Book Image

တစ်ခေတ်တစ်ခါက မြန်မာ့အားကစားလူရည်ချွန်များ

မောင်ရဲ၀င်း

#မောင်ရဲ၀င်း ၏ တစ်ခေတ်တစ်ခါက မြန်မာ့အားကစားလူရည်ချွန်များ

တန်ဖိုး - ၃၀၀၀ ကျပ်
ဒုတိယအကြိမ် (၁၉၇၂ စာပေဗိမာန်ထုတ် ပထမအကြိမ်မူ) ၊ စာမျက်နှာ- ၂၈၃ မျက်နှာ
၂၀၁၈၊ ဒီဇင်ဘာလ။ 




၁၉၆၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်ကျော် နှစ်များအတွင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် လူရည်ချွန် အားကစားသမား ၁၇ ဦ၏ အားကစားဘ၀၊ အားကစားလှုပ်ရှားမှု၊ တင်ခဲ့ ချိုးခဲ့သောစံချိန်များနှင့် ဆွတ်ခူးခဲ့သောဆုတံဆိပ်များ၊ ဒိုင်းများ၊ ဆုဖလားများစသည့် ကြိုးပမ်းမှုများအကြောင်း ပြုစုပေးထားသည်။ ပြေးခုန်ပစ် အားကစားသမားများ ဖြစ်ကြသည့် ဂျင်နီဖာတင်လေး၊ မိုးစံ၊ ဂျင်မီ၊ ရှင်မွေဂန်း၊ မမိုးအေး၊ စိုးမရ၊ ဘော်လီဘောမယ် မဖြူဖြူ၊ ကြက်တော် ချန်ပီယံ ကြည်ညွန့်၊ ရေကူးချန်ပီယံတင်မောင်နီ၊ လက်ေ၀့ှ အားကစားသမားများ ဖြစ် ကြသည့် တင်ထွန်း၊ သိန်းမြင့်၊ အလေးမကစားသမားများဖြစ်ကြသည့် ထွန်းမောင်၊ ချစ်မြတို့ အပြင် မြန်မာ့ဘောလုံးရွှေရောင်တောက်ခဲ့စဉ်ကနည်းပြအဖြစ် ကိုင်တွယ်ကြီးကြပ်ခဲ့သည့် ဦးစိန်လှိုင်နှင့် ယနေ့အချိန်ထိ မြန်မာ့ဘောလုံးပရိသတ်များအကြားရေပန်းစားနေဆဲဖြစ်သောဗဟာဒူး၊ လှဌေးနှင့် ဂိုးတင်အောင်တို့၏ အားကစားဘ၀ ဖြတ်သန်းမှုများကိုစုစည်းပေးထားသည်။


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books