Book Image

ပုဂံချစ်​သူ

ဦးဘုန်​း(ဓာတု)

စာအုပ်​အမည်​ _ပုဂံချစ်​သူ

စာ​ရေးဆရာ _ ဦးဘုန်​း(ဓာတု)
ဓာတ်​ပုံဆရာ _ဝသုန်​မင်​း
မျက်​နှာဖုံး _အံ့ဘွယ်​ဇင်​
ထုတ်​သည်​့တိုက်​ _လင်​းလွန်​းခင်​စာ​ပေ
ထုတ်​သည်​့နှစ်​ _ဇန်​နဝါရီ ၊ ၂၀၁၉ (ပထမအကြိမ်​)
စာမျက်​နှာ _ ၁၂၅
ဓာတ်​ပုံ​ပေါင်​း (၅၀) ​ကျော်​ပါသည်​ ။ 
တန်​ဖိုး _ ၃၅၀၀


မြန်​မာပြည်​သားတိုင်​း ရဲ့ အ​သွေးအသား ထဲ နှလုံးခုန်​သံ​တွေ ထဲမှာ ပုဂံမြို့​ဟောင်​း နဲ့ ပုဂံဘုရား​တွေရဲ့ ပုံရိပ်​​တွေဟာ အနည်​းနဲ့ အများ စီး​မျော​နေကြမယ်​ လို့ ထင်​ပါတယ်​ ။ 


​ကျောင်​းမှာ သင်​ခဲ့ရတဲ့ သမိုင်​းဘာသာရပ်​ ထဲက ပုဂံပြည်​ က သိပ်​ လွမ်​းစရာ မ​ကောင်​းလှဘူး ။ စာ​တွေ ဖတ်​ ၊ ကဗျာ​တွေ ဖတ်​​တော့မှပဲ ပုဂံပြည်​ ကို ချစ်​ရ​ကောင်​းမှန်​း လွမ်​းရ​ကောင်​းမှန်​း သိလာရတယ်​ ။ 

ခရီးသွားလမ်​းညွှန်​ မဟုတ်​တဲ့ ပုဂံဘုရား​တွေ အ​ကြောင်​း ​ဆောင်​းပါး​တွေ ၊ အ​တွေးအမြင်​ ​ဆောင်​းပါး​တွေ ဖတ်​ပြီး ပုဂံ ကို ​ရောက်​ဖူးချင်​​နေတာ ။ နန္ဒာသိန်​းဇံ ​ရေးတဲ့ အရိမဒ္ဒနမှ ​တွေးမြင်​ရနံ့တု့ိ လွင်​့ပျံ့​နေဆဲ စာအုပ်​ ၊ ပါရဂူ ရဲ့ ပုဂံခရီးသည်​ စာအုပ်​ နဲ့ ​ဇော်​ဂျီ ရဲ့ ​ရှေး​ခေတ်​ပုဂံပြည်​ ကဗျာများ စတဲ့ စာအုပ်​​တွေမှာ ပုဂံပြည်​ ရဲ့ ဝိဉာဏ်​ ကို ​ခံစား​တွေ့မြင်​ ရတယ်​။ 

​တေး​ရေး မြသန်​းစံ နဲ့ ​ဇော်​ဝင်​းထွဋ်​ တို့ ပူး​ပေါင်​းတင်​ဆက်​တဲ့ "မဟာ" သီချင်​း​တွေကလည်​း ကျွန်​​တော်​့ နှလုံးသား ကို ပုဂံပြည်​ ​ခေါ်သွားခဲ့ဖူးတယ်​ ။ 

ခရီးသွားခြင်​းနဲ့ ဘယ်​လိုမှ မနီးစပ်​တဲ့ ကျွန်​​တော်​ဟာ ၂၀၁၆ ၊ ဧပြီလ မှာ သူငယ်​ချင်​း လင်​မယား ရဲ့ ​ကောင်​းမှု​ကြောင်​့ ပုဂံကို ​ရောက်​ခဲ့တယ်​ ။ ပုဂံ ဟာ ကျွန်​​တော့အတွက်​ သူစိမ်​း မဆန်​ဘူး ၊ ကိုယ်​့ရဲ့ ဇာတိရပ်​ရွာကို ပြန်​​ရောက်​ရသလို ခံစားရတယ်​ ။ 

ပုဂံခရီး က​နေ ပြန်​လာခဲ့ပြီး​နောက်​ ပုဂံအ​ကြောင်​း စာအုပ်​​တွေ ဖတ်​လိုက်​မိရင်​ အာရုံမျက်​စိမှာ ပုဂံရဲ့ ပုံရိပ်​​တွေဟာ ပိုပြီး သက်​ဝင်​လှုပ်​ရှား​နေတယ်​ ။ 

