Book Image

ကျွန်တော်ဆက်၍ ရေးချင်သော၀တ္တုတိုများ

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


#ကျွန်တော်ဆက်၍ ရေးချင်သော၀တ္ထုတိုများ

#မြသန်းတင့်
#စာမျက်နှာ - ၃၂၀ (တန်ဖိုး - ၄၀၀၀ ကျပ်)
မဟာစာပေ



စာဖတ်​ ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အ​ပေါ် လွှမ်​းမိုးတဲ့ စာအုပ်​​တွေ ရှိကြပါတယ်​ ။ ကိုယ်​ စွဲလမ်​းရတဲ့ စာအုပ်​တိုင်​းရဲ့ အချို့​သော ဇာတ်​​ကောင်​စရိုက်​​တွေ ၊ အချို့​သော ဇာတ်​သိမ်​းခန်​း​တွေဟာ ကိုယ်​့အကြိုက်​ ဖြစ်​ချင်​မှ ဖြစ်​တာ ။ ကိုယ်​ကလည်​း ဒီစာအုပ်​ကို ကြိုက်​​နေ​တော့ ကိုယ်​မကြိုက်​တဲ့ ဇာတ်​​ဆောင်​စရိုက်​​တွေ ၊ ဇတ်​သိမ်​း​တွေကို ကိုယ်​့စိတ်​ကူးနဲ့ ဖန်​တီးပြီး စိတ်​​ကျေနပ်​မှု ရ​အောင်​ စိတ်​ကူးယဉ်​ ခဲ့ဖူးတဲ့ အခိုက်​အတန်​ ့ ဟာ စာဖတ်​သူ​တွေ စိတ်​ထဲမှာ ရှိခဲ့ဖူးမှာပါ ။ 

ဝတၳု ဇာတ်​လမ်​း​​တွေ ​ရေးတဲ့ စာ​ရေးဆရာ​တွေ အတွက်​​ ပိုခံစားရ​ပေမ​ပေါ့ ။ ဒါ​ပေမဲ့ အဲဒီအ​ကြောင်​းကို စာတစ်​​စောင်​ ​ပေတစ်​ဖွဲ့ အ​နေနဲ့ ​ရေးသားခဲ့တာ​တော့ ဆရာမြသန်​းတင်​့ တစ်​​ယောက်​ပဲ ရှိမယ်​ ထင်​ပါတယ်​ ။ အဲဒီ စာအုပ်​က​တော့ " ကျွန်​​တော်​ဆက်​၍​ရေးချင်​​သော ဝတၳုများ " ဆိုတဲ့ စာအုပ်​ပါပဲ ။ စာအုပ်​​ကောင်​း တစ်​အုပ်​ဟာ ​ခေတ်​ကို ​ကျော်​လွှားနိုင်​ပါတယ်​ ။ ၁၉၇၄ ခုနှစ်​က ထုတ်​​ဝေခဲ့တဲ့ ဒီစာအုပ်​ "ကျွန်​​တော်​ဆက်​၍​ရေးချင်​​သော ဝတၳုများ " ဆိုရင်​ အကြိမ်​ကြိမ်​ ပြန်​ထုတ်​ရတဲ့ အထိ စာဖတ်​သူ မျိုးဆက်​ အဆင်​့ဆင်​့ ဖတ်​ရှု​နေကြရတဲ့ လက်​စွဲ စာအုပ်​တစ်​အုပ်​ ပါ ။ 

တစ်​ချိန်​​သော အခါကာလ တစ်​ခုမှာ မြသန်​းတင်​့ ဟာ တစ်​​ယောက်​ထီးတည်​း လ​ပေါင်​းများစွာ ​နေခဲ့ရတယ်​ ။ စာကား​ပြော​ဖော်​ မရှိ ၊ စာအုပ်​ဆိုတာ လုံးဝ မရှိတဲ့ အချိန်​ကာလ တစ်​ခုကို သူဖြတ်​​ကျော်​ခဲ့ရတယ်​ ။ သူ့အတွက်​ ပစ္စုန်​ပ္ပန်​ နဲ့ အနာဂတ်​ ကာလ​တွေ ​ပျောက်​ဆုံး​နေပြီး "အတိတ်​ကာလ " တစ်​ခုတည်​းမှာ ​နေခဲ့ရတဲ့ အချိန်​မှာ ဒီစာအုပ်​​ရေးဖို့ စိတ်​ကူးရခဲ့တယ်​ ။ 

