Book Image

ဒေးကာနက်ဂျီ၏ ဒီဂျစ်တယ်ခေတ် လူမှုဆက်ဆံရေး

ရဲမင်းဝင်း

ဒေးကာနက်ဂျီ၏ ဒီဂျစ်တယ်ခေတ် လူမှုဆက်ဆံရေးလမ်းညွှန်

By ရဲမင်းဝင်း

Book Details

ဈေးနှုန်း

MMK 14,000

စာရေးသူ

ရဲမင်းဝင်း

စာအုပ်အမျိုးအစား

လူမှုဆက်ဆံရေး

စာမျက်နှာ

179

စာအုပ်မှာချင်ပါက အောက်ကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်

http://m.me/296440813843950





Book Summary
Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ဟာ နိုင်ငံတကာမှာ သမ္မာကျမ်းစာအုပ်ပြီးရင် အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဦးနုက မိတ္တဗလဋီကာ ဆိုပြီး မြန်မာပြန်ဆိုထုတ်ဝေခဲ့ပါသေးတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ အထင်ကရ ဘာသာစကားအားလုံးနီးပါးနဲ့ ဘာသာပြန်ဆိုခြင်း ခံရတဲ့အထိဩဇာတိက္ကမကြီးမားပါတယ်။

အဆိုပါ စာအုပ်ရဲ့ အစွမ်းဟာကြီးမားလွန်းတဲ့အတွက် Dale Carnegie Traning ဆိုပြီး စာအုပ်ပါ အကြောင်းအရာတွေကိုအခြေခံပြီး သင်တန်းတွေ ဖွင့်လှစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မိတ္တဗလဋီကာစာအုပ်ဟာ ထွက်ရှိခဲ့တာ နှစ် ၈၀ ကျော်သွားပါပြီ။ အဆိုပါ စာအုပ်ထွက်ခဲ့တုန်းက အင်တာနက်မပြောနဲ့ ကွန်ပျူတာတောင် မရှိသေးပါဘူး။ ဒါကြောင့် အခုလိုနည်းပညာခေတ်အတွက် အဆိုပါ စာအုပ်ကိုပုံစံသစ် တည်းဖြတ်ပြီး နိုင်ငံတကာမှာ ထုတ်ဝေခဲ့ပါတယ်။

စာအုပ်နာမည်ကိုလည်း How to Win Friends and influence People in The Digital Age လို့ပေးခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒီဂျစ်တယ်ခေတ်မှာ လူသားအားလုံးဟာ တစ်မဟုတ်ချင်း နာမည်ကျော်သွားနိုင်သလို နာမည်ပျက်ဖို့ကလည်း အလွန်မြန်ပါတယ်။

အခုစာအုပ်ဟာ မိတ္တဗလဋီကာစာအုပ်ကို ဖတ်ဖူးသူတိုင်း ထပ်မံဖတ်ရမယ့် စာအုပ်တစ်အုပ်ပါပဲ။ အထူးသဖြင့် ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကို တိုးပွားချင်သူတွေ၊ တိုးပွားပြီးရင်လည်း တည်တံ့ချင်သူတွေ လက်စွဲထားဆောင်ထား ရပါလိမ့်မယ်။


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books