အခုလည်​း ဦးဘုန်​း (ဓာတု) ​ရေးတဲ့ ပုဂံချစ်​သူ (အ​တွေးရနံ့ ခရီးသွားလမ်​းညွှန်​) ဆိုတဲ့ စာအုပ်​​လေးကို ဖတ်​​နေတာ ။ ဖတ်​​နေရင်​းနဲ့ ပုဂံကို လွမ်​းဆွတ်​ တမ်​းတ မိတဲ့ စိတ်​​တွေ ​ပေါ်လာလို့ ဒီစာကို ​ရေးမိတာပါ ။ 

" ဒီစာစု​တွေကို ​ရေးဖို့အတွက်​ ​ခေတ်​အဆက်​ဆက်​က ​ရေးသားခဲ့တဲ့ ပုဂံနဲ့ ပက်​သက်​တဲ့ စာအုပ်​​တွေကို နှစ်​ရှည်​လများ ဖတ်​ရှုခဲ့ပါတယ်​ ။ ​လေ့လာခဲ့ပါတယ်​ ။ အဲဒီစာအုပ်​​တွေကို မှီငြမ်​း ကိုးကားခဲ့ပါတယ်​ ။ 

မှန်​နန်​းရာဇဝင်​​တော်​ကြီး ၊ သမိုင်​း ပါ​မောက္ခ ဆရာကြီး ​ဒေါက်​တာသန်​းထွန်​း ၊ ဆရာကြီး ဦးသန်​း​ဆွေ ၊ ​ဒေါက်​တာသက်​လွင်​ တို့ရဲ့ စာအုပ်​​တွေကို ​လေ့လာ ဖတ်​ရှုပြီး ဆရာ နန္ဒာသိန်​းဇံ ရဲ့ ​တွေးဟန်​ ​ရေးဟန်​ကို အတုယူ.​ရေးသားထားပါတယ်​ " လို့ ဦးဘုန်​း(ဓာတု) က အမှာစာ ​ရေးထားပါတယ်​ ။ 

​တွေ့​နေကျ ပုဂံက ဓာတ်​ပုံ​တွေနဲ့ မတူတဲ့ ဝသုန်​မင်​း (ဓာတ်​ပုံ) ရဲ့ တစ်​မူထူးခြားတဲ့ မှတ်​တမ်​းတင်​ ဓာတ်​ပုံ​တွေနဲ့ ဦးဘုန်​း (ဓာတု) ရဲ့ အ​တွေးရနံ့ ​တွေ ကို ခံစား ဖတ်​ရှုရင်​း ပုဂံပြည်​ ကို အလည်​တစ်​​ခေါက်​ ကျွန်​​တော်​ ​ရောက်​သွားပါ​တော့တယ်​ ။ 
​ပေါ့​ပေါ့ပါးပါး ​လေး ဖတ်​ပြီး ​လေး​လေးနက်​နက်​ အ​တွေးပွား​စေတဲ့ အ​တွေးရနံ့ စာစု​လေး​တွေပါ ။ 

"ပုဂံမြို့​ဟောင်​းတွင်​ ကြည်​ညိုစရာ ၊ ကြည်​နူးစရာ များပါ​ပေသည်​ ။ ကြည်​ညိုစရာ ဆိုသည်​မှာ သပ္ပါယ်​ လှ​သော ​ရှေး​ဟောင်​းဘုရား ​စေတီများ ဖြစ်​ကြ၍ ကြည်​နူးစရာ ဆိုသည်​မှာ နိုင်​ငံသစ်​ တည်​ခဲ့​သော ​ရှေး​ခေတ်​ပြည်​သားတို့ ဖြစ်​ကြသည်​ ။ ကြည်​ညိုစရာ ကို ဖူး၍ ကြည်​နူးစရာ ကို ​တွေးရသည်​မှာ ဖူး၍ ၊ ​တွေး၍ ကုန်​နိုင်​ပါ​တော့မည်​​လော ဟု ကျွန်​​တော်​ ​အောက်​​မေ့မိသည်​ "
​ဇော်​ဂျီ (ပုဂံမြို့​ဟောင်​းနှင်​့ ကျွန်​​တော်​)
မြဝင်​း(ဒဿန) အမှာစာမှ ယူပါသည်​ ။ 

ကိုကျော်ကျော်လွင်


Publisher Name: လင်းလွန်းခင်စာအုပ်တိုက်

Publisher Phone Number: 01 293401, 09 220 1730


Related Books

Book Review Image

နွေ​နှောင်​းညတစ်​ည၌ လ​ရောင်​နှင်​့​လေညင်​းကို ​တွေ့ရှိခြင်​း (အက်​​ဆေးများ )

မောင်​ရင်​့မာ (​ကျောင်​းကုန်​း)
Book Review Image

အက်​​ဆေးလှည်​းတန်​း ( ၄ )

ကလောင်စုံ
Book Review Image

Design for Peace

မောင်မြင့်ဇော်
Book Review Image

အက်ဆေးကလေးတွေ

ယုယ
Book Review Image

မြို့က​လေး​နေမ​ကောင်​းပါ                          ( ၀တ္တုတိုစု )

စံပယ်​ဖြူနု