Book Image

ရှားလော့ဟုမ်း၏ ပျောက်ဆုံးနေသော စွန့်စားခန်းများ

ဒေါက်တာဇော်သန်း

ဒေါက်တာဇော်သန်း

ရှားလော့ဟုမ်း၏ ပျောက်ဆုံးနေသော စွန့်စားခန်းများ
The Lost Adventures of Sherlock Holms မှ
ရွေးချယ်ဘာသာပြန်ဆိုသည်။
တိုးမြစ် စာအုပ်တိုက်၊
ဒုတိယအကြိမ်၊ ၁၅ ဇူလိုင် ၂၀၂၀။
မျက်နှာဖုံးပန်းချီနှင့် ဒီဇိုင်း - ဇော်မောင်။
၁၃.၆ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - က မှ ဗ နှင့် ၁၅၆၊ တန်ဖိုး - ကျပ် ၃၀၀၀။

၁၉၄၅ ခုနှစ်က လော့စ်အင်ဂျလစ်မြို့ ရေဒီယိုစတေရှင် KHJ လိုင်းက ထုတ်လွှင့်ခဲ့သော ဒင်းနစ်ဂရင်း (Dennis Green ) နှင့် အင်သိုနီဘောက်ချာ ( Anthony Boucher )တို့ရေးသား ထုတ်လွှင့်ခဲ့သည့် ရေဒီယိုဇာတ်လမ်းများကို အခြေခံ၍ အမေရိကန်စာရေးဆရာ Ken Greenwald က ဝတ္ထုတိုအသွင်ပြောင်းကာ ရေးဖွဲ့ထား သည့် ၁၉၈၉ ခုနှစ်ထုတ်စာအုပ်မှ ရွေးချယ်၍ ဘာသာ ပြန်ဆိုထားခြင်းဖြစ်သည်။



ရှားလော့ဟုမ်း၏ ပျောက်ဆုံးနေသော စွန့်စားခန်း ၁၃ ပုဒ် မှ ၆ ပုဒ်ကို ဘာသာပြန်ဆိုထားသည်။

ုမြန်မာပြန်သူ၏ အမှာစာ၊ ၉ ဇူလိုင် ၂၀၀၅ ရက်စွဲဖြင့်ရေးသားထားသော ဒေါက်တာဇော်သန်း၏ '' ယနေ့ ကမ ္ဘာပေါ်မှ ရှားလော့ဟုမ်းဝတ္ထုများစာရင်း '' တို့ပါရှိ သည်။ 

၂၅ ဇူလိုင် ၁၉၈၈ ရက်စွဲဖြင့် ရေးသားထားသော 
'' ဒေါက်တာဝပ်ဆင်၏နိဒါန်း '' ကိုလည်း ဘာသာပြန်ဆို ထည့်သွင်းထားသည်။

ရှားလော့ဟုမ်း၏ ပျောက်ဆုံးနေသောစွန့်စားခန်း ၆ ပုဒ်မှာ '' အဆိပ်ခတ်သူများအမှု The Case of the Camberwell poisoners၊ စကားဝှက်အမှု The Case of the Baconian cipher ၊ ဇိမ်မရှိသော ဇိမ်ခံကုလား ထိုင်အမှု The Case of the uneasy easy chair ၊မိန်း ကလေးငယ်နှင့် သမင်မှု The Case of the girl with the gazelle ၊ တောင်တန်းအလွန်က လူသတ်မှု Murder beyond the mountains ၊ အပျော်တမ်း သူတောင်းစားများအမှု The Case of the amateur mendicants '' တို့ဖြစ်သည်။

ဆာအာသာကိုနင်ဒွိုင်း ဖန်တီးခဲ့သည့် ရှားလော့ဟုမ်းနှင့် ဒေါက်တာဝပ်ဆင်တို့၏ ဇာတ်ကောင်စရိုက်တို့ကိုသာ ယူ၍ ရေးဟန်ပြောင်းလဲရေးဖွဲ့ထားသော ဝတ္ထုတိုများ ဖြစ်ရာ တစ်မျိုးတစ်ဘာသာထူးခြားသည့် ဝတ္ထုတိုများ ဖြစ်သည်။

'' ကျွန်ုပ်၏မိတ်ဆွေကြီး ရှားလော့ဟုမ်းသည် သူ၏ စိတ်အပြောင်းအလဲနှင့် တိုက်တွန်းမှုဖိအား သဘာဝအရ မည်သို့ပင်ဖြစ်စေကာမူ အခြားအရာအားလုံးထက် လူသား၏အမှန်တရားနှင့် သဘာဝကျသော ဘဝ၏ အလိုက်အထိုက်နေထိုင်တတ်မှုတို့ကို အမြဲပင်ရှေ့တန်း တင်လေ့ရှိပေသည်။ သူသည် အသိဉာဏ်မဲ့သူ လူမိုက်များကို ရွံမုန်းပြီး အခြားသူများအပေါ် အခွင့်ကောင်းယူ တတ်သည့် စဉ်းလဲကောက်ကျစ်သူများအားလည်း စက်ဆုပ်ရွံရှာတတ်ပေသည်။ လူသားတယောက်၏ အသက်ကိုသတ်ဖြတ်ခြင်းနှင့် လူများ ကြေကွဲဝမ်းနည်းစေ၊ ထိခိုက်နစ်နာမှုဖြစ်စေသည့် အဆိုးဝါးဆုံးပြုမူမှုများ အတွက် ဟုမ်းသည် လူသတ်သမားကို အထူးပင်မျက်မုန်းကျိုး၍ မုန်းတီးနေတတ်သည်။ ''
( အပျော်တမ်းသူတောင်းစားများအမှု၊ စာမျက်နှာ ၁၃၁ မှ )

မိုးမင်းသိမ်း
၂၄ စက်တင်ဘာ ၂၀၂၀


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books