Book Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း

မူရင်းစာအုပ်အမည် ~ The Godfather 

မူရင်းရေးသူ ~ Mario Puzo
စာအုပ်​အမည်​ ~ ဂေါ့ဖားသား
ဘာသာပြန်သူ ~ တက္ကသိုလ်နေဝင်း
စာအုပ်​တိုက်​ ~ တကောင်းစာအုပ်တိုက်
ပုံနှိပ်မှတ်တမ်း ~ 2017၊မတ်လ၊(စတုတၳအကြိမ်)
တန်​ဖိုး ~ 4000ကျပ်


ဂေါ့ဒ်ဖားသားသည်စာရေးဆရာမာရီယိုပူဇိုရေးသားထားတဲ့ဝတၳုစာအုပ်ကောင်းတစ်အုပ်ဖြစ်ယုံသာမကစာအုပ်ရေ၆သန်းကျော်ရောင်းချခဲ့ရတဲ့အထိအောင်မြင်ခဲ့ရတဲ့စာအုပ်တစ်အုပ်ပါ။


အမေရိကန်နိုင်ငံတွင်ဒုစရိုက်လောကကြီးကိုအံသြဖွယ်ကောင်းလောက်အောင်စည်းကမ်းစနစ်ကျစွာဖွဲ့စည်းချုပ်ကိုင်ကာဒေါ်လာငွေသန်းချီ၍ ရယူခဲ့ရုံသာမကရဲတပ်ဖွဲ့စုံထောက်တပ်ဖွဲ့များကိုလဲလက်တစ်လုံးခြားလှည့်ပတ်ခဲ့တဲ့MAFIA ဂိုဏ်းရဲ့အတွင်းရေးများကိုအတွင်းကျကျဖော်ထုတ်ရေးသားထားတဲ့ဇာတ်လမ်းအကြောင်းကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါ။

အမေရိကန်မြေအောက်ဒုစရိုက်လောကကို ကျောထောက်နောက်ခံပြုထားပြီးငွေကိုရေလိုသုံးကာကွန်ကရတ်လွှတ်တော်အမတ်များကို ကြိုးကိုင်ထားပုံ၊ရဲအရာရှိများကိုငွေနဲ့ပေါက်ကာ ဝယ်ထားနိူင်ပုံ၊တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းရက်ရက်စက်စက်တိုက်ခိုက်သတ်ဖြတ််ပုံတွေကိုရေးသားထားတာဟာအမေရိကန်ဒုစရိုက်လောကကိုအနီးကပ်ကိုယ်တိုင်သွားကြည့်နေရသလိုပါပဲ။

ဂေ့ါဖားသားဆိုတဲ့အဓိပ္ပါယ်ကတော့ခရစ်ယာန်ဘာသာ၀င်တို့မိမိဖခင်အရင်းအပြင်မွေးစားဖခင်သဘောဆန်ဆန်နောက်ထပ်ဖခင်တစ်ဦးအဖြစ် တရား၀င်တာ၀န်ယူစောင့်ရှောက်သူလို့အဓိပ္ပါယ်ရပြီးအမေရိကန်မာဖီးယားလူဆိုးဂိုဏ်းလောကမှာအဆိုပါဂေ့ါဖားသားလိုမျိုးမိမိတို့ဂိုဏ်းသားလူငယ်တွေကိုဖခင်သဖွယ်စောင့်ရှောက်သူဟူ၍ဆိုပါသည်။

ဂေ့ါဖားသားဆိုတဲ့ပုဂ္ဂိုလ်ကတော့ဒွန်ကော်လီယွန်ပါပဲ။ဒွန်ကော်လီယွန်မိသားစုဟာအမေရိကန်ရဲ့သြဇာအာဏာအကြီးဆုံးဂေါ့ဖားသားတစ်ဦးဖြစ်ပြီးပြည်သူလူထုရဲ့ယုံကြည်မှုကိုရာနှုန်းပြည့်ရရှိထားကာဒွန်ကော်လီယွန်ရဲ့ဘ၀မှာမလုပ်နိုင်တာ၊မဖြစ်နိုင်တာမရှိတဲ့အထိသြဇာကြီးပါတယ်။

ဂေါ့ဖားသားဝတၳုသည်မာဖီးယားဂိုဏ်းလူဆိုးလောကအကြောင်းကိုအသေးစိတ်ကျကျဖော်ပြထားပြီး၊သူတို့ရဲ့ပြုမူနေထိုင်ပုံတွေပါရှိသလို၊ တစ်ဖက်ကလည်းအမေရိကန်ပြည်ထောင်စုရဲ့တရားဥပဒေစိုးမိုးရေးအားနည်းချက်တွေ၊ဟာကွက်၊ငွေများငွေနိုင်ပုံတွေကိုလည်းလှည့်ကွက်တွေနဲ့ဖော်ပြထားတ့ဲအတွက်အလွန်ကိုဖတ်လို့ကောင်းတ့ဲစာအုပ်တစ်အုပ်ပါ...။

သက်
#ဘာသာပြန်ဖတ်ညွှန်း
#savethelibrary


Publisher Name: တကောင်းစာအုပ်တိုက်

Publisher Address: အမှတ် ၅/ခ ၊ဇေယျာသီရိလမ်း၊ကမာရွတ်။ ဖုန်း - 0950001983

Publisher Phone Number: 0950001983


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစာၦ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မေှာင်​​သောအလင်​း

လင်​းတင်​့သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