Book Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​

စာအုပ်အမည် _ ​​နှစ်​​လောကတိုက်​ပွဲ

စာ​ရေးသူ _ ​ဒေါ်ခင်​မျိူ.းချစ်​ (ဘာသာပြန်​)
မူရင်​းစာအုပ်​အမည်​ _ Strange Conflict 
မူရင်းစာ​ရေးသူ _ ​Dennis Wheatley 

နှစ်​​လောကတိုက်​ပွဲဟာ Fantasy novel လို့ ပဲ​ပြောလို့ရပါတယ်​။ လျိူှ ့ဝှက်​သည်​းဖို ဝတၳု အမျိူ းအစားဖြစ်​ပြီး​တော့ တချိူ ့ကလဲ Occult novel ​ခေါ်ကြတာကြားဖူးပါတယ်​။ မြန်မာပြည်​ကဆို ​ဆရာမင်​းသိင်္ခ တို့ လိုလိုင်​းပါပဲ။ မူရင်​းစာ​ရေးဆရာDennis ကို က 1930,1960 ဝနး်​ကျင်​​တ​​လျှောက် မှာ Bes​t Seller ဖြစ်ခဲ့ပြီး ဒီလို occult ဝတၳု အ​မြောက်​အများ​ရေးခဲ့ပါတယ်​။ ​1930 ​နောက်​ပိုင်​းမှာ သူ့ဝတၳု ​တွေဟာ Black Magic Theme ဘက်​ကို သွားလာပါတယ်​။ သူရဲ့ တခြား novel ​တွေဖြစ်​တဲ့ The Devil Rides outတို့ The Devil and All his work တို့ကိုကြည်​့ရင်​လည်​း သိနိုင်​ပါတယ်​။

​ပြောနိုင်​တာ တခုက သူ့ဝတၳု​တွေဟာ Fantasy novel အမျိူ းအစားဆို​ပေမဲ့ Harry Potter တို်​ိလို စိတ်​ကူးယဉ်​ သီးသန်​့မဟုတ်​ပဲ တကယ်​့ ​Western Occultism ​တွေရဲ့အချက်​ အလက်​​တွေကို အ​ခြေခံ​ရေးထားတာ ဖြစ်​တဲ့အတွက်​ မူရင်းစာ​ရေးသူကိုယ်​တိုင်​ ဒီလောကီပညာ​တွေကို လိုက်​စားခဲ့ပုံရပါတယ်​။

ဒုတ်​ယကမ်ဘာစစ်​အတွင်​း ဗြိတိန်​စစ်​​သ​ဘောၤတို့၏ လူပ်​ရှားမူကို ဂျာမန်​နာဇီစစ်​တပ်​က Astral Projection ​ခေါ် လိပ်​ပြာလွှင်​့အတတ်​ကိုအသုံးပြုပြီး သတင်​းရယူစုံစမ်​းကာ ဗုံးကြဲတိုက်​ခိုက်​ခဲ့ကြတယ်​။ ထို့နောက်မှာ ဗြိတိန်​ဘက်​ကလဲ ၄င်​းပညာရပ်​များကိုသုံးပြီး တန်​ပြန်​တိုက်​ခိုက်​ခဲ့သည်​အခါမှာ​တော့ ပြင်​ပ စစ်​​မြေပြင်​မှာသာမက Astral World လို့​ခေါ်တဲ့ နာမ်​ဝိညာဉ်​ကမ်ဘာမှာ လဲတိုက်​ပွဲ​တွေ အလင်​း အ​မှောင်​ အားပြိုင်​မူ​တွေ ဖြစ်​​ပေါ်လာခဲ့သည်​။ ​ဒါ​ကြောင်​​့ ​ဆရာမဒေါ်ခင်​မျိူ းချစ်​က နှစ်​​လောကတိုက်​ပွဲလို့ ဝတၳုကိုဘာသာပြန်​ခဲ့ပုံရပါသည်​။ ဝတၳု ​နောက်​ပိုင်​းမှာ​တော့ God summoning အတတ်​​တွေ အာဖရိကဗူဒူးအတတ်​ ဖုတ်​သွင်​းတဲ့ပညာရပ်​​အတတ်​ စတဲ့ ​မှော်​ပညာ​ရပ်​​တွေ သုံးပြီးတိုက်​ခိုက်​ကြပုံ​တွေကို သည်​းထိတိရင်​ဖို ဖြစ်​ဖွယ်​ ဇာတ်​လမ်​းဆင်​ထား​သည်​။ မထင်​မှတ်​ထားတဲ့ ​နေရာ​လေး​တွေမှာ ဇာတ်​လမ်​း အချိူ းအ​ကွေ့​လေး​တွေ​ပြောင်​းထားပုံမှာလဲ ရုပ်​ရှင်​တပုဒ်​ကို
ထိုင်​ကြည်​့ရ​နေရသလို​ ဆွဲ​ဆောင်​မူရှိလှပါတယ်​။


