"လာဘ်ခေါ်ကြောင်ရုပ်လေးနှင့် ဂျပန်တို့၏
ကံကောင်းပျော်ရွှင်ခြင်းလျှို့ဝှက်ချက်များ"
- ဤစာအုပ်သည် ဂျပန်တို့၏ ရှေးရိုးဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများ၊ အစီအရင်များ၊ အဆောင်လက်ဖွဲ့များ နောက်ကွယ်မှ ကံကောင်းအောင်မြင်စေသည့် လက်တွေ့ဘဝသင်ခန်းစာများ၊ ဒဿနများကို ယုတ္တိနည်းကျ ဆွဲထုတ်ပြထားသည့် စာအုပ်ဖြစ် သည်။
- ဂျပန်တို့၏ ကံကောင်း၊ ပျော်ရွှင်နည်းလျှို့ဝှက်ချက်များဟု ဆိုသော်လည်း တရုတ်၊ အိန္ဒိယအပါအဝင် အခြားယဉ်ကျေးမှု အသီးသီး၏ ယုံကြည်မှုများ၊ ရိုးရာပုံပြင်များ၊ ထူးခြားသောအဖြစ်အပျက်များနှင့် ၎င်းတို့၏ နောက်ကွယ်မှ ဒဿနများကိုလည်း စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားပါသေးသည်။ ဘဝအတွက် လက်တွေ့အသုံးချနိုင်မည့် ကံကောင်းခြင်း စက်ဝိုင်းသုံးခုကဲ့သို့သော လက်တွေ့နည်းလမ်းများလည်း ပါဝင်ပါသည်။