Book Image

ဒဂုံမြို့မှသည် ရန်ကုန်မြို့တော်သို့ (ရန်ကုန်အကြောင်းမှတ်မိသမျှ) ဟိန်းလတ် တန်ဖိုး - ၈၅၀၀ ကျပ် ပထမအကြိမ်၊ ၂၀၂၂ ဖေဖော်ဝါရီ

ဟိန်းလတ်

ဒဂုံမြို့မှသည် ရန်ကုန်မြို့တော်သို့ (ရန်ကုန်အကြောင်းမှတ်မိသမျှ)

ဟိန်းလတ်
တန်ဖိုး - ၈၅၀၀ ကျပ်
ပထမအကြိမ်၊ ၂၀၂၂ ဖေဖော်ဝါရီ

မာတိကာ

အမှာစာ

- မှီငြမ်းကိုးကားသော စာအုပ်များ

၁။ မိမိကိုယ်တိုင်ဖြတ်သန်းခဲ့သော ရန်ကုန်ရက်များ (၁)
၂။ မိမိကိုယ်တိုင်ဖြတ်သန်းခဲ့သော ရန်ကုန်ရက်များ (၂)
၃။ မိမိကိုယ်တိုင်ဖြတ်သန်းခဲ့သော ရန်ကုန်ရက်များ (၃)
၄။ ရန်ကုန်သို့ အိန္ဒိယနွယ်ဖွားများ ဝင်ရောက်လာခြင်း
(၁၈၅၂ - ၁၉ဝဝ)
၅။ ရှေးခေတ်ရန်ကုန်မှ အိန္ဒိယနွယ်ဖွားများ
၆။ ရန်ကုန်ရောက် တရုတ်လူမျိုးများ
၇။ ရန်ကုန်သို့ ဂျူးလူမျိုးများ ရောက်ရှိလာခြင်း
၈။ ရန်ကုန်ရောက် ပေါ်တူဂီများ
၉။ ရှေးခေတ်ရန်ကုန် သောင်းပြောင်းစုံ၊
၁၀။ ကုန်းဘောင်ခေတ်ရန်ကုန်၊ အင်္ဂလိပ်ခေတ်ရန်ကုန်
၁၁။ စစ်ကြိုခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးခေတ် ရန်ကုန်
၁၂။ ရန်ကုန် (၁၈၅၅-၁၈၇၄)
၁၃။ ၁၈၉၇ ခုနှစ် တစ်ဝိုက်က ရန်ကုန်
၁၄။ ရန်ကုန်နှင့် အနီးပတ်ဝန်းကျင်
၁၅။ ရန်ကုန်တွင် လေ့လာစရာများ ။
၁၆။ တစ်ခေတ်က ရန်ကုန်လမ်းများ
၁၇။ အင်္ဂလိပ်ခေတ် ရန်ကုန်လမ်းအမည်များနှင့်ယနေ့ခေတ် အခေါ်အဝေါ်
၁၈။ ထင်ရှားသော ဘုန်းတော်ကြီးကျောင်းများ
၁၉။ ရန်ကုန်တိုင်း မြို့နယ် ရပ်ကွက်အမည်များ၏အဓိပ္ပာယ်
၂၀။ တစ်ခေတ်က ရန်ကုန်သယ်ယူပို့ဆောင်ရေး
၂၁။ ရှေးရှေးက မြန်မာရုပ်ရှင်ရုံများ
၂၂။ ရန်ကုန်မြို့၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများ
(၁၈၅၂ - ၁၉ဝဝ) နှစ်
၂၃။ မြန်မာနိုင်ငံ ဆန်စပါးကုန်သွယ်မှု (၁၈၅၂-၁၉ဝဝ)
၂၄။ ရန်ကုန်ဆိပ်ကမ်း တိုးတက်ဖွံ့ဖြိုးမှု (၁၈၅၂-၁၉ဝဝ)
၂၅။ ရန်ကုန်ပညာရေး (၁၈၅၂-၁၈၈ဝ) 
စမ်းသပ်မှုများနှင့် အလွဲလွဲအချော်ချော်
၂၆။ ပညာရေးဗဟိုဌာနဖြစ်သော ရန်ကုန်၏ အောင်မြင်မှုနှစ်များ (၁၈၈၀-၁၉၀၀) 
၂၇။ နိုင်ငံခြားသားမျိုးနွယ်များမှ ဆင်းသက်လာသော ရန်ကုန်သားများ၏ စကားသံ
၂၈။ ရန်ကုန်ကယ်တင်ရေး
- နောက်ဆက်တွဲ (က) 
မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်း (အကျဉ်း)
- နောက်ဆက်တွဲ (ခ)
- ရန်ကုန်မှ ဖရီးမေဆင်အသင်း 
- နောက်ဆက်တွဲ (ဂ)
ဧရာဝတီဖလော်တီလာကုမ္ပဏီလီမိတက်
- နောက်ဆက်တွဲ (ဃ)
ရန်ကုန်မြို့မှ နှစ်တစ်ရာသက်တမ်းကျော်အဆောက်အဦများ



