Book Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ

အမည်​- နန်​းဟာဗီး
စာ​ရေးသူ -ရန်​ကုန်​ဘ​ဆွေ
စာ​ပေတိုက်​ -အမြွာညီ​နောင်
ဒုတ်ိယအကြိမ်​ -၂၀၁၄ /သြဂုတ်​လ
၂၇၀၀-ကျပ်​
စာ -၂၆၁​


ပထမအကြိမ်​ပုံနှိပ်​ထုတ်​​ဝေအပြီး နှစ်​​ပေါင်​းများစွာပုံနှိပ်​ထုတ်​​ဝေခွင်​့မရခဲ့သည်​့စာအုပ်​ နန်​းဟာဗီး။

မြန်​မာပြည်​၏နာမည်​ကြီး စာ​ရေးဆရာ ရန်​ကုန်​ဘ​ဆွေ ၏ထင်​ရှား​သောစာအုပ်​ နန်​းဟာဗီး။

ပိန်​းကူးလူမျိုးစု၏ဓ​လေ့စရိုက်​တို့ကို ထိတ်​လန်​့ဖွယ်​ ရင်​သပ်​အ့ံသြဖွယ်​ မြင်​​တွေ့ရမည်​့စာအုပ် နန်​းဟာဗီး။

နန်​းဟာဗီးရဲ့ဝတ္ထုဇာတ်​လမ်​း​လေးက​တော့
နာဂမျိုးနွယ်​စုဝင်​တမျိုးဖြစ်​တဲ့ ပိန်​းကူးမျိုးနွယ်​စုရဲ့ ယဉ်​​ကျေးမူ့ဓ​လေ့ထုံးတမ်​စဉ်​လာကို ဇာတ်​လမ်​းဖွဲ့​ရေးထားတာပါ။ 

ပိန်​းကူးမ​လေးအဝါ ကိုငယ်​စဉ်​ကတည်​းက ခရစ်​ယာန်​သာသနာပြုတို့က​မွေးစားခဲ့တယ်​။
ယဉ်​​ကျေးတဲ့အသိုင်​းအဝိုင်​းနဲ့ မြို့​ပေါ်မှာသာကြီးပြင်​းခဲ့ရတယ်။​
အချိန်​ကြာလာတာနဲ့ အဝါတ​ယောက်​ သူနာပြုဆရာမ​လေးသင်​တန်​း​အောင်​​ပြီး့
ချစ်​သူဆရာဝန်​​​ကျော်​သက်​ ကို်​ခွဲခွာကာ
မိမိမျိုးနွယ်​စုရိှ့ရာပိန်​းကူးရွာက​လေး ကို ပြန်​လာခဲ့တယ်​။
 အဝါ ပိန်​းကူးရွာ​ရောက်​​တော့ ​မေ့​နေပြီဖြစ်​တဲ့ သူမတို့ လူမျိုးစုရဲ့ဓ​လေ့ထုံးစံ ရွာရဲ့ဓ​လေတို့့ကို အထိတ်​လန်​့ကြီးထိတ်​လန်​့သွားရတယ်​။ ပိန်​းကူးလူမျိုးတို့အရွယ်​​ရောက်​လာရင်​
လူပျိုအပျို​တွေစုပြီး ရွာထဲက တဲကြီးတလုံးမှာ အတူ နေထိုင်​ကြတယ်​။
မိဘ ​မောင်​ဘွား​များရေှ့မှလွဲရင်​ ပိန်​းကူးသမီးပျို​တွေကို အမျိုးသားများက အမျိုးသမီးသ​ဘောတူတူမတူတူ ဆက်​ဆံခွင်​့ရိှ့တယ်​။ 
မုဒိန်​းမူ့ဆိုတာမရိှ့ဘူး။ 
မိန်​းက​လေးဖြစ်​သူက သ​ဘောမတူလို့ငြင်​းဆန်​ရင်​တောင်​​ ပတ်​ဝန်​းကျင်​ကမကူညီတဲ့အပြင်​
 ရီကာ​မောကာနဲ့ကြည်​့​နေကြမယ်​ ။ 
တခါတရံ ဝိုင်​းဝန်​းပြီး​တောင်​ချုပ်​ကိုင်​​ပေးထားကြဦးမယ်​။

