Book Image

ဆူဆိုက် ကော်ဖီဆိုင်

ချိုပိန်းနောင်

၁၈+ လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆူဆိုက်ကော်ဖီဆိုင်ဆိုတဲ့ စာအုပ်။ ရေးသူက ချိုပိန်းနောင်။ အဓိက အကြောင်းအရာတွေက ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အနုပညာရှင်တွေ အကြောင်း။ ဗင်ဂိုးပါတယ်။ ဟဲမင်းဝေးပါတယ်။ ဂျင်မီဟန်းဒရစ်ပါတယ်။ ကတ်ကိုးဘိန်းပါတယ်။ တစ်ခြား အနုပညာရှင်တွေလဲ ပါသေးတယ်။


၁၈+ လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆူဆိုက်ကော်ဖီဆိုင်ဆိုတဲ့ စာအုပ်။ ရေးသူက ချိုပိန်းနောင်။ အဓိက အကြောင်းအရာတွေက ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အနုပညာရှင်တွေ အကြောင်း။ ဗင်ဂိုးပါတယ်။ ဟဲမင်းဝေးပါတယ်။ ဂျင်မီဟန်းဒရစ်ပါတယ်။ ကတ်ကိုးဘိန်းပါတယ်။ တစ်ခြား အနုပညာရှင်တွေလဲ ပါသေးတယ်။ 

ကျွန်တော် YouTube ကြည့်ရင် လိုက်ရှာတတ်တဲ့ စကားစုတစ်ခုရှိတယ်။ အဲဒါက 27 Club။ အသက် နှစ်ဆယ့် ခုနှစ်နှစ်မှာ သတ်သေကြတဲ့ အနုပညာရှင်တွေ အကြောင်းပါ။ Google မှာ ရိုက်ရှာကြည့်လဲ Wikipedia မှာ 27 Club ဆိုပြီး ရှိပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ချိုပိန်းနောင်ရဲ့ ဆူဆိုက်ကော်ဖီဆိုင်ကို စိတ်ဝင်စားမိတာပါ။ 

အသက် ၁၈နှစ် ပြည့်ပြီးသူများဖတ်ရန်ဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် ကျွန်တော့်အတွက်တော့ ၁၈ နှစ်မပြည့်ခင် အချိန်ဖတ်လဲ ဘာမှ ဖြစ်မယ် မထင်ပါဘူး။ ဖတ်ချင်တယ် သိချင်တယ် ဘာကြောင့်လဲ။ ရှင်းပါတယ်။ သိလိုစိတ် ပြင်းပြတာကြောင့်ပါ။ လူတွေဟာ အဲဒီလို ထူးထူးခြားခြား လူတွေအကြောင်းကို သိလိုကြပါတယ်။ 

ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ သားတစ်ယောက် ကျောင်းမှာ ကလေးအချင်းချင်း လူရှေ့သူရှေ့ဘောင်းဘီ ဆွဲချွတ်ခံရတာနဲ့တင် အိမ်ပြန်ရောက်တော့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားတာ ကြားဖူးပါတယ်။ နောက် နယ်မှာ နေစဉ်တုန်းက ကိုယ်က ၅ တန်းလောက်၊ အဲဒီ အကိုကြီးက ဆယ်တန်း၊ စာက အရမ်းတော်တယ်။ ဒါပေမယ့် ဆယ်တန်းလောက်ကတည်းက ကြိုးတွေကို သူလည်ပင်းကို ပတ်ရစ်ပြီး ကစားတယ်။ နောက်တော့ သတ်သေဖို့ ကြိုးစားနေတယ်ဆိုတာ သူ့မိဘတွေ သိတော့ ကြိုးတွေကို အကိုင်မခံတော့ဘူး။ သူ့ကို အမြဲစောင့်ကြည့်တယ်။ သူနဲ့ သိတဲ့ သူငယ်ချင်းတွေက အဲဒီအကိုကြီး လည်ပင်းမှာ ကြိုးရာ အမှတ်ကြီး ပါတယ်တဲ့။ နောက်တော့ ဆယ်တန်းမှာ ဂုဏ်ထူးအများကြီးနဲ့ အောင်တယ်။ နောက်တော့ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာတယ်။ အရင်လို ကြိုးတွေ လိုက်ရှာမနေတော့ဘူး။ တည်ငြိမ်လာတယ်။ အဲဒါနဲ့ သူ့မိဘတွေလဲ သူ့သားတော့ လွတ်သွားပြီ ထင်ပြီး လွှတ်ထားမိတယ်။ အဲဒီမှာ အပ်ချည်လုံးတစ်လုံးလုံးကို လည်ပင်းမှာ အထပ်ထပ်ပတ်ပြီး သတ်သေသွားတယ်။

လူကြီးတွေ ပြောကြတာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေ အဖန်ငါးရာ၊ ငါးကမ္ဘာတဲ့။ အဲဒီလို သတ်သေတာ အရင်ဘဝက သတ်သေဖူးလို့တဲ့။ အဲဒါဆို ဂျပန် ဆာမူရိုင်းတွေဆိုရင် ဘယ်လိုလုပ်မလဲ၊ သူတို့ဓားနဲ့ ဗိုက်ကိုမွေ့ သတ်သေကြတာ နည်းမှမနည်းတာ။ ဘဝဆိုတာတွေ ရှိနေရင် သူတို့တွေ အဲဒီလိုပဲ သတ်သေနေကြမှာပေါ့။ အဲဒီလို ငယ်ငယ်တုန်းက တွေးဖူးတယ်။ သူတို့စိတ်အနေအထား အသေးစိတ်ကို သိချင်တယ်။ ပြောင်းလဲပုံ အဆင့်ဆင့်ကို လေ့လာချင်ခဲ့တယ်။

အဲ … ကျွန်တော် ပြောချင်တာ လျှောက်ပြောနေတာ။ ခင်ဗျားရော … သတ်သေကြတဲ့သူတွေ အကြောင်း မသိချင်ဘူးလား။ သိချင်ရင် ဆူဆိုက်ကော်ဖီဆိုင်ဖတ်ကြည့်ဗျာ။ ဒါပေမယ့် ကိုယ့်စိတ်တော့ ကိုယ်စစ်လိုက်ဦး။ ကိုယ်က သေချင်စော်နံအောင် စိတ်ပျက်စရာတွေ ကြုံနေရင်တောင် သတ်သေဖို့ စိတ်တော် မကူးတဲ့သူလား။ ဒါမှမဟုတ် ဘာမဟုတ်တာလေးနဲ့ သတ်သေဖို့ သိပ်လွယ်နေသူလားပေါ့ဗျာ။ 

အေးဆေးပါဆိုရင်တော့ ဂျပန်မှာရှိတဲ့ ဆူဆိုက်ဖောရက်စ် အကြောင်း ဆက်ကြည့်ဗျာ။ ကမ္ဘာပေါ်မှာ လူတွေ သတ်အသေဆုံး နေရာတွေဆိုပြီး ရှာကြည့်ဗျာ။ ဟဲဟဲ … ကိုယ့် ကိစ္စနဲ့ကိုယ်နော်ဗျ။ ကျော့်ကို လာ အမှုမပတ်နဲ့။

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books