လူထုဒေါ်အမာ
စာမှန်အောင် ရေးကြစို့
လူထု ကြီးပွားရေးစာအုပ်တိုက်၊
ပထမအကြိမ်၊ နိုဝင်ဘာ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - မောင်အေးချို။
၁၄.၂ စင်တီမီတာ x ၂၁.၁ စင်တီမီတာ။
စာမျက်နှာ - ၁၃၂ ၊ တန်ဖိုး - ကျပ် ၃၅၀၀။
ထုတ်ဝေသူအမှာ ပါရှိပြီး လူထုဒေါ်အမာရေးသားခဲ့ သည့် ဆောင်းပါး ၂၅ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
၁၉၇၄ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာပေဂျာနယ်၊ ပန်းအလင်္ကာ၊ ရွှေရုပ်စုံမဂ္ဂဇင်း၊မော်လိုက်မြို့နယ်မဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ စံပယ်ဖြူမဂ္ဂဇင်း၊ ဓနမဂ္ဂဇင်း၊ ကျောက်မဲမြို့ အထက ၁ ရွှေရတုမဂ္ဂဇင်း၊ ကေတုမတီမဂ္ဂဇင်း၊ ရှုမဝရုပ်စုံမဂ္ဂဇင်း၊ မိုးဂျာနယ်၊ အတွေးအမြင်၊ရှုထောင့်ဂျာနယ်၊ လူထု သတင်းစာ၊ဟံသာ ဝတီသတင်းစာ နှင့်ပြည်သူတို့၏စကားပြန် တို့တွင်ဖော်ပြခဲ့သော စာပေရေးရာဆောင်းပါးများဖြစ်သည်။
စာမှန်အောင်ရေးကြစို့၊ စာရေးကြတယ်ဆိုတာ၊ အတၳုပ္ပတ္တိရေးမယ်ဆိုရင်၊ မကြိုက်တဲ့စကားလုံး အသုံး အနှုန်းများ၊ စာတော့ မှန်အောင်ရေးကြစေချင်တယ်၊ အမေနေကောင်းလား၊ အယ်ဒီတာ အယ်ဒီတာ အယ်ဒီ တာဆိုတာ၊ ပထမဟံသာဝတီ၊ သတင်းစာဟောင်း ဂျာ နယ်ဟောင်း၊ မြို့နယ်မဂ္ဂဇင်းရဲ့တန်ဖိုး၊ မှတ်မှတ်သား သား အမှတ်ရစရာလေးများ၊ မြန်မာစကား၊ မှည့်ခေါ် တတ်ကြတဲ့ မြန်မာနာမည်၊ သံယောဇဉ်ဆိုတာ၊ တစ်နွယ်ငင် တစ်စင်ပါ၊ မိန်းမနဲ့ယောကျ်ား၊ ခေတ်ပေါ်အယူ အဆများ နှင့် ခေတ်လူငယ်များ၊ ဒေါ်ဒေါ့်အတွေးအမြင်များ၊ အတၳုပ္ပတ္တိ အရေးကောင်း၊ ဆေးလိပ်နဲ့စာနယ်ဇင်း၊ အိုတယ်ဆိုတာ၊ ဟိုချီ မင်း၏ အကျဉ်းထောင်ကပလွေ သံကဗျာများ၊ ရှမ်းမြေလတ်က တိုင်းရင်းသားကဗျာ၊ ရေးစရာတွေပေါလိုက်ပါဘိ နှင့် ချစ်စရာ့စာအုပ် စသည့် ဆောင်းပါးများဖြစ်သည်။
'' နောက်ပြီး ကျွန်မတို့ ပံ့ပိုးတယ်ဆိုတဲ့စကားလုံး။ စကားကောင်းမဟုတ်ဘူး။ ဒါ ဒေသဆိုင်ရာ အယူအဆ လားတော့ မပြောတတ်ဘူး။ မိန်းမတစ်ယောက်က လင်ငယ်ကို လင်ကြီး မသိအောင် တိတ်တဆိတ် ခိုးဝှက်ပေး ကမ်းတာကို ပံ့ပိုးတယ်လို့ခေါ်တယ်။ ဒီစကားလုံးကို အော်ကျယ်ဟစ်ကျယ် မပြောလေ့ဘူး။ ခြေတို့ လက်တို့ နဲ့ အချင်းချင်းမဲ့ရွဲ့ပြီး ပြောတတ်တဲ့ စကားသိမ် စကား ဖျင်း။ ဒါ မန ္တလေးတွင် ဒီအသုံး ဒီလိုလားတော့မသိဘူး။
