Book Image

မှောင်သောအလင်း

လင်းတင့်သီဟ

စာအုပ်​အမည်​ _​မှောင်သောအလင်း

ဘာသာပြန်​ _ လင်​းတင်​့သီဟ
မူရင်​းစာအုပ်​အမည်​_Angles And Demons
မူရင်​းစာ​ရေးဆရာ _Dan Brown
ထုတ်​သည်​့နှစ်​ _​အောက်​တိုဘာ ၊ ၂၀၁၈ (ပထမအကြိမ်​)
ထုတ်​သည်​့တိုက်​ _ဆု​ရောင်​စဉ်​ စာအုပ်​တိုက်​
မျက်​နှာဖုံးဒီဇိုင်​း _​ကျော်​မင်​း​မောင်​
စာမျက်​နှာ _၇၉ရ
တန်​ဖိုး_ ၁၀၀၀၀



လူအများကြီးကို အစုလိုက်​ အပြုံလိုက်​ သတ်​ဖြတ်​မွု​တွေ ၊ ကြီးကျယ်​တဲ့ ပုဂ္ဂိုလ်​​တွေကို ပစ်​မှတ်​ထားပြီး သတ်​ဖြတ်​မွု​တွေ ရဲ့ တရားခံ တစ်​ချို့က ​ပြောတယ်​.။ သူတို့ က သူတို့ရဲ့ သက်​ဆိုင်​ရာ ဘုရားသခင်​ နဲ့ ​တွေ့ခွင်​့ စကား​ပြောခွင်​့ ရခဲ့ကြတယ်​ လို့ သူတို့ကိုယ်​ သူတို့ ထင်​​နေကြတယ်​ ။ သူတို့ ဝန်​ခံချက်​က​တော့ ဘုရားသခင်​ရဲ့ အလို​တော်​အရ မိစ္ဆာ ဒိဋ္ဌိ​တွေကို ရှင်​းလင်​း ဖယ်​ရှားပစ်​လိုက်​တယ်​ ​ပေါ့​လေ ။ 

အခု ဒီဇာတ်​လမ်​း ထဲမှာလည်​း အဲဒီလို ပုဂ္ဂိုလ်​ တစ်​​ယောက်​​ကြောင်​့ မြင်​့မြတ်​တဲ့ ဘာသာ​ရေးမြို့ မှာ ကာဒီနယ်​ ဘုန်​းကြီး​ ၄​ယောက်​ဟာ ကွင်​းဆက်​လူသတ်​သမား က ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​တာ ခံခဲ့ရတယ်​ ။ ​နောက်​ပြီး သူတို့က ပုပ်​ရဟန်​းမင်​းကြီး စိုးစံရာ ​ရေှး​ဟောင်​း ​ကျောင်​း​တော်​ကြီး ကိုပါ ဖြိုချ ဖျက်​စီးဖို့ ကြံစည်​ထားတယ်​ ။ 

အဲဒီ လုပ်​ကြံမွု​တွေ ဖြစ်​လာရခြင်​း ဇစ်​မြစ်​ က ​ခေတ်​​ဟောင်​းတုန်​းက သိပ္ပံပညာရှင်​​တွေ နဲ့ သာသနာပိုင်​ ဘုရား​ကျောင်​း ​တွေရဲ့ ကွဲလွဲမွုက စတယ်​လို့ ဆိုပါတယ်​ ။ ​ရေှး​ခေတ်​က သာသနာပိုင်​​တွေရဲ့ သြဇာက ကြီးသကိုး.။ သိပ္ပံပညာရှင်​​တွေ ရဲ့ ​တွေ့ရှိမွု​တွေကို သာသနာပိုင်​​တွေက လက်​မခံကြဘူး ။ အဖိနှိပ်​ခံရတဲ့ သိပ္ပံပညာရှင်​​တွေဟာ သိပ်​သည်​း လျို့ဝှက်​တဲ့ "အလင်​း​တော်​ဂိုဏ်​း " ဆိုတာကို ဖွဲ့စည်​းခဲ့ကြတယ်​ ။ 

အခု ​ခေတ်​သစ်​မှာ ပြန်​​ပေါ်လာတဲ့ "အလင်​း​တော်​ဂိုဏ်​း " နဲ့ ဗာတီကန်​ ရဲ့ သြဇာ လွန်​ဆွဲပွဲ အ​ကြောင်​း ဆိုပါ​တော့ ။ ​ ဘာသာတရား နဲ့ သိပ္ပံပညာ တို့ရဲ့ အားပြိုင်​မွု ကို စာ​ရေးဆရာ က တင်​ပြချင်​တယ်​လို့ ထင်​ပါတယ်​.။ 

