Book Image

အနောက်အရပ်ဆီမှာ ငို

ခတ္တာခင်


#စာအုပ်အမည် - အနောက်အရပ်ဆီမှာ ငို
#စာရေးဆရာ - ခတ္တာခင်
#စာမျက်နှာ - ၁၇၂ (တန်ဖိုး - ၃၅၀၀ ကျပ်)


မငြိမ်းချမ်းတဲ့ ရခိုင်ပြည်နယ်ကို အခြေပြု၍ ညီအစ်မနှစ်ယောက်ရဲ့ ချစ်မေတ္တာကို သီကုံးဖွဲ့ဆိုထားသည့် ၀တ္ထုတစ်ပုဒ် .. 


ရှစ်သောင်းပုထိုးတို့နဲ့ ထင်ရှားကျော်ကြားလျက်ရှိသော ရခိုင်ဒေသဟာ တောင်တန်းတွေရဲ့ အ‌ခြားတစ်ဖက်မှာရှိဝာာကြောင့် မြေပြန့်ဒေသတွေနဲ့ယှဉ်ရင် ဖွံဖြိုးတိုးတက်မှု အလွန် နောက်ကျ ကျန်နေခဲ့ရတယ်လို့ ဆိုလို့ရပါတယ် .. 

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် လူမျိုးတုန်း သတ်ဖြတ်မှုလို အရေးအရာတွေ ဖြစ်ပွားခဲ့ပြီး သတင်းအမှောင်ချခံရတဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတာတောင် တစ်နေရာနဲ့ တစ်နေရာ အဆက်အသွယ် ပြုလုပ်ဖို့ရာ အခက်အခဲများစွာ ရှိခဲ့ပြီး ရှင်သန်နေထိုင်ဖို့ရာ ပြဿနာများစွာရှိ‌ေနတယ်ဆိုတဲ့ အကြောင်းလေးကို ဒီစာအုပ်လေးထဲမှာ တွေ့ရတယ် .. 

စာအုပ်လေးထဲမှာပါတဲ့ စောမြစံနဲ့ နှင်းမြစံ ဆိုတဲ့ ညီအစ်မ နှစ်ယောက်ဟာ မတည့်အတူနေ ဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အခါအခွင့်သင့်တာနဲ့ အနိုင်ကျင့် ဗိုလ်ကျနေတတ်တာကို တွေ့ရတယ် .. 

ရန်တကျက်ကျက်ဖြစ်နေတတ်တဲ့ သူတို့နှစ်ဦးမှာ အရင်ဆုံး ခွဲခွာသွားသူက အစ်မဖြစ်သူ နှင်းမြစံပဲ ဖြစ်တယ် .. ဝါသနာပါရာ ဆရာမ ဘ၀ကို ရွေးချယ်သွားပြီး ရခိုင်ပြည်နယ် မောင်တောကို တာ၀န်ထမ်းဆောင်ဖို့ ထွက်ခွာသွားခဲ့တယ် .. 

သူမ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ညီမဖြစ်သူထံ စာတတန် ပေတတန်ရေးဖွဲ့ပြီး ပြောပြထားတာကို ဇာတ်လမ်းအဆုံးမှာ ရင်နင့်စဖွယ် မြင်တွေ့ရတယ် .. 

မီးခိုးငွေ့တလူလူ ၊ သေနတ်သံ တဆူဆူဖြစ်နေတဲ့ ဒေသမှာ ရှင်သန်နေရတဲ့ မိန်းမသားတစ်ယောက်အဖို့ အခက်အခဲတွေကို ကြိုးစားပီး ဖြတ်ကျော်ရင်ဆိုင်နေရတာလေးက စိတ်မကောင်းစရာ .. 

စောမြစံရဲ့ အစ်မဖြစ်သူအပေါ် လွမ်းတမ်းတ စိတ်ကို မြင်တွေ့ရတာကလည်း ရခိုင်ရိုးမတွေပေါ်မှာ တွေ့ရ‌တတ်တဲ့ တငွေ့ငွေ့လောင်မြိုက်နေသော မီးသွေးလုပ်မယ့် တောမီးသဖွယ် .. 

ရခိုင်ဒေသကို အခြေတည်ထားပေမယ့် ကျွန်တော်ကတော့ မငြိမ်းချမ်းတဲ့ ဒေသအားလုံးကို စာဖတ်နေရင်း မြင်ယောင်မိလျက်ရှိတယ် .. 

ပြည်တွင်းစစ်တွေ ကင်းဝေးသော တိုင်းပြည် နိုင်ငံများတွင်သာ နောင်ဘ၀ လူဖြစ်ပါစေဆိုတဲ့ ဆုတစ်ခုသာ တောင်းချင်တော့တယ် .... 

#အနောက်အရပ်ဆီမှာငို
#ခတ္တာခင်

#PyaeArKar


Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်​းလမ်​း၊ သု၀ဏ္ဏ၊ သင်္ဃန်​းကျွန်​းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books

Book Review Image

အနောက်တံခါးပြဿနာ

စည်​သူ​ကျော်​