Book Image

အချစ်နဲ့စစ်

ဝင်းငြိမ်း

“အချစ်နဲ့စစ်”


ဘာသာပြန် - ဝင်းငြိမ်း
တန်ဖိုး - ၅၀၀၀ ကျပ် 
စာမျက်နှာ - ၃၉၈



ကင်​စတန်​နန်​း​တော်​ ​ရွွေ​လေှာင်​ချိုင်​့ထဲက ​ဝေလမင်​းသမီး ဒိုင်​ယာနာ နဲ့ ​ယောက်​ျားပီပီ ခန်​့ညားတဲ့ စစ်​ဗိုလ်​​လေး တို့ရဲ့ ကြည်​နူးဖွယ်​ ၊ ​ကြေကွဲဖွယ်​ လျို့ဝှက်​ အချစ်​ဇာတ်​လမ်​း​လေး။

၁၉၉၅ ခုနှစ်​၊ နိုဝင်​ဘာလတုန်​းက ရုပ်​သံအင်​တာဗျူးတစ်​ခုမှ ဒိုင်​ယာနာက သူ ဗိုလ်​မွူး​ဟေးဝစ်​ကို ချစ်​ခဲ့ပါတယ်​၊ မြတ်​နိုးခဲ့ပါတယ်​လို့ ပွင်​့ပွင်​့လင်​းလင်​း ​ပြောခဲ့ဖူးတယ်​။ ဒိုင်​ယာနာနဲ့ ချစ်​ကြိုက်​မိခဲ့တဲ့ ဗိုလ်​မွူး​ဟေးဝစ်​က သက်​​တော်​​စောင်​့တပ်​က။ သူတို့နှစ်​​ယောက်​ရဲ့ ငါးနှစ်​ကြာ ချစ်​ခရီးနဲ့ ပင်​လယ်​​ကွေ့စစ်​ပွဲမှာ ဗိုလ်​မွူး​လေးရဲ့ တင်​့ကားတပ်​ဖွဲ့ တိုက်​ပွဲဝင်​ပုံ​တွေပါ ဒီစာအုပ်​ထဲမှာ ထည်​့​ရေးထားတယ်​။

ဗိုလ်​မွူး​ဟေးဝစ်​က သူနဲ့ ဒိုင်​ယာနာအ​ကြောင်​း ဖွင်​့ချထားတဲ့ ဒီစာအုပ်​ကို မထုတ်​ဖို့ ဒိုင်​ယာနာရဲ့ သား​တော်​​လေး ဝီလျံမင်​းသားက တားမြစ်​ခဲ့​သေးတယ်​လို့ ဆိုပါတယ်​။

သူ သွား​လေရာ တ​ကောက်​​ကောက်​ လိုက်​​နေတဲ့ သတင်​း​ထောက်​​တွေ၊ ဓာတ်​ပုံဆရာ​တွေ ​ရေှ့က​နေ ငိုပြီး​တောင်​ ထွက်​​ပြေးခဲ့ရတဲ့ ​ရွွေမင်​းသမီး​လေး။ အဲဒါ အ​စောပိုင်​း ကာလ​တွေ​ပေါ့ ။ ​နောက်​​တော့လည်​း ​ရွွေပင်​နားမိတဲ့ ​ရွွေ​ကျေးမ​လေး ဒိုင်​ယာနာ မင်​းသမီး​လေးဟာ ဓာတ်​ပုံ တဖျပ်​ဖျပ်​ ရိုက်​​နေတာကို ​နေသားကျသွားတယ်​။ ​တော်​ဝင်​မိသားစု​တွေရဲ့ ဓ​လေ့ထုံးစံ အတိုင်​း ဧည်​့ခံပွဲ​တွေတက်​ ၊ မိန်​့ခွန်​းစကား​ပြောနဲ့ ​နောက်​​တော့လည်​း သတင်​း​ထောက်​​တွေ၊ ဓာတ်​ပုံဆရာ​တွေကို သူ မ​ကြောက်​​တော့ဘူး။

သွား​လေရာ သတင်​းသမား​တွေ အမြဲ ဝိုင်​း​နေတဲ့ ၊ သတင်​းစာရဲ့ အထူးသတင်​းမှာ အမြဲသတင်​းထူး ဖြစ်​​နေရှာတဲ့ ဒိုင်​ယာနာ မင်​းသမီး​လေးဟာ အိမ်​​ထောင်​​ရေးမှာ​တော့ ကံ​ခေခဲ့တယ်​ ။ ဝီလျံနဲ့ ဟယ်​ရီ ဆိုတဲ့ သား​တော်​​လေးနှစ်​ပါး ​မွေးပြီး​နောက်​ ချားလ်​စ်​နဲ့ ဒိုင်​ယာနာတို့ရဲ့ အိမ်​​ထောင်​မွုကိစ္စ နိတ္တိတံခဲ့တယ်​။ ​တော်​ဝင်​မိသားစုရဲ့ ထုံးတမ်​းအစဉ်​အလာအရ ကွာရှင်​းလို့​တော့ မရဘူး​ပေါ့ ။

