Book Image

"သူ့စာတမ်းများ"

စာရေးသူ - ဒေါ်သင်းကြည်(ပထဝီဝင်ပါမောက္ခ)
တန်ဖိုး - ၇၅၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ



 ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ကို စာဖတ်ပရိတ်သတ်များနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ဒီစာအုပ်ဟာ ပထဝီဝင်ပါမောက္ခ ဆရာမကြီးဒေါ်သင်းကြည်ရဲ့ စာတမ်းများနဲ့ သူ့အကြောင်း လုပ်ဖော် ကိုင်ဖက် ခေတ်ပြိုင်များက အမှတ်တရ ရေးသားထားသော စာစုများကို စုစည်းထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ 

    ဒေါက်တာဒေါ်သင်းကြည် ဆိုတာ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန ရဲ့ Founder အဖွဲ့ဝင်…။ ဒီကနေ့ မြန်မာနိုင်ငံ မြေပုံရယ်လို့ ကမ္ဘာက လက်ခံသုံးစွဲနေကြတဲ့ မြန်မာပြည်မြေပုံကို ဟော်လန်နိုင်ငံ အမ်စတာဒမ်က ဂျမ်ဘာတန် ပထဝီ မြေပုံဆွဲဌာန နဲ့ အတူ ကြီးကြပ် တည်းဖြတ် ရေးဆွဲခဲ့သူ…။ ပါမောက္ခ လုစ့်ရဲ့ တပည့်ရင်း…။ သူမဟာ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ အစ်မကြီး ဖြစ်ပြီး မြန်မာအမျိုးသမီးတွေထဲက ပထမဆုံး နိုင်ငံခြားပါရဂူဘွဲ့ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

  "ပထဝီဝင်ဆိုတာ ကမ္ဘာမြေကြီးနဲ့ ကမ္ဘာမြေကြီးပေါ် နေထိုင်သူတွေအကြောင်း လေ့လာတဲ့ပညာရပ် ဖြစ်တယ်။ ပထဝီဝင်ရဲ့ အခြေခံဖြစ်တဲ့ မိမိပတ်ဝန်းကျင်ကို ကိုင်တိုင် လေ့လာ ရှာဖွေရန် နဲ့ ပထဝီသင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကလည်း လူငယ်လူရွယ်တွေကို ကိုယ်တိုင် လေ့လာစူးစမ်းတတ်သော အလေ့အထ ရရှိရန် ပျိုးထောင်ပေးခြင်း ဖြစ်တယ်..." စသဖြင့် ပထဝီဝင် ဘာသာရပ်နဲ့ပတ်သက်လို့ ဆရာမကြီးဒေါ်သင်းကြည်က ဖော်ပြခဲ့ပါတယ်။

  ပညာရပ်ဆိုင်ရာ တန်ဖိုးအလွန်ကြီးမားသော ဒီစာအုပ်ကို ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်အဖြစ် ဆရာမကြီးဒေါ်သင်းကြည်ကို ဂုဏ်ပြုသော အနေဖြင့် ထုတ်ဝေထားတယ်လို့ဆိုပါတယ် . . .။   


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books