Book Image

ဂရင်းဝှစ်ခ်ျ တရုတ်တန်း အမှတ် ၅၁ ဝိုင်းမော်

လွင်မောင်မောင်

လွင်မောင်မောင်

ဂရင်းဝှစ်ခ်ျ တရုတ်တန်း အမှတ် ၅၁
ဝိုင်းမော် စာအုပ်တိုက်၊
ပထမအကြိမ်၊ စက်တင်ဘာ ၂၀၂၀။
မျက်နှာဖုံးပန်းချီ - မုတ်သုန်။
မျက်နှာဖုံးဒီဇိုင်း - မိုးမြင့်စံ။
၁၃.၂ စင်တီမီတာ x ၁၈.၈ စင်တီမီတာ။
စာမျက်နှာ - ၁၀၃ ၊ တန်ဖိုး - ကျပ် ၂၅၀၀။

လွင်မောင်မောင်၏ '' ဂရင်းဝှစ်ခ်ျ အဖြူအမည်းနေ့ရက်များ၊ တရုတ်တန်းအော်ပရာ၊ အမှတ် ၅၁ '' စသည့် 
အရေးအသား ၃ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။



'' ဂရင်းဝှစ်ခ်ျ အဖြူအမည်းနေ့ရက်များ '' မှာ ညူးယော့ခ်မြို့ မက်ဟင်တန်ရပ်ကွက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဂရင်းဝှစ်ခ်ျရွာ၏ အတိတ်သမိုင်းကို တူးဆွရေးဖွဲ့ ထားသည့် အရေးအသားတစ်ခုဖြစ်သည်။

'' ၁၀စုနှစ် ၅ ခု အကြာမှာတော့ ကမ ္ဘာကြီးရဲ့ အပြောင်း အလဲတွေဟာ အံ့မခန်းဖြစ်ခဲ့ရတယ်။ ၂၀၀၀ပြည့်နှစ်ရဲ့ ဒေါ့ကွမ်းပူဖောင်းတွေ၊ ဂူးဂယ်အင်ဂျင်၊ ၂၀၀၈ မဟာ စီးပွားပျက်ကပ်နဲ့ ဂျူလီယမ်အက်ဆမ်ရဲ့ ဝီကီလိခ်၊ စမတ်ဖုန်းယဉ်ကျေးမှု၊ မော်ဒန်ရော့ခ်ဂီတနဲ့ လူမည်းဟစ်ဟော့ အဆက်မပြတ် ရွတ်ဖတ်မှု၊ ကိုရီးယားလှိုင်း၊ အစ္စလမ်မစ်အစွန်းရောက်နဲ့ သဲကန ္တာရထဲက ခေါင်း ပြတ်တွေ၊ ဆီးရီးယားစစ်ပြေးတွေနဲ့ လူမမာဥရောပ၊ တရုတ်ပြည်ကြီးရဲ့ အလွန်အကျူးမောက်မာမှုနဲ့ လောဘ။ ကမ ္ဘာကြီး ပိုမိုဆိုးဝါးသွားပြီလား၊ ပိုမိုကောင်း မွန်သွားပြီလား၊ ဘယ်လိုပြောရမလဲ။

ဂရင်းဝှစ်ခ်ျရွာထဲမှာ တုန်ချည့်ချည့် အဘိုးအို ကဗျာ ဆရာဂျွန်အက်ရှဘရီကို တစ်ခါတလေ တွေ့ရတတ်သ တဲ့။ ဇရာနဲ့ အရိုး ပြိုင်းပြိုင်း ဘော့ဒိုင်လန်ကို တွေ့ရတတ်သတဲ့။ ဆူဖြိုးဝဖိုင့်နေတဲ့ ဟဲဗီးမက်တယ်နန်းကျဘုရင်တွေ တွေ့ရတတ်သတဲ့။ ဒါပေမဲ့ လူတွေမသိတာကတော့ ဘိုဟီးမီးယမ်းတစေ ္ဆတွေက ဂရင်းဝှစ်ခ်ျထဲမှာ လှည့်လည်သွားလာနေကြတုန်းဆိုတာပါပဲ။ ''
( စာမျက်နှာ ၂၃ မှ )

'' တရုတ်တန်းအော်ပရာ '' မှာ အမေရိကန်နိုင်ငံရှိ တရုတ်တန်း အကြောင်း အရေးအသားတစ်ခုဖြစ်သည်။

