Book Image

မြောက်ဖျားက အလွမ်းရာသီ

စံပယ်ဖြူနု

“မြောက်ဖျားက အလွမ်းရာသီ”

စံပယ်ဖြူနု

ကံ ့​ကော်​၀တ်​ရည်​စာ​အုပ်​တိုက်​

၅၀၀၀ကျပ်​



ဒီဝတ္ထုကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်​
ပြည်နယ်မှာ ၂၀၁၃ ခုနှစ် ပြည်တွင်းစစ်ကြောင့် 
ဒုက္ခရောက်ရတဲ့စစ်ပြေးဒုက္ခသည်တွေကို နောက်ခံထားပြီး ‘နွယ်’ (မေသီနွယ်) လို့ နာမည်ရသည့် ရှမ်း၊ဗမာ မလေးတစ်ယောက်က သူ့ အဖေတူ အမေကွဲ ညီမ ‘အဆိုင်း’ (မရန်ဆိုင်းမိုင်) ကို ဒုက္ခသည်စခန်းတွေမှာ သွားရောက်ရှာဖွေတဲ့ လွမ်းစရာ့ ဇာက်လမ်းလေးပါ။
( စာ​ပေဆုလည်​းရခဲ့ပါတယ်​)

ဆရာမ စံပယ်ဖြူနုဟာ ဒီဝတ္ထုရေးဖို့အတွက် အလုပ်က ခွင့်တစ်လယူပြီး စစ်ပြေးဒုက္ခသည်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဆရာ ဝင်းငြိမ်းက အမှာစာမှာ ဆိုထားပါတယ်။ အဲ့အချက်က ဝတ္ထုကို ဖတ်ဖို့ တော်တော်လေး တွန်းအားဖြစ်စေပါတယ်။ ယနေ့ခေတ်မှာ ဒေသတစ်ခုကို သွားရောက်ပြီး သေချာလေ့လာပြီးကာမှ ရေးတဲ့ စာရေးဆရာဆိုတာ ခပ်ရှားရှားကိုး။

ဝတ္ထုရဲ့ အစပိုင်းကို ရန်ကုန်မြို့ရှိ ဘာသာစကား သင်တန်းတစ်ခုမှာ ဂျပန်ဘာသာကို သင်ကြားပြသနေတဲ့ ဆရာမတစ်ဦးရဲ့ မြို့ပြ၌ ရုန်းကန်လွုပ်ရှားရပုံနဲ့ စထားပါတယ်။ သင်ကြားရေးနဲ့ အသက်မွေးမွုပြုတဲ့ ဆရာမတစ်ဦးရဲ့ ဘဝထက် တနင်္ဂနွေတစ်ရက်သာ ပိတ်တဲ့ ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ ဘဝကို ပိုမိုပေါ်လွင်စေတယ်။ နယ်မှ ရန်ကုန်သို့ လာရောက်၍ အလုပ်လုပ်ကာ အိမ်သို့ ငွေပြန်ပို့ရတဲ့ လူငယ်တွေ တကယ့် ပုံရိပ်အစစ်ကို အနည်းငယ် ထင်ဟပ်စေပါတယ်။ 

ဖခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့နဲ့ မိမိရဲ့ မသိစိတ်ထဲက ညီမလေး အဆိုင်းကို ချစ်တဲ့စိတ်က ရှာပုံတော် ခရီးကို စစေခဲ့တယ်။ သူငယ်ချင်းကောင်းတွေရဲ့ နွုတ်ဖြင့်ဆောင်မမွု၊ အားပေးကူညီမွုဟာလည်း မီးသွေးပေါ်တင်နေတဲ့ ပြာတွေကို လေဖြင့်မွုတ်ပေးသလို အားတွေပေါ့။ ကချင်ပြည်နယ်ရဲ့အလှကတော့ အလျင်းသင့်သလို ဝတ္ထုတစ်ပုဒ်လုံးမှာ ရေးဖွဲ့ထားပါတယ်။ သဘာဝတောတောင်ရေမြေအလှကို ဖွဲ့နွဲ့ရာမှာတော့ ရေှးဆရာကြီး၊ ဆရာကြီးများလောက် စကားလုံး ကျစ်လျစ်သိပ်သည်းလှသည် မဟုတ်ပေမယ့် စာဖတ်သူများကိုတော့ ထိုနေရာများသို့ ခေါ်ဆောင်သွားနိုင်ပါတယ်။

