါ။

ချီလီနိုင်ငံဟာ တချိန်က ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ တင့်တယ်ခ့ဲပေမယ့် ၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ ကြည်း၊ ရေ၊ လေ တပ်တွေဟာ မွန်နီဒါ နန်းတော်ကို ဝိုင်းကာ သမ္မတ အာလန်ဒေးကို ပစ်သတ်ခ့ဲပြီး စစ်တပ်က အာဏာကို သိမ်းလိုက်ကာ တိုင်းပြည်ကို ချောက်ထဲ ထိုးကျစေခ့ဲပါတယ်။ အ့ဲဒီနေ့က စလို့ အရပ်သား အစိုးကို ဖြုတ်ချကာ စစ်အစိုးရတစ်ရပ် အနေနဲ့ ဗိုလ်ချုပ်ကြီး အော်ဂတ်စတာ ပီနိုချက်က ချီလီနိုင်ငံကို စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် ရက်ရက်စက်စက် အုပ်ချုပ်ခ့ဲပါတယ်။ ဧရာမ လူထု အုံကြွမှုတွေ အကြိမ်ကြိမ်ဖြစ်၊ စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းရင်းနဲ့ နောက်ဆုံး ၁၉၈၈ မှာ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ပီနိုချက် ကျင်းပပေးခ့ဲရတယ်။ ချီလီနိုင်ငံရဲ့ နာမည်ကြီး နိုင်ငံရေးဖြစ်ရပ်တစ်ခုဖြစ်တ့ဲ Yes/ No Campaign ဟာ ဒီစာအုပ်ရဲ့ နောက်ခံပါပဲ။ 

တိုက်တိုက်ဆိုင်ဆိုင် ၁၉၈၈ ဟာ မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းမှာလည်း နာမည်ကြီးတ့ဲ ခုနှစ်တစ်နှစ်ပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ အာဏာရှင် ဦးနေဝင်းရဲ့ ဆိုရှယ်လစ်ဗန်းပြ စစ်အစိုးရကို ပြုတ်ကျစေနိုင်ခ့ဲသော်လည်း တိုင်းသူပြည်သားတို့အတွက် အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက်လာခ့ဲခြင်း မရှိပေ။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခ့ဲသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မပြုခ့ဲသည့်အပြင် အနိုင်ရပါတီ ခေါင်းဆောင်များကို ထောင်သွင်းအကျဉ်းချခြင်း၊ အကျယ်ချုပ်ထားခြင်းများ ပြုလုပ်ကာ တိုင်းပြည် အာဏာကို ပြန်လည် သိမ်းယူခ့ဲပါတယ်။ ချီလီနိုင်ငံမှာတော့ No Vote အာင်ပွဲခံခ့ဲပြီး ပီနိုချက်လည်း ဂျောင်းရပါရောလား။ 

ဒီစာအုပ်မှာ နီကိုစန်တို့စ်ရဲ့ ဇာတ်ကြောင်းနဲ့ အတူ ချီလီ နိုင်ငံရေးသမိုင်း ဖြတ်ရပ်မှန်ကို စာရေးဆရာက ရေးထားပါတယ်။ နီကိုရဲ့ ဖခင် ဒဿနိက ပါမောက္ခ စန်တို့စ်ဟာ စာသင်နေရင်း စာသင်ခန်းထဲမှာပဲ အာဏာပိုင်များရဲ့ အဖမ်းဆီးကို ခံခ့ဲရပါတယ်။ နီကိုရဲ့ ချစ်သူ ပက်ထရစ်ရှာရဲ့ ဖခင် လက်ဝဲဝါဒိီ တစ်ဦးဖြစ်သူ မစ္စတာ ဘက်တီနီဟာ စစ်အစိုးရမှ ၂ ကြိမ်တိုင်တိုင် အကြောင်းမ့ဲ ဖမ်းဆီး နှိပ်စက်ခံခ့ဲရသူ တစ်ဦးပါ။ သူဟာ နာမည်ကြီး ကြော်ငြာလုပ်ငန်းရှင်ဖြစ်တာမို့ စစ်အစိုးရဟာ ကမ်ပိန်းမလုပ်ခင်မှာ Yes ဘက်ကနေ လံှု့ဆော်တ့ဲ ကြွေးကြော်သံအတွက် ကမ်းလှမ်းခြင်းကို ခံရပါတယ်။ ယခု စာစုရဲ့ အပေါ်ဆုံး စာသားများဟာ ချီလီ စစ်အစိုးရရဲ့ အရက်စက်ဆုံးလို့ နာမည်ကြီးတ့ဲ ဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာ ဖာနန်ဒက်စ်နဲ့ ဘက်တီနီတို့ အချီအချ ပြောတာတွေထဲက အနည်းငယ်ကို ပြန်ရေးပြခ့ဲတာပါ။ ဒီစာအုပ်ကို ဖတ်နေစဉ်မှာကို ဘယ်အစိုးရမျိုးက တိုင်းပြည်သူ တိုင်းပြည်သားတွေအတွက် ကောင်းကျိုးပေးတယ် ကောင်းကျိုးမပေးဘူးဆိုတာ နှလုံးသွင်း ဆင်ခြင်မိပါတယ်။
Rating - 7/10

-----------------------------------------------

Review by Ko Hay Mann Hla Win @ မိုးသားလတ်
22.6.18 (21:00)
Ygn

#ဘာသာပြန်ဖတ်ညွှန်း
#SaveTheLibrary


Publisher Name: လင်းလွန်းခင်စာအုပ်တိုက်

Publisher Phone Number: 01 293401, 09 220 1730


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