'' ရီနေဆန်းခေတ်ကြီးက စက်မှုတော်လှန်ရေးကို ယူလာတယ်။ စက်မှုတော်လှန်ရေးက ရေနွေးငွေ့စက်ခေါင်းတွေကို ယူလာတယ်။ ရေနွေးငွေ့စက်ခေါင်းတွေ က ယန်ကီးမြို့ကြီးတွေကို ယူလာတယ်။ ယန်ကီးမြို့ ကြီးတွေက အာသာရမ္မက်နဲ့ရွှေတွင်းတွေကို ယူလာ တယ်။ အာသာရမ္မက်နဲ့ ရွှေတွင်းတွေက တရုတ်လူမျိုးတွေကို ယူလာတယ်။ တရုတ်လူမျိုးတွေက ဘိန်းခန်း ဖာခန်း လောင်းကစားနဲ့ မှောင်ခိုလုပ်ငန်းတွေကို ယူ လာတယ်။ ဆန်ဖရန်စ္စကို အပါအဝင် တခြားမြို့တွေမှာ လာ အခြေစိုက်တဲ့ တရုတ်လူမျိုးတွေ တစ်စတစ်စ များ လာတယ်။ အမေရိကန်အစိုးရက ၁၈၈၂ မှာ Chinese Exclution Act ဥပဒေနဲ့ ထိန်းချုပ်ခဲ့တယ်။ ၁၈၉၂ မှာ Geary Act လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြဋ္ဌာန်းတယ်။ ဒါပေမဲ့လည်း နည်းလမ်းမျိုးစုံသုံးပြီး ဝင်လာမစဲ တသဲသဲပဲ။ ''
( စာမျက်နှာ ၃၃ မှ )

'' ပေငါးဆယ် လမ်းပေါ်က ကျွန်တော့်အဘိုးအိမ်ဟာ အခုလို ကန်ထရိုက်တိုက် ခေါ် စုပေါင်းခိုအိမ် မဖြစ်ခင်က ရှေးမြန်မာတွေ ဆောက်လေ့ဆောက်ထရှိတဲ့ လေးပင် သုံးခန်းတွဲ သစ်သားနှစ်ထပ်အိမ်ကြီးဖြစ်ခဲ့ဖူး တယ်။ '' ( စာမျက်နှာ ၄၉ မှ ) ဟု'' အမှတ် ၅၁ '' အရေး အသားကို စတင်မိတ်ဆက်လိုက်သည်။

အမှတ် ၅၁ အိမ်ကြီးနှင့်အတူ သူဖြတ်သန်းခဲ့ရသော ခေတ်ကြီးထဲသို့ လွင်မောင်မောင်က ခေါ်ဆောင်သွား သည်။ သူဖြတ်သန်းခဲ့ရသည့် လူများ၊ သက္ကရာဇ်များ၊ ဘဝများကို တို့ထိရေး သားသွားသည်။ ကျွန်တော်တို့ နှင့် တစ်သားတည်းသော ဖြတ်သန်းမှုများ။ အတိတ်က စိမ်းစိုလတ်ဆတ်မှုတို့ကို မြင်ယောင်လာစေသည့် 
အရေးအသားပင်ဖြစ်သည်။ 

'' အမှတ် ၅၁ '' ကို အောက်ပါအတိုင်း အဆုံးသတ်ထား သည်။

'' အမှတ် ၅၁ အိမ်ကြီးရှေ့ရောက်တိုင်း ကျွန်တော်တို့ ဘယ်လို ရှင်သန်ခဲ့တာလဲလို့ တွေးမိတယ်။ ကြုံသလို သောက်တလွဲတွေနဲ့ပါပဲကွာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတာချည်းပဲ။ ဒါပေမဲ့ လွမ်းစရာပါပဲ။ ဆိုရှယ်လစ်ခေတ်ဟာ လွမ်းဖို့ကောင်းသ လို၊ စစ်အာဏာရှင်ခေတ်ကလည်း လွမ်းဖို့ကောင်းတာပဲလေ။ အဆိုးတွေထဲမှာ ကောင်းတာဆိုတာလည်း ရှိတတ်တာပဲ မဟုတ်လား။ 

ရုပ်ရှင်ကားတစ်ကားဆိုရင်တော့ နောက်တစ်ခါ ထပ်တော့ မကြည့်ပါရစေနဲ့တော့လေ။ '' 
( စာမျက်နှာ ၁၀၃ မှ )

'' ဂရင်းဝှစ်ခ်ျ တရုတ်တန်း အမှတ် ၅၁ ''သည် ချစ်စရာကောင်းသော အရေးအသား ၃ ပုဒ်ဟုသာ ဆိုချင်ပါ တော့သည်။

မိုးမင်းသိမ်း
၆ စက်တင်ဘာ ၂၀၂၀


Publisher Name: ဝိုင်းမော် စာအုပ်တိုက်


Related Books