နွယ်ကလေးဘဝမှာ အရီးလေးဖြစ်သူရဲ့ လွွမ်းမိုးခြင်း ခံလိုက်ရတယ်။ အချိုထည်အဆိပ်လေးပေါ့။ မလိုအပ်ပဲ သူ့အပေါ် အမေအရင်းလို့ ကောင်းတဲ့ သူ့မိထွေး ဒေါ်နူးနဲ့ အဖေတူ အမေကွဲ ညီမလေး အဆိုင်းကို မုန်းခဲ့ရတယ်။  အဖြူထည် ကလေးတစ်ယောက်ရဲ့ စိတ်ဟာ လူကြီးတွေကြောင့်ပဲ စိတ်ရိိုင်းဝင်ရတယ်ဆိုတဲ့ အချက်လေး။ နွယ် တက္ကသိုလ်ရောက်လို့ သိနားလည်လာတောင်မှ ငယ်စဉ်ကလေးဘဝကတည်းက စိုက်ဝင်ခဲ့တဲ့ဆူး နွုတ်မရပုံ တော်တော်လေး ပေါ်လွင်လှပါတယ်။

အတိတ်ကို ပြန်မြင်ယောင်ဖွယ် ရေးသားထားတာကြောင့် နွယ်ငယ်စဉ် ရွာမှာ ကြီးပြင်းခဲ့ပုံ၊ နောက် ရွွာဓလေ့  လူပျိုအပျိုချစ်ကြိုက်ပုံ၊ နွယ် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တက်တော့လည်း တက္ကသိုလ်ဘဝ ပျော်ရွွင်ကြယ်နူးဖွယ်ရာများကို အခန်းလိုက် ဖတ်ရွုရမှာပါ။ 

အဆိုင်းကို ရှာဖွေတဲ့ ခရီးစဉ်မှာ သူမတည်းခိုနေတဲ့ မိုင်ဂျာယန်ကနေ သူမသွားရောက်ရတဲ့ ဒုက္ခသည် စခန်းများ ပါကထောင်၊ အင်ခေါင်းပါ၊ ခါးခယ်တို့ကို ခက်ခက်ခဲခဲ သွားလာရပုံက စာဖတ်သူတွေကို ကိုယ့်နိိုင်ငံရဲ့ တိုင်းရင်းဒေသတွေမှာ လမ်းပမ်း ဆက်သွယ်ရေးခက်ခဲပုံ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ဘဝအခြေအနေ၊ တရုတ်-မြန်မာ နယ်စပ်တွေမှာ မြန်မာငွေ မသုံးစွဲကြပုံ၊ ဗမာစကား ပြောဆိုသံကြားပါက နိုင်ငံခြားသားတွေကို ကြည့်သလို ကြည့်ကြပုံ အထူးသဖြင့်တော့ စစ်ကြောင့် ဒုက္ခရောက်ရတဲ့ ကချင်ဒေသ ပြည်သူများရဲ့ ဒုက္ခအဖုံဖုံနှင့် နေထိုင်စားသောက်ရပုံ ကတော့ ဂရုဏာ သတ်ဖွယ်ပါ။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်တိုင်းရင်းသူ အဒွဲနှင့် မွန်းရာ၊ နွယ့်ကို တက္ကသိုလ်ဘဝတည်းက ချစ်ခဲ့ပြီး INGO တစ်ခုမှာ အလုပ်လုပ်နေတဲ့ လင်းထင်။ သူတို့ သုံးယောက်က နွယ့်ရှာပုံတော်ခရီးအတွက် ပါရမီဖြည့်ဖက်များ။ ဒုက္ခသည် စခန်းမှာ အမှတ်မထင်ပြန်တွေ့ခဲ့တဲ့ နွယ့် ငယ်သူငယ်ချင်း နူးမိုင်၊ နောက် နွယ့် ညီမလေး အဆိုင်း။ သူတို့ကတော့ အဓိကဇာတ်ကောင်တွေပါ။ သို့သော် ဘယ်သူမှ မဖြစ်ချင်တဲ့ စစ်ဘေးဒုက္ခသည် ဇာတ်ကောင်များ။

ဇာတ်လမ်းက စာဖတ်သူတွေ ခန့်မှန်းရခက်စွာ အဆုံးသတ်သွား​စေပါတယ်​။

“မိုးရာသီသည် ကချင်မြေအဖို့ ကံမကောင်းခြင်းကိုသာ လက်ဆောင်လိုယူလာခဲ့ပါသည်ဆိုလှျင် ဆောင်းရာသီကတော့ သူ့အတွက် အိမ်မက်ဆိုးများသာ ပေးခဲ့ပါသည်ဟု အဆိုင်းဆိုချင်ပါသည်။ ဘဝတွင် ယောင်၍မှျ  မစဉ်းစားဖူးသော အိမ်မက်ဆိုးပင်တည်း”
(စံပယ်ဖြူနု - မြောက်ဖျားက အလွမ်းရာသီ)

#ဆုဆာရာ
#၀တ္တုရှည်​ဖတ်​ညွွန်​း
#Savethelibrary


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books