Book Image

စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ

လင်းယုန်သစ်လွင်

လင်းယုန်သစ်လွင်

စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
၁၀.၆ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၈၆ ၊ တန်ဖိုး - ကျပ် ၁၀၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ် နှင့် ၁၉၉၀ ပြည့်နှစ် တို့တွင်ထုတ်ဝေခဲ့သော စာပေဂျာနယ်၊ အမှတ် ၈ မှ ၁၀ အထိ၌ ဖော်ပြခဲ့သည့် 
'' စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ '' ဆောင်းပါး ၃ ပုဒ်ကို စာပေဂျာနယ်၊ အမှတ် ၆၊ သြဂုတ် ၁၉၈၉ ပါ 
'' ရေလိုအေးလို့ ပန်းလိုမွှေးစေသတည်း '' ဆောင်းပါးနှင့် အတူ ပူးတွဲထုတ်ဝေထားခြင်းဖြစ်သည်။

'' စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ '' ဆောင်းပါး တို့မှာ ၁၉၅၇- ၅၈ ခုနှစ်က မြန်မာနိုင်ငံစာရေးဆရာ အသင်း၌ အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပုံများ၊ ထိုစဉ်က အသင်း ဥက္ကဋ္ဌ သိန်းဖေမြင့်နှင့် ဆက်ဆံရေး အခြေအနေများ၊ ၁၉၃၅ ခုနှစ် ဝန်းကျင်က သူရိယ သတင်းစာတိုက်၌ ပုံနှိပ်စက်နောက်ကြည့်အလုပ်သမား အဖြစ် လုပ်ကိုင်ခဲ့ပုံများကို ရောမွှေရေးသားထားခြင်း ဖြစ်သည်။




'' မည်သို့ပင်ဖြစ်စေ မိမိတို့သည် အမျိုးသားစာပေနှင့် မျိုးဆက်သစ်များအတွက် မိမိတို့တတ်စွမ်းနိုင်သမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြလေပြီ။ ထိုစေတနာ၊ ထိုရပ်တည်လှုပ်ရှားမှုများနှင့် ပင် မိမိတို့၏ ခေတ်တစ်ခေတ်ကို ကုန်လွန်စေခဲ့သည်ကား အမှန်ပင်ဖြစ်လေသည်။''
( စာမျက်နှာ ၂၀ မှ )

'' သူရိယတိုက်သည် ကျွန်တော့်ဘဝကို တစ်မျိုးတစ်ဖုံပြောင်းလဲစေပါသည်။ စာပေဗဟုသုတ အဖြာဖြာနှင့် လူမှုဘဝ၏ အတွေ့အကြုံများစွာကို သူရိယသတင်းစာ တိုက်တွင် အခြေခံကာ ကျွန်တော်ရရှိခဲ့ခြင်းပင် ဖြစ်ပါ သည်။ '' 
( စာမျက်နှာ ၃၅ နှင့် ၃၆ မှ )

'' ရေလိုအေးလို့ ပန်းလိုမွှေးစေသတည်း '' ဆောင်းပါးမှာ ဗန်းမော်တင်အောင်၏ လင်းယုန်ဂျာနယ်တွင် အယ်ဒီ တာအဖွဲ့ဝင်အဖြစ်လုပ်ကိုင်ခဲ့စဉ်က အတွေ့အကြုံများကို အဓိကထားရေးသားထားခြင်းဖြစ်သည်။

'' ဂျာနယ်တိုက်တွင် ကျွန်တော်က စာရင်းကိုင် ငွေကိုင်လို ဖြစ်နေပါသည်။ ဒါပေမဲ့ ဒီရာထူးက ပုံသေကားကျ မဟုတ်။ ဘဝအထွေထွေဖြစ်သည်။ စာဖောင်ပို့စရာရှိပို့၊ စက္ကူဝယ်စရာ ရှိဝယ်၊ ဂျာနယ်ထုပ်ပိုးစရာရှိ ထုပ်ပိုး။ စာတိုက်၊ မီးရထား၊ လေကြောင်း သွားစရာရှိကသွား။ အားလုံးအဆင်ပြေအောင် ဆက်ဆံ၊ အမှိုက်သရိုက် ရှုပ်လျှင်ရှင်း။ အောက်ခြေသိမ်း စူလာနဖာ စုံပါလေရော။ ဒါပေမဲ့ ကျွန်တော် ကျေနပ်နှစ်သက်ပါသည်။ ကျွန်တော်ရရှိသော ဆုလာဘ်ကား ကျွန်တော်သည် လင်းယုန်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်တစ်ယောက်။ ''
( စာမျက်နှာ ၆၉ မှ )

မိုးမင်းသိမ်း
၁၄ သြဂုတ် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ

မောင်မောင်စိုး
Book Review Image

နှင်းဆီနီနီ အိပ်မက်များ ( ၁၉၇၅ - ၁၉၈၀ )

မောင်မောင်စိုး
Book Review Image

ပီကာဆို၏ ပဉ္စလက်မီးအိမ်

မြသန်းတင့်