Book Image
လင်းယုန်သစ်လွင်

လင်းယုန်သစ်လွင် (၁၉၁၇-၁၉၉၃) 


၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။


၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။


၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။


၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။


၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။


၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။


၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။


၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။


၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။



* ဆရာကြီး လင်းယုန်သစ်လွင် ၏ စာစုစာရင်း *

( ၁၉၁၇ - ၁၉၉၃ )


၁။ တူပြိုင် လေ ကူးမယ်ပ

၂။ သက်ဆုံးကျော့ခိုင်

၃။ ဆိုက်ကားသမား

၄။ ချစ်တုံမပြန်

၅။ ဘုံကျွန်

၆။ မေတ္တာသာလျှင်

၇။ လက်ရွေးစင်ဝတ္တု တိုများ

၈။ ဂရုဏာလှိူ င်း

၉။ အမွေဆိုင်ညီအစ်ကို

၁၀။ လျှိူ ဝှက် ဂိုဏ်း

၁၁။ နှင်းဆီမြို င် လူသတ်မူ

၁၂။ ငွေရတုဂိုဏ်း

၁၃။ တရားခံ

၁၄။ ရတနာခင် နှင့် လူသတ်ဂိုဏ်း

၁၅။ အသက်သွေးချွေး

၁၆။ ချစ်သော မာမီ

၁၇။ ခြေတော်တင်ခံမလေး

၁၈။ မိုးတစ်ညဝယ်

၁၉။ စပယ်ခြံ လူသတ်မူ

၂၀။ သီတာသောင်ခြေဦး

၂၁။ မေတ္တာရနံ့ ပြယ်လေသော်

၂၂။ စောနန်းမွန်

၂၃။ ဘဝ ဇတ်ဆရာထံတွင်

၂၄။ သမုဒယ သံယောဇဉ်

၂၅။ ဂလက်ဒီယေးတား ဂိုဏ်း

၂၆။ သေနတ်တစ်ချက် အသက်တစ်ချောင်း

၂၇။လျှိူ ဝှက်ရတာ

၂၈။ လူသတ်ပတ္တမြား

၂၉။ မေတ္တာပုလဲပန်း

၃၀။ ရွှေမနိုင်ခင်လေး

၃၁။ သွေးသောက်ဓါး

၃၂။ သိန်းထိုက်ရတနာ

၃၃။ ချစ်ရလေမည် မွေးရပ်မြေ

၃၄။ မေတ္တာနှောင်ကြိုး

၃၅။ သေမင်းတမန်လမ်းပေါ်ဝယ်

၃၆။ သောင်းဒီပါမြေ

၃၇။ သမုဒယ နှောင်

၃၈။ သက်စွန့်ဆံဖျား

၃၉။ ယမုန်နာတံငါဝတ္တု တိုများ

၄၀။ နှစ်ဦးမေတ္တာဆုံကြရာဝယ်

၄၁။ ရတနာ နဒီ

၄၂။ ဓမင်းဆိပ်သို့ရောက်လေသော်

၄၃။ လျှိူ ဝှကိဂေဟာ

၄၄။ စစ်သူလျှိူ ဂိုဏ်း

၄၅။ ကပ္ပတိန်မာတင်

၄၆။ ယိုးဒယားမြန်မာ မီးရထားလမ်းနှင့်ကိုယ်တွေချွေးမှတ်တမ်း

၄၇။ ပင်လယ်တံငါ

၄၈။ ဓမ္မဝိလာသ

၄၉။ ဆားချက်မြေ

၅၀။ ပါးစပ်လိုက်လား လက်လိုက်လား

၅၁။ အလွှာ

၅၂။ ဓမ္မရက္ခိတ

၅၃။ မိုးသောက်ကြယ်

၅၄။ အနာဂတ်အတွက် မွေးဖွားခြင်း

၅၅။ ကျွန်းပြန်စိန်တစ်ပွင့်

၅၆။ အိမ်ဖော်မြဒင်

၅၇။ ကိုဖိုးဒေါင်း

၅၈။ တို့ကျောင်းတော်သူ

၅၉။ ရွာခေါင်းဆောင်

၆၀။ ခွင့်လွှတ်ပါမောင်ရယ်

၆၁။ သည်လယ်မြေ

၆၂။ ဆောင်းလပြာသို

၆၃။ အဖြစ်နှင့်အမှန်

၆၄။ ငပိပဒေသာ

၆၅။ လှေ

၆၆။ မြန်မာ့ အဟာရ ငပိနှင့်ငံပြာရည်


Ref :

ဓမ္မဝိလာသာ စာအုပ်မှ ကုူးယူဖော်ပြသည်

ကိုကျော်မောင်ထွဋ်မှ ကူညီ ဆောင်မ၍

စာရင်းပြု စုကာ ဓါတ်ပုံပါ ရှာဖွေပေးသည်။


Coin

     Alinmyawsin 

2:30.Pm.A.D.2017.Oct.7.


Reference from: coin

Written Books

Book Review Image

စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ

လင်းယုန်သစ်လွင်