Book Image

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ

မောင်မောင်စိုး

မောင်မောင်စိုး

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ
ရွှေနဒီ စာပေ
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
၁၄.၇ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၈၂၊ တန်ဖိုး - ကျပ် ၁၅၀၀။

၂၆ ဇူလိုင် ၂၀၁၉ က ရေးသားထားသော
'' ၂၀၁၇ - ၂၀၁၉ အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ '' စာတမ်းနှင့် ၁၁ ဇွန် ၂၀၂၀ က ရေးသားထားသော '' ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ '' စာတမ်းတို့ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။



၁။ ၂၀၁၇ - ၂၀၁၉ အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ

'' ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာ၊ အစိုးရ တပ်မတော်နှင့် AA ကြား စစ်ရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခနှင့် စစ်ဘေးဒုက္ခသည်၊ စစ်ရေးပဋိပက္ခ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး '' စသည့် အပိုင်း ၄ ပိုင်း ပါရှိသည်။

'' သို့ဖြစ်ရာ NLD အစိုးရနှင့် အာဏာရ NLD ပါတီအနေ ဖြင့် ရခိုင်လူထုအများစုအား ကိုယ်စားပြုနိုင်ခဲ့သည့် ANP ပါတီ အား မျက်နှာမူရန်လိုနေသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာ၊ ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခ ကြောင့် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်း ရာတွင် ANP ပါတီနှင့် လက်တွဲဖြေရှင်းရန် လိုအပ်နေ သည်။ ချုပ်၍ဆိုရလျှင် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးဘောင်ချဲ့ရန်လိုနေသည်။ နိုင်ငံရေးဘောင်ကျယ်လာမှ စစ်ဘောင်ကို လျှော့ချနိုင်ပေလိမ့်မည်။

ရခိုင်လူ့အဖွဲ့အစည်းအတွင်းတွင် ရခိုင်နှင့်မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့် ဘင်္ဂါလီမူစလင် အသိုင်းအဝိုင်း နှစ်ခုသာရှိသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ဘင်္ဂါလီ မူစလင်အသိုင်းအဝိုင်းနှင့် ပဋိပက္ခဖြစ်ခဲ့သည်။ ယခု လည်း ရခိုင်နှင့်မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့်ပါ ပဋိပက္ခဖြစ်ပွားပါက ရခိုင်လူ့အဖွဲ့အစည်းပြဿနာကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။ ရခိုင်လူ့အဖွဲ့အစည်း ပဋိပက္ခအား ဖြေရှင်းရန် အမြော်အမြင်ရှိမှု၊ သဘောထား ကြီးမှု၊ လိုက်လျောမှုနှင့် ပျော့ပျောင်းမှုတို့ကို လိုအပ်ပေ လိမ့်မည်။ '' ( စာမျက်နှာ ၃၃ မှ )

၂။ ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ

အခန်း ၈ ခန်း ပါရှိသော စာတမ်းတစ်စောင်ဖြစ်သည်။ 

အခန်း ၁ တွင် AA နှင့် ရခိုင်စစ်မြေပြင်၊ AA ၏ ကြွေးကြော်သံနှင့် ရည်မှန်းချက်၊ ရခိုင်ပြည်နယ်တွင်း AA ၏ တပ်ဖြန့်ခွဲ လှုပ်ရှားမှုများ၊ တောတွင်း ပြောက်ကျားလှုပ်ရှားမှု၊ အဓိက လှုပ်ရှားတပ်ဖွဲ့၊ မြို့တွင်း ပြောက်ကျား လှုပ်ရှားမှု တို့ကို ဖော်ပြထားသည်။

အခန်း ၂ တွင် AA ၏ လူအင်အား၊ AA နှင့် လက်နက်ခဲယမ်း၊ AA နှင့်ရိက္ခာ၊ AA နှင့် ဆေးဝါး၊ AA နှင့် ဆက်သွယ်ရေး၊ AA နှင့် ဘဏ္ဍာရေး၊ AA နှင့်လူထု တို့ကို ဆွေးနွေးထားသည်။

အခန်း ၃ တွင် စစ်ပွဲနှင့်လူထု၊ အခန်း ၄ တွင် အစိုးရ 
( ပြည်ခိုင်ဖြိုးအစိုးရနှင့် ရခိုင်ပြည်နယ်၊ NLD အစိုးရနှင့် ရခိုင်ပြည်နယ် )၊ အခန်း ၅ တွင် တပ်မတော်နှင့် ရခိုင်ပြည်နယ် ( တပ်မတော်၏ အစောပိုင်းစစ်ဆင်ရေး၊ တပ်မတော်နှင့် ၂၀၁၈ အပစ်အခတ်ရပ်စဲရေး၊ တပ်မတော်နှင့် လက်ရှိစစ်ဆင်ရေးများ၊ ကြည်းကြောင်း စစ်ဆင်ရေး၊ လေကြောင်းစစ်ဆင်ရေး၊ ရေကြောင်းစစ်ဆင်ရေး၊ Covid ကာလ အပစ်အခတ်ရပ်စဲရေး၊ တပ်မတော်နှင့် ရခိုင်လူထု၊ ရဲတပ်ဖွဲ့ )၊ အခန်း ၆ တွင် ANP နှင့် ရခိုင်ပြည်နယ် ခေါင်းစဉ်ငယ်များဖြင့် ဆွေးနွေးတင်ပြထား သည်။

 အခန်း ၇ နိုင်ငံတကာနှင့် ရခိုင်ပြည်နယ်တွင် ( တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ ထိုင်း၊ အနောက်နိုင်ငံ များ ) နှင့် ရခိုင်ပြည်နယ်အပေါ် သဘောထားတို့ကို ဆွေးနွေးသုံးသပ်ထားသည်။

အခန်း ၈ တွင် လက်နက်ကိုင်ပုန်ကန်မှုများနှင့် မြန်မာ ပြည် ကို ဆွေးနွေးထားပြီး ရခိုင်ပြည်နယ်အရေးသုံးသပ်ချက် ဖြင့် စာတမ်းကို အဆုံးသတ်ထားသည်။ 

'' ရခိုင်စစ်ပွဲအပါ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ ကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ 
အဖြေထွက်ပေလိမ့်မည်။တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကျပ်အတည်း၏ ထွက်ပေါက်ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပြင်းထန်သော ရှည်ကြာသော စစ်ပွဲ သံသရာက ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ''
( စာမျက်နှာ ၈၂ )

တိုင်းရင်းသားလက်နက်ကိုင်ပြဿနာတို့ကို စိတ်ဝင်တ စားရှိကြသူတို့အတွက် တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေမည့် စာတမ်းနှစ်စောင်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၄ စက်တင်ဘာ ၂၀၂၀


Publisher Name: ရွှေနဒီစာပေ

Publisher Phone Number: ph 09254099229 / 09795665051


Related Books