 




<<စာညွှန်းကဏ္ဍ>>

မြို့ဧရိယာကျယ်လွန်းပြီး လူတွေစည်ကားပြည့်ကျပ်နေတတ်တဲ့၊ ခေတ်ပေါ်တိုက်တာအဆောက်အအုံတွေအများအပြားနဲ့ ရန်ကုန်ဟာ အဝေးက ခရီးသွားမြို့တွေလောက် စိတ်အပန်းပြေစရာမကောင်းဘူးလို့ကျနော်တို့ထင်ခဲ့ကြတယ်။ အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ ရန်ကုန်ဟာ လှုပ်ရှားသွားလာနေကြရင်းက အမှုမဲ့အမှတ်မဲ့ကျော်ဖြတ်သွားခံရတဲ့ မြို့ကြီးပါပဲ။ ကျနော်တို့ဟာ ရောက်လေရာအရပ်က သမိုင်းဝင်အဆောက်အအုံတွေ၊ နေရာတွေကို စိတ်ဝင်တစား လည်ပတ်ကြည့်ရှုနေခဲ့သလောက် လက်တစ်ကမ်းအကွာက ပြောင်းလဲအသက်ဝင်နေဆဲဖြစ်တဲ့ ရန်ကုန်ရဲ့သမိုင်းဝင်နေရာတွေကိုတော့ မေ့လျော့နေခဲ့ကြတယ်။ ပြန်စဉ်းစားလိုက်တဲ့အခါကျမှ ကျနော်တို့ခြေရာတွေထပ်ခဲ့တဲ့ ရန်ကုန်ဟာ ဆိုင်ခန်းအိမ်တိုက်တန်းတွေက အစ ပြန်တမ်းတအောက်မေ့မိရတာပါပဲ။ 

အခု အသစ်ထွက်ရှိတဲ့ ဆရာဟိန်းလတ်ရဲ့ ‘ဒဂုံမြို့မှသည် ရန်ကုန်မြို့တော်သို့’ စာအုပ်ဟာ သူကိုယ်တိုင်ရဲ့ ရန်ကုန်အပေါ်သံယောဇဉ်ကိုအခြေတည်ပြီး ရန်ကုန်အကြောင်း ထွေရာစုံလင် စုစည်းရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ အမှာစာမှာ သူ မှီငြမ်းလေ့လာခဲ့တဲ့စာအုပ်တွေအ​ကြောင်းမိတ်ဆက်ရေးသားထားခဲ့သလို ကိုးကားစာအုပ်တွေကို သတ်သတ်မှတ်မှတ်စာရင်းပြုစုထည့်သွင်းထားတာတွေ့ရပါတယ်။ 