 ဒါ​တွေကို ငယ်​စဉ်​ကတည်​းက ရွာမှထွက်​လာတဲ့ပိန်​းကူးသူ သူနာပြုဆရာမ​လေးအဝါတ​ယောက်​ သိရ​တော့​ကြောက်​လန်​့သွားခဲ့ရတယ်​။
လုုံးဝ အရိုင်​းဆန်​ဆန်​စရိုက်​ကြားမှာ သူ​မ နေလို့မဖြစ်​နိုင်​ဘူး။
ချက်​ချင်​းပြန်ရ​အောင်​ကလည်​း လမ်​းစရိတ်​​ငွေ​ကြေးကမရိှ​တော့ဘူး။
မိဘနှစ်​ပါးကလည်​း ဘိန်​း​ကျေးကျွန်​ဘဝကို​ရောက်​​နေ။ သမီးဖြစ်​သူအဝါ့ကို​တောင်​ ဘိန်​းနဲ့လဲစားဖို့ကြံစဉ်​​နေကြပြီ။

တ​နေ့အဝါတ​ယောက်​ ပိန်​းကူးလူမျိုးထုံးစံ အမျိုးသားတ​ယောက်​ရဲ့ အဓ္ဓမကျင်​့တာခံရဖို့ဖြစ်​လာတယ်​။ 
သူမ ဓားနဲ့ထိုးပြီးထွက်​​ပြေးခဲ့တယ်​။ ရဲအ​ရေးပိုင်​ကိစ္စနဲ့အမူ့ဖြစ်​​တော့ အဝါတို့ရွာနဲ့မလှမ်​းမကမ်​းမှာသု​တေသနာပြု​နေတဲ့ မြို့​ပေါ်ကသု​တေသနပညာရှင်​​ဒေါက်​တာမင်​းထင်​ရဲ့ ကူညီမူ့​ကြောင်​့အဝါ လွတ်​လာတယ်​။ သာသနာပြု​ကျောင်​းရဲ့​နောက်​ခံ 
​ဒေါက်​တာမင်​းထင်​ရဲ့ကူညီမူနဲ့့ အဝါရဲ့ဇတ်​ဇတ်​ထိမခံသတ္တိ​တွေ​ကြောင်​့ 
အဝါ ပိန်​းကူးလူမျိုးများကြားမှာ ထင်​ရှားလာတယ်​။ မိန်​းမကိုဆက်​ဆံဖို့သက်​သက်​သာ သ​ဘောထားတဲ့ ဲ့ပိန်​းကူးအမျိုးသားတို့နဲ့ လူမျိုးခြား​​ယောကျာ်​းတို့ ကြားမှာ အဝါဟာ နန်​းဟာဗီး ( လှ​သောကျားအပျိုမ )ဖြစ်​လာတယ်​။ 
အဝါကိုလန်​့ကြတယ်​။ရှိန်​ကြတယ်​။ ့ပိန်​းကူးနွယ်​ဝင်​အမျိုးသမီး​တွေကို ကူညီဖို့အဝါကြိုးစားတယ်​။
ဒါ​ပေမဲ့အများနဲ့တ​ယောက်​ 
လူမျိုးစွဲ ဓ​လေ့စွဲ​တွေနဲ့ ထုံးတမ်​းစဉ်​လာဆိုတဲ့ရိုးရာ မွိုင်​း​အောက်​မှာပိတ်​မိ​နေတဲ့ ပိန်​းကူးလူမျိုးတို့နဲ့ ပိန်​းကူးအမျိုးသမီး​တွေကိုအဝါ ဘာလုပ်​​ပေးနိုင်​မှာလည်​း။

ဒီကြားထဲက ရန်​ကုန်​မှာကျန်​ခဲ့တဲ့အဝါချစ်​သူဆရာဝန်​​​ကျော်​သက်​ ကလည်​း
အဝါ့ဆီလိုက်​လာပြီး
အဝါ့ကိုတန်​ဖိုးမထား​တော့ပဲ ပ်​ိန်​းကူးမ​ယောက်​အ​နေနဲ့အလိုမတူကျင့်​ကြံဖို့ အားထုတ်​လာချိန်​မှာ​တော့
အဝါတ​ယောက်.............