အဲဒီလို လူရာမဝင်တဲ့ စကားလုံးတစ်လုံးဟာ တစ်နေ့သောအခါမယ် နိုင်ငံတော်သုံးဖြစ်လာတယ်။ အစိုးရက ကူညီတာမှန်သမျှ ပံ့ပိုးတယ်လို့ချည်း ရေးလာ ပြောလာ သုံးလာတယ်။ ကျွန်မတို့အနေနဲ့တော့ စိတ်မှတ် နာနေ လို့လား၊ အစွဲနာလွန်း လို့လားမသိဘူး။ အခုထက်ထိ ရဲရဲ မသုံးဝံ့ဘူး။ ဝေါဟာရ ဆိုတာ နိမ့်တုံမြင့်တုံ ပျောက်တုံ ပေါ်တုံတော့ရှိတတ်တာပေါ့လေ။ နို့ပေမဲ့ ဒါကတော့ ကိုယ့်အဖြစ်ကို ဖွင့်ဟဝန်ခံရတာပဲ။ ''
( စာမှန်အောင် ရေးကြစို့၊ စာမျက်နှာ ၄ နှင့် ၅ မှ )
'' ဒေါ်အမာ့ဟာက ကြာပဲကြာလှပြီပဲဗျာ၊ ခုမှတော့ပြင်မနေပါနဲ့တော့လို့ တချို့ကများ ပြောချင်သလားမသိဘူး။ ဟုတ်ပါတယ် ကြာပါပြီ၊ ဒါပေမဲ့ စစ်ရဲ့ဒဏ်ကို ကျွန်မတို့ က သူများထက်ပိုပြီး ခါးခါးသီးသီးခံရတဲ့လူမျိုး။ ကမ ်ဘာ စစ်ဖြစ်တုန်းကလည်း နှစ်ကြိမ်နှစ်ခါ ပြားပြားဝပ်အောင် အဝင်အထွက်ဖျက်ဆီးကြတာကို ခံခဲ့ရ၊ စစ်ပြီးပြန်တော့ လည်း ပြည်တွင်းသောင်းကျန်းမှုတိုက်ပွဲတွေက အခု ထက်ထိ မအေးသေးတာကြောင့် 'စစ်ကြို' ဆိုတဲ့ စကား လုံးကို ရှောင်လိုက်ကြပါစို့လို့ အကြံပြုတာပါ။ ''
( မကြိုက်တဲ့ စကားလုံးအသုံးအနှုန်းများ၊ စာမျက်နှာ ၂၁ မှ )
'' ငါ အယ်ဒီတာဆိုပြီး ငါ့မှာ ကလောင်တစ်ချောင်းပိုင်တာပဲ၊ ရေးစရာနေရာရှိတာပဲရယ်လို့ စိတ်နဲ့ရေးနေ၊ ရွေးနေ၊ ထင်ရာစိုင်းမနေကြဖို့ သတိပြုရမှာပဲ။ အယ်ဒီတာ အရည်အချင်းက သူရေးတဲ့ ခေါင်းကြီး၊ ခုခေတ်အခေါ် အယ်ဒီတာစကားပေါ့။ အဲဒါရေးတာကိုကြည့်ရင် သိနိုင်တယ်။ အယ်ဒီတာသမာဓိနဲ့ စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာရင် သူဦးစီးဦးကိုင်ပြုတဲ့ ဂျာနယ်၊ မဂ္ဂဇင်းဟာ အောင်မြင်မှာပဲ။ နို့ပေမဲ့ 'စာနယ်ဇင်းကျင့်ဝတ်' ကို မလိုက်နာတဲ့ သမာဓိမရှိတဲ့ အယ်ဒီတာဆိုရင် သူ့ဂျာ နယ် ၊ မဂ္ဂဇင်း ဘယ်အောင်မြင်ပါ့မလဲလေ။ '' ( အယ်ဒီ တာ အယ်ဒီတာ အယ်ဒီတာဆိုတာ၊ စာမျက်နှာ ၃၁ နှင့် ၃၂ မှ )
မြန်မာစာ အရေးအသား၊ မြန်မာစကား အပြောအဆို အသုံးအနှုန်းတို့တွင် ကြုံတွေ့နေရသည့် အကောက်အယူမှား အသုံးမှားတို့ကို ဝေဖန်ထောက်ပြထားသည့် ဆောင်းပါးအများစု ပါရှိသည့် '' စာမှန်အောင် ရေးကြစို့ '' မှာ အခါအားလျော်စွာ ပြန်လည်ဖတ်ရှုနေရမည့် စာအုပ်တစ်အုပ်ဖြစ်ပြီး နောင်လာနောက်သားတို့အား အဆင့်ဆင့်လက်ဆင့်ကမ်းဖတ်ရှုရမည့် စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၂၂ ဖေဖော်ဝါရီ ၂၀၁၉
စာအုပ်မှာယူလိုပါက
Book Hunter ရှားပါးစာအုပ်ရှာပေးသူ Page တွင် မှာယူနိုင်ပါသည်။
လိပ်စာ ၊ဖုန်းနံပတ် အပြည့်အစုံပေးပို့၍
ဖုန်း - 09795969686 သို့လည်း မှာယူနိုင်ပါသည်။