ဇာတ်​လမ်​းအကျဉ်​း

=============
ဒုတိယကမ်ဘာစစ်​အတွင်​း အတ္တလန်​တိတ်​ သမုဒ္ဒရာအတွင်​း ဗြိတိန်​​ရေတပ်​သ​ဘောၤ​တွေသွားလာမူ ကို နာဇီဂျာမန် စစ်​တပ်​က 
ဘယ်​​နေ့ ဘယ်​ချိန်​ ဘယ်​လမ်​း​ကြောင်​းကသွားမည်​ကအစ သတင်း​အတိအကျသိပြီး ဗုနး်​ကြဲ​လေ့ရှိတယ်။ ​ဘယ်​​လောက်​ပဲလျူှ ် ့ဝှက်​စွာ​ဆောင်​ရွက်​သည်​ ဖြစ်​​စေ အချိန်​တန်​ရင်​ သတင်​းရသည်​ချည်​းသာဖြစ်​လို့ ဗြိတိန်​အရာကြီးများ အလွန်​​ခေါင်​းကိုက်​ စဉ်​းစားရကြပ်​ ကြရပုံဖြင်​့ ဝတၳုကိုအစပျိူ းထားပါတယ်​။

ဝတၳု၏ အဓိက ဇာတ်​​ဆောင်​မှာ ပြင်​သစ်​မြို့စားနွယ်​ ရစ်​ခ​လော ဖြစ်​ပြီးဗြိတိန်​တပ်​မ​တော်​ စစ်​အရာရှိ​ဟောင်​းပါ။ ညဏ်​ပညာကြီးရင်​့သူဖြစ်​သည်​့အတွက်​ ​​လောကီပညာ​မှော်​ပညာရပ်​ ဝိညာဉ်​​လောကအတတ်​ ်​တို့ကို လိုက်​စားခဲ့သူလဲဖြစ်​တယ်​။ အရာရှိ​ဟောင်​းဖြစ်သည့်ရ​​စ်​ခ​လောကို အထက်​ပါကိစ္စများ လာ​ရောက်​တိုင်​ပင်​
အကြံညဏ်​​တောင်​းရာ ဒီကိစ္စမှာ​သွေးရိုးသားရိုးမဟုတ်​ပဲ ဂျာမန်​တို့က ဝိညာဉ်​​လောကကိုအသုံးပြုကာ သတင်​းရယူ​နေတာဖြစ်​နိုင်​​ကြောင်​း ယူဆကြပြီး ပို​သေချာ​အောင်​ ရစ်​ခ​လောနှင်​့ အတူသူ့တပည်​့​ကျော်​ ၃ ​ယောက်​တို့ လိပ်​ပြာလွှင်​့အတတ်​ဖြင်​့ စုံစမ်​းကြရာမှ Astral world မှာပါ တိုက်​ပွဲများ ဖြစ်​လာကြတယ်​။ တဖက်​က ​အောက်​လမ်​းဆရာမှာ လွန်​စွာ ပညာရပ်​အဆင်​့အတန်​းမြင်​့ပြီး သူတို့ကို အုပ်​စုကို ဝိညာဉ်​​လောကမှာသာမက ပြင်​ပကမ်ဘာ​တွင်​ပါ ဒုက္ခ​ပေးရန်​ကြိုးပမ်​းလာတယ်​။

​နောက်​ဆုံးမှာ ​အောက်​လမ်​းဆရာရှိရာ ​ဟေဒီကျွန်​းစုကို သူတို့အုပ်​စု ကိုယ်​တိုင်​သွားပြီး ​အောက်​လမ်​းဆရာနှင်​့ ဘတပြန်​ ကျားတပြန်​ တိုက်​ခိုက်​ကြတယ်​။ မထင်​မှတ်​ တဲ့​နေရာ​တွေမှာ ဇာတ်​လမ်​းအချိူ းအ​ပြောင်​း လုပ်​ထားပုံ ​ဟေဒီကျွန်​းမှာ သူတို့လူအုပ်​စု
ဒုက္ခအကြီးအကျယ်​​ရောက်​ကြပုံ။ ​အောက်​လမ်​းဆရာ၏ မာယာ​ကျော့ကွင်​း အတွင်​းကျ​ရောက်​ခဲ့ရပုံတို့မှာ တကယ်​့ကို သည်​းထိတ်​ရင်​ဖိုရှိလှပါတယ်​။

စာစဖတ်​မည်​့သူများအတွက်​ ဆိုလျှင်​်​ ဒီလိုစာအုပ်​မျိူ းက စဖတ်​သင်​့သည်​ဟု ကျ​နော်​ယူဆပါတယ်​။ ​နောက်​ထပ်​စာအုပ်​​တွေ 
ထပ်​ဖတ်​ခြင်​လာ​အောင်​ ဆွဲ​ဆောင်​နိုင်​​တဲ့ စာအုပ်​မျိူ းဖြစ်​လို့ မဖတ်​ရ​သေးသူ​တွေအတွက်​ ညွှန်​းလိုက်​ရပါတယ်​။

#savethelibrary
#ဘာသာပြန်​ဖတ်​ညွှန်​း
#ဂျိုး


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစာၦ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မေှာင်​​သောအလင်​း

လင်​းတင်​့သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