Book Image

နှင်းဆီနီနီ အိပ်မက်များ ( ၁၉၇၅ - ၁၉၈၀ )

မောင်မောင်စိုး

နှင်းဆီနီနီ အိပ်မက်များ ( ၁၉၇၅ - ၁၉၈၀ )

မိုးမခ မီဒီယာ၊
ပထမအကြိမ် ၊ နိုဝင်ဘာ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - Moe Z Dzai ။
၁၅.၄ စင်တီမီတာ x ၂၂.၃ စင်တီမီတာ။
စာမျက်နှာ - ၅၃၄ ၊ တန်ဖိုး - ကျပ် ၅၀၀၀ ။



ဒီဇင်ဘာ ၂၀၁၆ ၌ ရွှေနဒီစာပေမှ ထုတ်ဝေခဲ့သော 
'' လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ '' ၏ ဒုတိယပိုင်းလည်းဖြစ်သည်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်း နှင့် ၁၉၇၅ ဇွန် ကျောင်းသားသပိတ်များ တွင် ပါဝင်လှုပ်ရှားပြီးသည့်နောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ စာရေးသူ၏ CPB အရှေ့မြောက်ဒေသ ဖြတ်သန်းမှုတို့အား ရေးသားထားခြင်းဖြစ်သည်။

၂၈ မတ် ၂၀၁၈ ၌ ရေးသားပြီးစီးခဲ့ပြီး အခန်း ၁၅ ခန်းပါရှိ သည်။ 

''ဤစာအုပ်ပါအချက်များသည် မိမိနှင့် မိမိရဲဘော်များ၊ မိတ်ဆွေများကိုယ်တိုင် ဖြတ်သန်းခဲ့ရသော အတွေ့အ ကြုံများ၊ CPB စစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ကျော်ဇော(ရဲဘော်သုံးကျိပ်) ၏ မှတ်တမ်းများ၊ CPB တပ်မှူးတစ်ဦး ဖြစ်သူ ဖုန်ကြာဖူး၏ မှတ်တမ်းများပေါ်တွင် အခြေပြု ထားခြင်းဖြစ်သည်။''ဟု အမှာ မှတ်ချက်၌ ဖော်ပြထား သည်။

'' နှင်းဆီနီနီ အိပ်မက်များ ( ၁၉၇၅ - ၁၉၈၀ ) မိမိတို့ဖြတ်သန်း လာသည့် သမိုင်းကာလတစ်ခုကို ပြန်လည်ဖော်ပြခြင်းဖြစ်သော်လည်း အတိတ်၏လွမ်းမောစရာသက်သက်ကို ပြန်လည်တမ်းတခြင်းမျိုးတော့မဟုတ်ပါ။ သမိုင်းကာလတစ်ခု၌ ဖြစ်တည်ခဲ့သော နိုင်ငံရေးအခြေ အနေ သုံးသပ်ကြည့်မြင်ပုံ များ၊ လှုပ်ရှားရုန်းကန်ခဲ့မှုများ၊ ဖွဲ့စည်းတည်ဆောက်ခဲ့ပုံများ၊ ပြင်းထန်သောစစ်ရေး တိုက်ပွဲများ၊ မြောက်မြားစွာသော အသက်သွေးချွေးများ၊ အမှားများ အမှန်များမှနေ၍ သင်ခန်းစာများစွာ ထုတ်နုတ်ယူကြည့်ခြင်းလည်းဖြစ်သည်။ ထို့အတူ အရှေ့မြောက်နယ်စပ်တစ်လျှောက် ယနေ့တိုင်လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်တည်လာပုံများအားလည်း ဆက်စပ်စဉ်းစားသုံးသပ်နိုင်ရန် ရည်ရွယ်ပါသည်။'' ဟု ဆရာမောင်မောင်စိုးက ''အမှာ'' ၌ ဖော်ပြထားသည်။

'' ဗမာပြည်နိုင်ငံရေးတွင် သံမဏိသက်အရှည်ဆုံး နိုင်ငံရေးပါ တီတစ်ခု ပြိုကွဲခြင်း၊ အစိုးရတပ်ပြီးလျှင် အကြီး မားဆုံး လက်နက်ကိုင်တပ်တစ်တပ် ပြိုကွဲခြင်းမှနေ၍ လည်း သင်ခန်းစာယူ စရာများစွာတွေ့ရှိရပေသည်။

သို့သော် ထိုအချိန်ကာလများတွင် မိမိတို့သည် နှင်းဆီ နီနီအိပ်မက်များဖြင့် ရှင်သန်ခဲ့ကြပါသည်။ ထိုအိပ်မက်များကို အကောင်အထည်မဲ့ မက်ခဲ့သည်တော့မဟုတ်ပေ။ မိမိတို့ကိုယ်တိုင်ထုဆစ်၍ မက်ခဲ့ကြခြင်းဖြစ်သည်။ မိမိကိုယ်ကျိုးမပါဘဲ စွန့်လွှတ်စွန့်စား၍ မက်ခဲ့ကြခြင်းဖြစ်ပါသည်။ အဆင်းရဲ အပင်ပန်းခံ၍ လုံးပန်းခဲ့ကြပြီး ထို အိပ်မက်အား မက်ခဲ့ကြခြင်းဖြစ်ပါသည်။ အမြောက်သံ ဗုံးသံများ၊ တိုက်ပွဲများကြားတွင်ဖြတ်သန်းပြီး မက်ခဲ့ကြ ခြင်းဖြစ်ပါသည်။ သေမင်းနှင့်မျက်နှာချင်း ဆိုင်၍ ထိုအိပ်မက်တို့အား မက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့ ချွေး၊ သွေး၊ လုံးပန်းအားထုတ်မှုများနှင့် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ မိမိတို့လက်ဖြင့်ထုဆစ်၍ မက်ခဲ့ကြခြင်းဖြစ်ပါသည်။ မျှော်လင့်ချက်အိပ်မက်များသည် လူတို့အား ကြံ့ခိုင်သန်စွမ်း ရဲရင့်စေခဲ့သည်။ ရှင်သန်စေခဲ့ပါသည်။ ထို့ပြင် အမှားများ၊ အမှန်များ ရောပြွမ်းနေသည့် အတွေ့အကြုံ များစွာအားလည်း ပေးအပ်ခဲ့ပါသည်။ '' ( စာမျက်နှာ ၅၃၄ မှ ) ဟု နိဂုံးချုပ်ရေးသားထားသည်။

မျိုးဆက်တစ်ခု၏ ခါးသီးနာကြည်းဖွယ် ရနံ့တို့ထုံမွမ်းနေသည့် '' နှင်းဆီနီနီ အိပ်မက်များ'' သည် ထာဝရ နီစွေးတောက်ပနေမည့် အိပ်မက်များပင်ဖြစ်ပါသည်။ 

မိုးမင်းသိမ်း
၁၅ ဧပြီ ၂၀၁၉


Publisher Name: မိုးမခ မီဒီယာ


Related Books

Book Review Image

လွမ်းရစ်ဝေသော နေ့များညများ ဘဝပေါင်းများစွာ

မောင်မောင်စိုး
Book Review Image

စာပေခရီးအစနှင့် ဘဝအတွေ့အကြုံများ

လင်းယုန်သစ်လွင်
Book Review Image

ပီကာဆို၏ ပဉ္စလက်မီးအိမ်

မြသန်းတင့်