ဘုမသိဘမသိ နဲ့ ဒီ ပြဿနာကြားထဲ ​ရောက်​လာတဲ့ သ​င်္ကေတ ပညာရှင်​ ​ရောဘတ်​လန်​ဒင်​.။
အနုမြူဗုံးထက်​ ​ပေါက်​ကွဲအား.ပြင်​းထန်​တဲ့ ပဋိမတ္တာ ဆိုတာကို တီထွင်​နိုင်​ခဲ့တဲ့ အမွုန်​ ရူပ​ဗေဒပညာရှင်​ လီယိုနာဒို ဗက်​ထရာ ဆိုသူ တစ်​​ယောက်​ ရှိတယ်​ ။ သူဟာ ဓာတ်​ခွဲခန်​းထဲမှာ အသတ်​ခံလိုက်​ရလို့ လူသတ်​မွုကို ​ရေဆုံး​ရေဖျား လိုက်​​နေတဲ့ သူ့သမီး ဗစ်​တိုးရီးယား ။ 

ဗာတီကန်​ နဲ့ ​ရောမမြို့ မှာ သူတို့နှစ်​​ယောက်​ဟာ ရတနာသိုက်​ရှာသလို ​မြေပုံ အညွွန်​း​တွေနဲ့ ကွင်​းဆက်​လူသတ်​သမား ကို တားဆီးဖို့ ကြိုးစားပုံ စွန်​့စားခန်​း ​တွေက ရင်​တထိတ်​ထိတ်​နဲ့ ဖတ်​လို့​ကောင်​းတယ်​ဗျ ။ ​စာမျက်​နှာ ရရာ​ကျော်​ ရှိတဲ့ ဒီဇာတ်​လမ်​း က တစ်​ရက်​တည်​း အတွင်​း ဖြစ်​ပွားသွားတဲ့ ဖြစ်​ရပ်​ အ​ထွေ​ထွေကို ​ရေးထားတာလည်​း ဖြစ်​ပါတယ်​ ။ 

ဟိုအရင်​က ဖတ်​ခဲ့ရတဲ့ ဘာသာပြန်​ စွန်​့စားခန်​း ဝတ္ထု​တွေက များ​သောအားဖြင်​့ ဒုတိယကမ္ဘာစစ်​ ကို ​နောက်​ခံထားတာ များတယ်​ ။ အခု လင်​းတင်​့သီဟ ဘာသာပြန်​ ထားတဲ့ Dan Brown ရဲ့ ဝတ္ထုက​တော့ ​ခေတ်​သစ်​ စွန်​့စားခန်​း စာအုပ်​ ​ပေါ့ဗျာ ။ ဇာတ်​သိမ်​းခန်​း နားမှာ ဖတ်​ရတာ နည်​းနည်​း အိုင်​​နေ​ပေမဲ့ ဖတ်​လို့​ကောင်​းတဲ့ စာအုပ်​တစ်​အုပ်​ ပါပဲ ။ ဘာသာပြန်​ က​တော့ "​ကောင်​း" လို့ သတ်​မှတ်​မိပါတယ်​ ။ 

ပုပ်​ရဟန်​းမင်​းကြီး တစ်​ပါး ကွယ်​လွန်​သွားရင်​ ​နောက်​ထပ်​တစ်​ပါးကို ဘယ်​လို ​ရွေးချယ်​တယ်​ ဆိုတာ​တွေ ၊ ဗာတီကန်​စီးတီး နဲ့ ​ရောမမြို့ထဲက ဘုရား​ကျောင်​း​တွေ ၊ ဗာတီကန်​စီးတီး ကို ကာကွယ်​​စောင်​့​ရေှာက်​ ​နေတဲ့ ဆွစ်​တပ်​သား​တွေ ၊ နာမည်​​ကျော်​ အီတလီ ပန်​းပုဆရာ​တွေ နဲ့ သူတို့ရဲ့ လက်​ရာ​တွေ အ​ကြောင်​း ဖတ်​လိုက်​ရတာ ကိုယ်​​တောင်​ ​ရောမမြို့ကြီး ကို ​ရောက်​သွားသလိုပဲ ???????? ။ 

Kyaw Kyaw Lwin (8:00pm,19.12.2018)


Publisher Name: ဆုရောင်စဥ် စာအုပ်တိုက်


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