ဒိုင်​ယာနာအတွက်​ တကယ်​အဆင်​မ​ပြေတာက ခမ်​းနားကြီးကျယ်​တဲ့၊ စည်​းကမ်​းတင်​းကျပ်​တဲ့ ​တော်​ဝင်​မိသားစု အသိုင်​းအဝိုင်​း မဟုတ်​ဘဲ လင်​​တော်​​မောင်​ ချားလ်​စ်​မင်​းသား ဖြစ်​​နေတဲ့အခါ စိတ်​ထွက်​​ပေါက်​ ရှာမိခဲ့တယ်​။

သက်​​တော်​​စောင်​့တပ်​က ဗိုလ်​မွူး​ဟေးဝစ်​ဆီမှာ ဒိုင်​ယာနာ မြင်​းစီးသွားသင်​ဖြစ်​တယ်​။ ဆုံနိုင်​မယ်​ မဆုံနိုင်​ဘူ ဆိုတာ မ​သေချာ​ပေမဲ့ သူတို့နှစ်​ဦး တကယ်​ပဲ စွဲစွဲလမ်​းလမ်​း ချစ်​မိခဲ့ကြတယ်​။ တစ်​ချိန်​ကျရင်​ သူတို့နှစ်​​ယောက်​ အတူ​နေနိုင်​ကြမယ်​လို့လည်​း ​မေှျာ်​လင်​့ခဲ့ကြတယ်​။

ဗိုလ်​မွူး​လေးအတွက်​ ဒိုင်​ယာနာ ပထမဆုံး​ပေးခဲ့တဲ့ ချစ်သူ့​လက်​​ဆောင်​က နှင်​းဆီ​ရေ​မွွေးရနံ့ သင်​းပျံ့​နေတဲ့ လက်​​ရေး ကဗျာစာအုပ်​​လေးပဲ ။.ဒိုင်​ယာနာကြိုက်​တဲ့ ကဗျာ​လေး​တွေ​ပေါ့ ....

"လာ​နေစမ်​းပါ ချစ်​တဲ့ ကိုယ်​့အနား
အဲဒီအခါမှာ ချမ်​း​မြေ့ခြင်​းအားလုံး ခံစားရမှာ "

"ပန်​းများရဲ့ ရနံ့သာ ပြယ်​​ကောင်​းပြယ်​သွားမယ်​ 
တို့များရဲ့ အချစ်​က​တော့ ဘယ်​​တော့မှ မ​ပျောက်​ပြယ်​ဘူး " တဲ့ ။

ဘယ်​​လောက်​ ကြည်​နူးဖို့ ​ကောင်​းသလဲ​နော့။ ဒါ​ပေမဲ့ ကြည်​နူးဖွယ်တွေဟာ ​ကြေကွဲစရာ​တွေနဲ့ အဆုံးသတ်​ရ​တော့ပဲ​လေ။

ဗြိတိသှျ​တော်​ဝင်​မိသားစု​​တွေ ​နေပုံထိုင်​ပုံ၊ ဘာကင်​ဟမ်​နန်​း​တော်​၊ ကင်​စတန်​နန်​း​တော်​ ၊ ဒိုင်​ယာနာမင်​းသမီး စတဲ့ မဟာဆီ မဟာ​သွေး​တွေအ​ကြောင်​း။ နူးညံ့လှပတဲ့ ချစ်​ခြစ်​တရား အ​ကြောင်​း။ ပင်​လယ်​​ကွေ့စစ်​ပွဲအ​ကြောင်​း စသည်​့ ဖြစ်​ရပ်​မှန်​​တွေကို ​ရေးဖွဲ့ထားတဲ့ စာအုပ်​ပါ။

ဗိုလ်​မွူး​လေး ဂျိမ်​းစ်​​ဟေးဝစ်​နဲ့ ဒိုင်​ယာနာ မင်​းသမီးတို့ရဲ့ အချစ်​နဲ့ပင်လယ်​​ကွေ့စစ်​ပွဲ (၁၉၉၁)တုန်​းက တင်​့ကားတိုက်​ပွဲ​တွေ အ​ကြောင်​းစိတ်​ဝင်​စားဖွယ်​ စာအုပ်​တစ်​အုပ်​ပါ။
#Wun Zinn to Home 






Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်းလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books