Book Image

Body Language ဆိုသည်မှာ

ထွန်းဘကြူး

Body Language ဆိုသည်မှာ

ထွန်းဘကြူး
မဟာခေတ်စာပေ
တန်ဖိုး - ၂၅၀၀ ကျပ်

စာအုပ်မှာချင်ပါက


စာရေးဆရာကိုယ်ရေးအကျဥ်း


ကျွန်တော်က Body Language နှင့် Micro
Expressions Coach ပါလို့ လူတွေကိုရှင်းပြလျှင် bodylanguage ဆိုတာဘာလဲဆိုပြီးတော့ ပြန်မေးခံရပါတယ်။
.....
ပြန်မေးခံရရုံသာမက တစ်ခါတစ်လေလှောင်ပြီးတော့ ပြန်ပြောတဲ့ လူတွေလဲ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကို BodyLanguage အကြောင်းကို သေချာရှင်းပြလိုက်ရင်တော့ သူတို့တွေ
စိတ်ဝင်တစားနဲ့နားထောင်ပြီး နောက်ဆုံးတော့ .
“ဟာ … အဲ့တာ အင်္ဂဝိဇ္ဇာနဲ့ ဆင်သလိုပဲနော်” ဆိုပြီးတော့ပြန်ပြောတဲ့လူတွေလဲရှိကြပါတယ်။ မှန်လည်းမှန်သလို မှားလဲမှားပါတယ်။ Body Language ဆိုတာ၊ သူတို့နားလည်သလိုပြောလျှင်၊ အင်္ဂဝိဇ္ဇာနဲ့ ဆင်သယောင်ရှိတဲ့ အခြားပညာတစ်ခုပါပဲ။ ရှင်းရှင်းပြောရလျှင်တော့ …
“လူအကဲခတ်ပညာ” ပေါ့ဗျာ။ အခုခေတ်မှာတော့ "softskill" ခေါင်းစဉ်အောက်မှာ ပါသွားပါတယ်။ SherlockHolmes တို့၊ ဆားပုလင်းနှင်းမောင်တို့ စာအုပ်တွေကို ဖတ်ဖူးတယ်ဟုတ်၊ အဲ့ဒီစာအုပ်က ဇာတ်ကောင်တွေမှာလဲ သုံးကြပါတယ်။

တစ်ခုလေးတော့ ထပ်ပြီး ပြောပြချင်ပါတယ်။ BodyLanguage ကို ကျွမ်းကျင်ပြီဆိုလျှင်တော့ perfect နီးပါးဟန် ဆောင်လို့ရသလို လူတွေရဲ့အမူအရာတွေကိုလည်း ဖတ်လို့ရပါတယ်။

Perfect နီးပါးလို့ ဘာ့ကြောင့် ပြောလဲသိပါလား။ ဘာကြောင့်လဲဆိုတော့ perfect ဖြစ်ဖို့ဆိုလျှင် ကိုယ့်ရဲ့မသိစိတ်ကို ကိုယ်ကပိုင်နေမှရမှာပါ။ ပိုင်ရဲ့လား။ ဝ.၅ စက္ကန့်အတွင်းမှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့တုံ့ပြန်မှုကိုပိုင်ဆိုင်နိုင်ပါ့မလား။ တော်တော်နဲ့တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ စိတ်ရဲ့ တုံ့ပြန်မှုအကြောင်းကို နောက်ပိုင်းမှာ ရှင်းပြထားပါတယ်။ အဲဒီတော့ Body Language/Nonverbal ဆိုတာတွေက လူတွေရဲ့မသိစိတ်ကနေပေါ်လာတဲ့ အမူအရာတွေ၊ လက္ခဏာတွေဖြစ်ပါတယ်။
ပြန်စဉ်းစားကြည့်ကြည့်ပါ။ ကိုယ်ပြောတဲ့ စကားကို သူများလက်ခံယုံကြည်အောင် ဘယ်လိုလုပ်ရမှာလဲ။ ကိုယ့်အမူအရာကရောကိုယ်ပြောနေတာနဲ့ ကိုက်ညီမှုရှိရဲ့လား။ Body Language ကစာဖတ်သူတွေအနေနဲ့ လိုနေတဲ့ အဖြေတစ်ခုဖြစ်သွားနိုင်ပါတယ်။


Publisher Name: မဟာခေတ်စာပေ

Publisher Address: ဖုန်း - 09458128456

Publisher Phone Number: 09458128456


Related Books