Book Image

ချစ်ခြင်းဖွဲ့ အလင်္ကာ သုဓနု နှင့် မနော်ဟရာ

ချစ်ဦးညို

ချစ်ခြင်းဖွဲ့ အလင်္ကာ သုဓနု နှင့် မနော်ဟရာ
လုံးချင်း ဝတ္ထုသစ် စ ဆုံး
ပထမအကြိမ် ၂၀၁၉ နိုဝင်ဘာလ
တန်ဖိုး ၆၀၀၀ ကျပ် ၊ စာမျက်နှာ ၄၀၇ ၊ လင်္ကာဒီပစာအုပ်တိုက်


ဒီစာအုပ်ကို ဖတ်ဖို့ မတိုက်တွန်းခင်မှာ
ရာဇဝင် နောက်ခံဝတ္ထုမျိူးကို ကြိုက်နှစ်သက်တဲ့သူင်္တေအတွက်တော့ ရသမျိုးစုံ ကောင်းကောင်းပေးနိုင်မယ်လို့
ထင်မိပါတယ်
ကျောင်းသားဘဝက သင်ခဲ့တဲ့ ဒွေးမယ်နော် ဇာတ်လမ်းကို အခြေခံပြီး ရေးဖဲွ့ထားတာပါ
ဆရာချစ်ဦးညိုက ရာဇဝင်နောက်ခံရေးတဲ့နေရာမှာ သူမတူအောင် ထူးချွန်တာကို ဖတ်ဖူးသူများလဲ သိကြမှာဖြစ်လို့ အထူးပြောစရာလိုမည်မထင်ပါ
ဝတ္ထုကတော့ စဖတ်ကတည်းက လက်က မချချင်အောင်ကို ဆဲွခေါ်နေပါတယ်
ဇာတ်လမ်းထဲမှာတော့ ထူခြားတဲ့ သတ္တဝါတွေအကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖဲွ့ထားပါတယ်
အထူးသဖြင့် ကိန္နရီ ကိန္နရာတို့ရဲ့ အကြောင်းတွေကို လူအများ နားလည်နိုင်မယ့် စာသားတွေနဲ့ ကွင်းကွင်းကွက်ကွက်မြင်အောင် ရေးထားပါတယ်
ဒါကြောင့်မို့ ရသစာပေကို နှစ်သက်တဲ့ စာဖတ်ဝါသနာရှင်များအတွက် အမျိုးမျိုးသော ရသများကို ပေးနိုင်မယ့်စာအုပ်လို့ ညွန်းပါရစေ

Shine Htet


Publisher Name: လင်္ကာဒီပစာအုပ်တိုက်

Publisher Address: အမှတ် (၅၄)၊ပထမထပ်(ယာ) ၄၄ လမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်မြို့။ဖုန်း-01299774

Publisher Phone Number: 0129974


Related Books