Book Image

ဧရာဝတီသို့အပြန်

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


RETURN TO THE IRRAWADDY

by Frank Kingdon Ward 

ဆရာမြသန်းတင့်က ဧရာဝတီသို့အပြန် အမည်နဲ့ စန္ဒာမဂ္ဂဇင်း
မှာ ၁၉၈၉ ခုနှစ် ဇွန် မှ ဒီဇင်ဘာလအထိ အခန်းဆက်ပြန်ဆိုပါတယ်။ ဒါပေမဲ့ #ပြီးဆုံးခြင်းမရှိ ခဲ့ပါဘူး။ 
အခု စာအုပ်က ဆရာ ဘာသာပြန်ဆို ပြီးစီးခဲ့ သလောက်ကိုပဲ
စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ်ပါ။ ။ 
တန်ဖိုး ကျပ် ၂၅၀၀။
ပထမအကြိမ်၊ ဇန်နဝါရီ ၂၀၁၉
တိုးမြစ်စာအုပ်တိုက်။



ဆရာမြသန်းတင့်က ကင်းဒမ်းဝါ့ဒ်ရဲ့ ဒီစာအုပ်ဟာ 
ခရီးသွား မှတ်တမ်း၊ ရုက္ခဗေဒလေ့လာမှု၊ ပန်းပွင့်ရဲ့ 
အထ္တုပ္ပတ္တိ၊ မနုဿဗေဒစစ်တမ်း ၊ သည်းထိတ်ရင်ဖို
စွန့်စားခန်း၊ တိရိစၧာန်ဗေဒ သုတေသန လို့ ခေါ်နိုင်တယ်။
ပျင်းစရာမကောင်းဘူး။ ရသဟန်နဲ့ ရေးတဲ့ စိတ်ဝင်စားစရာ 
စာအုပ်လို့ အညွှန်းပြုထားပါတယ်။ 

ဒီစာအုပ်ရဲ့ မူရင်းရေးသားသူ ကင်းဒမ်းဝါ့ဒ်ဟာ အင်္ဂလိပ်
လူမျိုး ရုက္ခဗေဒပညာရှင်တဦးပါ။ တရုတ်၊ ဟိမဝန္တာတောင်တန်းတဝိုက်က အပင်တွေ ပန်းတွေကို လေ့လာခဲ့သလို မြန်မာပြည်ကိုလည်း လာပြီး ကချင်ပြည်နယ် မြောက်ဖျား၊ ကြိဂံဒေသ ၊ ဝိတိုရိယတောင် စသည်တို့မှာလည်း အပင်တွေ သစ်ခွတွေကို
လေ့လာခဲ့သူပါ။ 

ဒီစာအုပ်ကတော့ ၁၉၅၀ ဝန်းကျင်က ဆွမ်ပရာဘွမ်
မြောက်ဘက် တောကြီးတွေထဲ သွားပြီး အပင်တွေ သစ်ခွတွေ 
လေ့လာတဲ့ ခရီးစဉ်အကြောင်း ရေးထားတာဖြစ်ပါတယ်။


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books