Book Image

ပညာရေးအတွေး ဒဿနအမြင်

သူရိန်ထက်လင်း

"ပညာရေးအတွေး ဒဿနအမြင်"

စာရေးသူ - သူရိန်ထက်လင်း
မျက်နှာဖုံးဒီဇိုင်း - အောင်လတ်
တန်ဖိုး - ၃၅၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ


 ပညာရေးဟာ ကျနော်တို့ လူ့အဖွဲ့အစည်း အတွက် လိုအပ်ချက် ကြီးမားလှသော ကွက်လပ်တစ်ခု ဖြစ်နေဆဲပါ။ အဲဒီ ကွက်လပ်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားထားသော စာရေးဆရာ သူရိန်ထက်လင်း ရဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ ယခု စာအုပ်ထဲမှာပါတဲ့ ပညာရေး ဆောင်းပါးများမှာ စကားပြေ အရေးအသား ရှင်းရှင်းလင်းလင်း ရှိပြီး ရိုးဂုဏ်ရှိတဲ့ စာရေးဟန်ကိုလည်း တွေ့မြင်ရမှာပါ။ 


      ပလေတို အရစ္စတိုတယ် ဂျွန်လော့ခ် ရူးဆိုး ဖရိုဘဲလ် မာရီယာမွန်တက်ဆိုရီ ဂျွန်ဂျူဝီ ဘာထရန်ရပ်ဆယ် … အစရှိတဲ့ ဒဿနပညာရှင်များရဲ့ ပညာရေး အတွေးအမြင်တွေကို လေ့လာနိုင်မယ်။ ဒါ့အပြင် လစ်ဘရယ် ပညာရေးအကြောင်း … ရာစုသစ်မှာ ရင်ဆိုင်ရမဲ့ ပညာပြဿနာ… ဗဟုဝါဒ ယဉ်ကျေးမှုသရုပ် အာရှတန်ဖိုး ပညာလူ့အဖွဲ့အစည်း နဲ့ ပေါင်းစည်းလာတော့မည့် ခေတ်သစ်အတွက် ရှင်းပြချက်များ … ကိုလည်း ဖတ်ရမယ်။ သူ့စာအုပ်ထဲက ပညာရေး အတွေးအခေါ်နဲ့ ဒဿနအမြင်များ ဟာ ကျယ်ပြန့်သလောက် စာဖတ်သူတို့ကို စဉ်းစားစရာတွေ မေးခွန်းထုတ်စရာတွေ ပညာအပေါ် သဘောထား အမြင်သစ်တွေ … ဖြစ်ပေါ်လာစေနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။
==============================================

     အတိတ်မှ ရှာဖွေတွေ့ရှိခဲ့သော အချက်အလက်များကို သင်အံ ကျက်မှတ် ရုံမျှဖြင့် 'ပညာရေး' မမည်။ 'ပညာရေး' ဆိုသည်မှာ ပညာရပ် အသီးသီးတွင် အနာဂတ်လောကအတွက် တီထွင်ဖန်တီးမှုကို ပြုလုပ်နိုင်မည့် သူများကိုလည်း မွေးထုတ်ပေးရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာရေးသည် တီထွင်တတ်သော အလေ့အကျင့်… ဖန်တီးတတ်သော အရည်အသွေး… အဟောင်းကို အခြေတည်၍ အသစ်ကို တည်ဆောက်တတ်သော ညဏ်များကို ထုတ်ဖော်ပေးရမည် ဖြစ်သည်။
                         (ဒေါက်တာခင်မောင်ဝင်း၏ အမှာစာမှ-)

    ဖရိုဘဲလ်'၏ အဆိုအရ သင်ကြားပေးခြင်းသည် ပညာရေးအစစ် မဟုတ်ပေ။ ကလေးငယ်၏ သဘာဝ စိတ်ဝင်စားမှုနှင့် အလိုအလျှောက် လုပ်ကိုင်မှုသည်သာ ပညာရေးဖြစ်သည်။ ကလေးငယ်တို့၏ ဗီဇသဘော သည် သင်ကြားမှုများအား လက်ခံခြင်းထက် မိမိသဘော တီထွင်ဖန်တီးမှု၌ ပို၍ အလေးသာလေသည်။
                        (သူရိန်ထက်လင်း စာ- ၅၄)



Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books