၁၉၂၀ က​နေ ၁၉၄၅ ကာလ ထုတ်​​ဝေခဲ့တဲ့ စာအုပ်​​တွေ ထဲကမှ သူ ဖတ်​ခဲ့ပြီး သူ နှစ်​သက်​ခဲ့တဲ့ ဝတၳု​တွေထဲက ဇာတ်​​ကောင်​​တွေကို ဆရာမြသန်​းတင်​့ ဟာ စိတ်​ကူးထဲမှာ ​တွေ့ဆုံ ​ဆွေး​နွေးဖို့ ဖြစ်​လာပါတယ်​ ။ အဲဒီ ဝတၳု​တွေရဲ့ ဇတ်​လမ်​းနဲ့ ဇာတ်​​ကောင်​စရိုက်​​တွေ ကို ပြန်​စဉ်​းစား သုံးသပ်​ပြီး စာအုပ်​ ​ဝေဖန်​​ရေး ပုံစံနဲ့ ​ရေးထားပါတယ်​ ။ ဒီစာအုပ်​ကို ဖတ်​ပြီးမှ ဒီထဲက ညွှန်​းဆို ထားတဲ့ စာအုပ်​​တွေကို ရှာဖတ်​ကြည်​့တဲ့ သူ​တွေလည်​း မနည်​းပါဘူး ။ 

ဆရာမြသန်​းတင်​့ က ဘယ်​ဝတၳု​တွေကို ဘယ်​လို ဆက်​ပြီး ​ရေးချင်​သလဲ ဆိုတာ နမူနာ ပြရရင်​ ....

" အ​ကောင်​းကို ရှာ၏ ။ အ​ကောင်​းကား မရှိ​တော့ " ဆိုတဲ့ ​မေ ကို အမျိုးသမီး ​ဘော်​ဒါ​ဆောင်​ တစ်​ခုဖွင်​့ပြီး တက္ကသိုလ်​​ကျောင်​းသူ ​တွေကို ထိန်​း​ကျောင်​း ပြုပြင်​​ပေးလိုတဲ့ ​ရွှေအို​ရောင်​​မေ အဖြစ်​ ဖန်​ဆင်​းလိုက်​တယ်​ ။ ( ဒဂုန်​တာရာ _ ​မေ )

​ကောလိပ်​​ကျောင်​းသား ထဲက ရွှတ်​​နောက်​​နောက်​ သိန်​း​ဖေ ဟာ ဥ​ရောပနိုင်​ငံ အနှံ ့အပြား လည်​ပတ်​ သွားလာ​နေတဲ့ ၊ ဘာသာစကား အသစ်​​တွေကို သင်​ယူ​နေတဲ့ ဦးသိန်​း​ဖေ အဖြစ်​ ဆရာမြ ပုံ​ဖော်​ စိတ်​ကူးယဉ်​ ခဲ့တယ်​ ။ ( ဇဝန _​ကောလိပ်​​ကျောင်​းသား) 

မြသန်​းတင်​့ ဆက်​ပြီး ​ရေးချင်​တဲ့ ဝတၳု​တွေထဲက ဇာတ်​​ကောင်​ တချို့က ​တော့... 

မင်​း​ဆွေ ​ရေးတဲ့ "ဓား" ဝတၳု ထဲက မျိုးမြင်​့ရန်​​နောင်​

​ဇေယျ ​ရေးတဲ့ "မြတ်​​လေး​ရွှေဓားဗိုလ်​ " ဝတၳုထဲက မြတ်​​လေး​ရွှေဓားဗိုလ်​

ရဲထွန်​းလင်​း ​ရေးတဲ့ "အ​ရေး​တော်​ပုံတပ်​သား" ဝတၳုထဲက မျိုးတင်​့ တို့နဲ့ အခြား ဇာတ်​​ဆောင်​ ၅​ယောက်​ ဖြစ်​ပါတယ်​ ။ 

အခုအချိန်​မှာ မြသန်​းတင်​့ ​ဝေဖန်​ ညွှန်​းဆို ခဲ့တဲ့ ဒီစာအုပ်​ (၁၀) အုပ်​ဟာ ဂနၳ၀င်​ စာရင်​းတွင်​​နေပါပြီ ။ ဆရာမြသန်​းတင်​့ နှစ်​သက်​ စွဲလမ်​းခဲ့တဲ့ စာအုပ်​ (၁၀) အ​ကြောင်​းနဲ့ ဆရာမြ ဘယ်​လိုဆက်​ပြီး ​ရေးချင်​သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းစည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။


Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်​းလမ်​း၊ သု၀ဏ္ဏ၊ သင်္ဃန်​းကျွန်​းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books