​ရေှးထုံးကိုလည်​းမပယ်​နှင်​့ ဆိုသည်​့စကားကို 
နန်​းဟာဗီးက 
ရဲရဲကြီးငြင်​းဆိုခဲ့ပါတယ်​။


                                                      သားကြီး(မိုးကုတ်​)
                                                              ၁၇.၃.၂၀၁၈

ဆရာရန်​ကုန်​ဘ​ဆွေရဲ့စာအုပ်​ဖတ်​အပြီးမှာ လူမျိုး​ရေးသမိုင်​း ပထဝီနိုင်​ငံ​ရေးမသိတဲ့ကျွန်​​တော့်အဖို့ စဉ်​းစားစရာရိှ့လာတယ်​။
ပိန်​းကူးလူမျိုးဆိုတာတကယ်​​ရောရိှ့ရဲ့လား စာ​ရေးသူဉာဏ်​ကွန်​့မြူးဖို့ သက်​သက်​ ရိှ့ရင်​းစွဲ နာဂတိုင်​းရင်​းသာ​းတွေထဲက ဆွဲထုတ်​လိုက်​တဲ့ စိတ်​ကူးယဉ်​ဇာတ်​​ကောင်​လူမျိုးသက်​သက်​ပဲလား။

 ပိန်​းကူးတို​့နေရာကို ခန္တီးမြို့မှဆန်​တက်​၍ 
ချင်​းတွင်​းမြစ်​ဖျားမှ ​အောက်​သို့အစုန်​တွင်​ ပထမဆုံး​တွေ့ရသည်​့ရွာဟုသာပြဆိုထားပြီး ပိန်​းကူးလူမျိုးတို့စကားအ​နေနှင်​့လည်​း 
နာဂစကား(ပိန်​းကူးစကား) ၊ ကချင်​စကား ၊ ရှမ်​းစကားတို့ ပုံစံမျိုး​တွေ့ရပါတယ်​

(#သိရိှ့သူများရိှ့ပါကပြန်​လည်​​ဖြေကြာ​း​ပေးပါလို့ ​မေတ္တာရပ်​ပါတယ်​ဗျာ)

နန်​းဟာဗီးတွင်​ ရန်​ကုန်​ဘ​ဆွေသည်​ 
အ​တွေးရဲ၏ ၊ အ​ရေးရဲ၏။
အ​တွေးကြမ်​း၏ ၊ အ​ရေးကြမ်​း၏။
ထင်​​အောင်​လည်​းပြ၏။
ြုမင်​​အောင်​လည်​းပြ၏။

သူ့​ခေတ်​အခါနှင်​့ဆိုရလျှင်​ အ​တော်​ကြမ်​းသည်​့စာအုပ်​ဟုဆိုချင်​​သော်​လည်​း
၁၈နှစ်​အထက်​လူငယ်​ စာစုံဖတ်​လိုသူတို့အတွက်​ ဖတ်​ရမည်​့စာအုပ်​အ​နေနှင်​့ညွန်​းချင်​ပါတယ်​။ ဖတ်​လည်​းဖတ်​သင်​့ပါတယ်​။

​ပြောစရာ​လေးတခုက​တော့
ရန်​ကုန်​ဘ​ဆွေ၏အဖွဲ့လွန်​မူ့​ကြောင်​့
အဝါ့ကို​
​ပေါင်​ချိန်၁၁၀ ဝန်​းကျင်​သာသာ
နွဲ့နွဲ့​နေှာင်​း​နေှာင်​း​
သူနာပြုဆရာမ​လေးအဖြစ်​မှ
​ပေါင်​ချိန်​၁၈၀ ဝန်​းကျင်​မိန်​းမကြမ်​းကြီး 
အဖြစ်​သို့​ပြောင်​းလည်​းမြင်​​ယောင်​​သွားမိပါတယ်​။​


Publisher Name: အမြွာညီ​နောင်


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