ကျနော်တို့ မေးလေ့သိချင်လေ့ရှိခဲ့ကြတဲ့ တရုတ်တန်းလိုမျိုး လူမျိုးအလိုက်စုနေတာတွေ ဘယ်ချိန်တည်းက အခြေချလာခဲ့ကြသလဲဆိုတာတွေ၊ လူကြီးတွေခေါ်တဲ့လမ်းနာမည်နဲ့ ကျနော်တို့ သိတာတွေမတူတော့တာတွေ၊ ပြောင်းလဲအသုံးပြုနေတဲ့ ကိုလိုနီလက်ကျန် အဆောက်အဦတွေ၊ ကြားဖူးခဲ့တဲ့ အထင်ကရ နာမည်တွေ၊ နေရာတွေနဲ့ အာရှမှာ နေရာရခဲ့တဲ့သမိုင်းတွေ၊ လူကြီးတွေပြောလေ့ရှိတဲ့ တို့ခေတ်တုန်းက ဘယ်လိုဘယ်ဝါ ဘယ်သွားဘယ်လာ ဘယ်လိုနေခဲ့ကြတာဆိုတဲ့ အတိုအစလေးတွေ စသဖြင့် အစုံအလင်ပါပဲ။ စာအုပ်ရဲ့အစမှာ ဒီလို အမှတ်ရစရာအတိုအထွာလေးတွေကို ‘ကျနော် ဖြတ်သန်းခဲ့သော ရန်ကုန်ရက်များ’ ဆိုပြီး အခန်း(၃)ခန်းနဲ့စဖွင့်ထားတော့ အဲ့ဒီ့ခေတ်ကာလကိုဖြတ်သန်းခဲ့ရသူတွေအတွက် ဆွတ်ပျံ့စရာ၊ ကျနော်တို့လို နှောင်းမျိုးဆက်တွေအတွက်တော့ စိတ်ဝင်စားစရာ ရှေးဖြစ်ဟောင်းတွေပါပဲ။ 

ဒီအမှတ်ရစရာအတိုအထွာလေးတွေအပြီးမှာတော့ 

▪️ရန်ကုန်မှာ လက်ရှိ လူဦးရေအများစုထဲပါဝင်တဲ့ အိန္ဒိယ၊ တရုတ်လူမျိုးတွေ စတင်အခြေချခဲ့တာတွေ
▪️ဂျူး၊ ပေါ်တူဂီ စတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်ကျက်စားခဲ့တဲ့အချိန်တွေ စတာတွေကိုလည်း တစ်ခန်းချင်းစီ အသေးစိတ်ရေးထားတာတွေ့ရမှာဖြစ်ပါတယ်။ 

▪️ရန်ကုန်တည်စ ကနေ ခေတ်အဆက်ဆက် မြို့ပြအနေအထားအခင်းအကျင်း၊ စီမံအုပ်ချုပ်ပုံစနစ်၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေးအရွေ့၊ ဘဏ်နဲ့ငွေကြေးစနစ်၊ ခရီးလမ်းပန်းဆက်သွယ်ရေးစတာတွေအပြင် 

▪️ရန်ကုန်နဲ့အနီးတဝိုက်နေရာတွေ

▪️မြို့နယ်အလိုက်သမိုင်းကြောင်းတွေ

▪️လမ်းတွေရဲ့ရာဇဝင်တွေ စသဖြင့်တော်တော်စုံစုံလင်လင်တို့ထိထားတာတွေ့ရပါတယ်။ မှီငြမ်းကျမ်းကြီးတွေလောက် မပြည့်စုံနိုင်ပေမယ့် ပုံမှန်အလယ်အလတ်ဆိုဒ် စာမျက်နှာ ၄၀၀ ကျော် စာအုပ်တစ်အုပ်အနေနဲ့ ကျနော်အရင်ဖတ်ဖူးခဲ့တဲ့စာအုပ်တွေထက် ပိုထဲထဲဝင်ဝင်အသေးစိတ်ရေးထားတာတွေ့ရပါတယ်။ အချက်အလက်သက်သက် သုတနှီးနွယ်တဲ့စာအုပ်ဆိုတာထက် ပေါ့ပေါ့ပါးပါး လှန်လှောလေ့လာနိုင်တဲ့၊ ကျနော်တို့ချစ်တဲ့ ရန်ကုန်အကြောင်း ပိုသိလာစေနိုင်တဲ့ ဝယ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်၊၊ 


Publisher Name: Book Street

Publisher Address: အ.ထ.က (၁) ရန်ကင်းရှေ့၊ရန်ကင်းမြို့နယ်။ဖုန်း - 09443019665, 09425764230

Publisher Phone Number: 09443019665, 09425764230


Related Books