Book Image

ဆင်ကုန်သည်

မောင်ထွန်းသူ

ဝီဘာစမစ်ရေသားသော Elephant Song အမည်ရသည့် စာအုပ်ကို ဆရာမောင်ထွန်းသူက ဆင်ကုန်သည် အမည်ဖြင့် ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။


ဆင်ကုန်သည်သည် ဝီဘာစမစ်ရေးသည့် Elephant Song ကို ဆရာမောင်ထွန်းသူက ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။ ဒင်နီယယ်အမ်းစထရောင်းဟု အမည်ရသော ရုပ်သံစီစဉ်တင်ဆက်သူတစ်ဦးကို အဓိကဇာတ်ကောင် အဖြစ် ထားပြီး အာဖရိက နိုင်ငံများ၏ ပုံရိပ်များ၊ အာဖရိက ဆင်များ၊ အာဖရိကဆင်စွယ်များ အကြောင်းကို ဇာတ်လမ်းဆင် ရေးဖွဲ့ထားသော စာအုပ်ဖြစ်သည်။

ကျွန်တော် စာအုပ်ကို ဖတ်မိသည်နှင့် ဆရာဆွေမင်း (ဓနုဖြူ) ရေးသော မြိုင်ရာဇာတွတ်ပီ ကနဦးစာအုပ်များကို သတိရမိသည်။ ဆင်တို့၏ ဓလေ့သဘာဝကို ကာတွန်းနှင့် ပုံဖော်ရှင်းပြသွားသည်ကို အမှတ်ရမိသည်။ ဆင်ကုန်သည်ကတော့ ထိုသို့မဟုတ် အာဖရိက ရွှေဖြူများဟု တင်စားခေါ်ဝေါ်ကြပြီး အလွန်တန်ဖိုးကြီးသည့် ဆင်စွယ်များကို ကုန်သွယ်ကြသည့် နောက်ကွယ်မှာ အဖြစ်အပျက်များကို အဓိကထားသည်။

ဆင်အုပ်တစ်အုပ်လုံး ရက်ရက်စက်စက် သတ်ဖြတ်လိုက်ရပုံနှင့် စတင်ဖွင့်လှစ်လိုက်သည့် နောက်တွင် မသမာမှုများ၊ မတော်လောဘများ၊ ဆင်စွယ်အတွက် အချင်းချင်း သတ်ဖြတ်မှုများ စသည်ဖြင့် အာဖရိက တောရိုင်းအတွင်းမှ အဖြစ်အပျက်များကို ဖတ်ရှုရမည် ဖြစ်သည်။ စာအုပ်ကို ဖတ်ရှုရင်း နောက်ထပ် အမှတ်ရမိသည့် ဇာတ်ကားများမှာ အင်ဒီယာနာဂျုန်း ဇာတ်ကားများ ဖြစ်သည်။ ယခု ဝတ္ထုထဲမှ ဇာတ်ကောင် ဒင်နီရယ်အမ်းစထရောင်းသည်လည်း အင်ဒီယာနာဂျုံးကဲ့သို့သော ဇာတ်ကောင်မျိုးဖြစ်သည်။ ဟီးရိုးဆန်ဆန်း ဇာတ်ရုပ်ဟု ဆိုနိုင်သည်။

ဆရာမောင်ထွန်းသူ၏ ဘာသာပြန်လက်ရာ ဖြစ်သည်နှင့်အညီ ဖတ်ရသည်မှာ ချောချောမွေ့မွေ့ ရှိလှသလို အလွန်ဖတ်လို့ ကောင်းသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါသည်။ 

ဖတ်ည့န်းရေးသူ - စိုးသီဟနောင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

အာရှဝတ္ထုတိုများ

တင့်ဇော်
Book Review Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစာၦ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မေှာင်​​သောအလင်​း

လင်​းတင်​့သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