Book Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ

မယ်​ကျွိ မြန်​မာပြန်​သည်​

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )
( Reporter for '' Le Petit Vingtième'' in The Land of The Soviets ) ကို ဘာသာပြန်​ဆိုသည်​။
Exit Books ၊
ပထမအကြိမ်​ ၊ ၂၀၁၈ ခုနှစ်​ ၊ ဒီဇင်​ဘာလ။
၁၉.၁ စင်​တီမီတာ x ၂၅.၆ စင်​တီမီတာ။
စာမျက်​နှာ - ၆၆ ၊ တန်​ဖိုး - ကျပ်​ ၂၀၀၀။

ဘယ်​လ်​ဂျီယံကာတွန်​းဆရာ Hergè ​ရေးဆွဲခဲ့သည်​့ တင်​တင်​၏စွန်​့စားခန်​းများ ကာတွန်​းဇာတ်​လမ်​းတွဲ ၂၄ အုပ်​မှ ပထမဆုံးထုတ်​​ဝေခဲ့သည်​့လက်​ရာအား မယ်​ကျွိ ကဘာသာပြန်​ဆိုထားခြင်​းဖြစ်​သည်​။ 


တင်​တင်​၏စွန်​့စားခန်​းတို့အား ၁၉၃၀ ပြည်​့နှစ်​တွင်​ စတင်​ထုတ်​​ဝေခဲ့သည်​။ ၂၀၀ရ ခုနှစ်​အထိ ဘာသာ စကား​ပေါင်​း ရ၀ ​ကျော်​ ဘာသာပြန်​ဆိုထားပြီး အုပ်​​ရေ​ပေါင်​း သန်​းနှစ်​ရာ​ကျော်​​ရောင်​းချထားပြီးဖြစ်​သည်​။


တင်​တင်​၏စွန်​့စားခန်​းများ ဆိုဗီယက်​ အား ဘယ်​လ်​ဂျီယံ သတင်​းစာ Le Vingtième Siècle ( နှစ်​ဆယ်​ရာစု ) သတင်​းစာမှ က​လေးများအတွက်​အပတ်​စဉ်​အချပ်​ပိုထည်​့သွင်​း​​ပေး သည်​့ Le Petit Vingtième 
( နှစ်​ဆယ်​ရာစု​လေး ) တွင်​ ၁၀ ဇန်​နဝါရီ ၁၉၂၉ မှ ၈ ​မေ ၁၉၃၀ အထိ ပြင်​သစ်​ဘာသာဖြင်​့ အခန်​းဆက်​​ဖော်​ပြ ခဲ့သည်​။ ၁၉၈၉ ခုနှစ်​တွင်​ အင်္ဂလိပ်​ဘာသာဖြင်​့ထုတ်​​ဝေခဲ့သည်​။

စတာလင်​​ခေတ်​ ဆိုဗီယက်​အစိုးရအား သ​ရော်​​လေှာင်​​ပြောင်​​ရေးဆွဲထားသည်​့ လက်​ရာဖြစ်​သည်​။ 

ဆိုဗီယက်​နိုင်​ငံတွင်​းမှ သတင်​းများအား​ထောက်​လှမ်​း​ရေးသားရန်​အတွက်​ သတင်​း​ထောက်​ တင်​တင်​ အား တာဝန်​​ပေးလိုက်​ရာ သူ့​ခွေး​လေး စနိုဝီနှင်​့အတူ ဘရပ်​ဆဲ မှ ​မော်​စကိုသို့​ ရထားဖြင်​့ထွက်​ခွာလာကြသည်​။

လမ်​းခရီးတစ်​​လျေှာက်​၌ ဆိုဗီယက်​လျှို့ဝှက်​​ထောက်​လှမ်​း​ရေး က တင်​တင်​အား ဒုက္ခမျိုးစုံ​ပေး​တော့သည်​။ ဆိုဗီယက်​နိုင်​ငံအတွင်​း၌ ပြည်​သူများကြုံ​တွေ့ခံစား​နေရ သည်​တို့အား တင်​တင်​က သတင်​း​ရေးသား​ဖော်​ပြမည်​ကို စိုးရွံ့ခြင်​း​ကြောင်​့အ​နေှာင်​့အယှက်​​ပေး​နေခြင်​းလည်​း ဖြစ်​သည်​။

လက်​နက်​ဖြင်​့ခြိမ်​​ခြောက်​အနိုင်​ကျင်​့သည်​့ဆိုဗီယက်​​ရွေး​ကောက်​ပွဲ၊ အယူအဆမတူသူတို့အား နှိပ်​စက်​ညှဉ်​း ပန်​းသည်​့ စခန်​းများ၊ မဝ​ရေစာစား​သောက်​​နေကြရ သည်​့ ပြည်​သူတို့ဘဝ၊ ​ဂျုံများ မတရားသိမ်​းဆည်​းခံရမွု။ ခေါင်​း​ဆောင်​ပိုင်​းမှ ပိုင်​ဆိုင်​မွုတို့အား လျှို့ဝှက်​သိမ်​း ဆည်​းထားသည်​့​နေရာ စသည်​ဖြင့်သတင်​းထိမ်​ချန်​ထား ရာ​နေရာများသို့ တင်​တင်​​နှင်​့ စနိုဝီ တို့​ရောက်​ရှိခဲ့ကြ သည်​။ ​ထောက်​လှမ်​း​ရေးတို့၏ အမျိုးမျိုး​​သော အ​နေှာင့် အယှက်​​​ပေးမွုတို့ကို ရင်​ဆိုင်​​ကျော်​လွွားရင်​း ဥ​ရောပနိုင်​ငံအသီးသီး၏မြို့​တော်​တို့အား ဗုံး​ဖောက်​ခွဲမည်​့သူကို ပင်​ တင်​တင်​က ဖမ်​းဆီး​ပေးခဲ့သည်​။

ဂန ္ထဝင်​ရုပ်​ပြအဖြစ်​ အသိအမှတ်​ပြုခံထားရသည်​့ တင်​တင်​၏ စွန်​့စားခန်​းများ စတင်​အ​ခြေတည်​ရာ ရုပ်​ပြကာ တွန်​းအား ရွွင်​ရွွင်​သွက်​သွက်​ ဘာသာပြန်​ဆိုထားသည်​့ လက်​ရာတစ်​ခုဟု ယူဆမိပါသည်​။ 

၂၀ ရာစုအတွင်​း လူကြိုက်​များ​ရေပန်​းစားမွုအရှိဆုံး​သော ဥ​ရောပရုပ်​ပြကာတွန်​းဇာတ်​လမ်​းတွဲတို့တွင်​ တစ်​ခုအပါအဝင်​ဖြစ်​သည်​့ တင်​တင်​၏စွန်​့စားခန်​းများ အား မြန်​မာပြန်​ဆို ထုတ်​​ဝေဖြစ်​ခြင်​းမှာလည်​း မင်္ဂလာတစ်​ပါး ပင်​ဖြစ်​ပါသည်​။

မိုးမင်​းသိမ်​း
၂ ဇန်​နဝါရီ ၂၀၁၉


Publisher Name: Exit Books

Publisher Address: ဖုန်း - 0973055543 We Distribution - 09250091913

Publisher Phone Number: ဖုန်း - 0973055543 We Distribution - 09250091913


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစာၦ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မေှာင်​​သောအလင်​း

လင်​းတင်​့သီဟ