Book Image
ဦး​ရွှေအောင်

ရွွေအောင်၊ ဦး

ဆရာ ဦးရွွေအောင်သည် ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာတွင် အဖဦးစု အမိဒေါ်အုန်းရှင်တို့က ၁၉၂၈ ခု ဇွန်လ ရ ရက်တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးရွွေအောင် ဖြစ်သည်။ ၁၉၆၅ တွင် သက်ကြီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ဘုံဘေတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဗုဒ္ဓဘာသာရေးဆိုင်ရာ စာအုပ်များကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ ၁၉၉၄ ဒီဇင်ဘာလ ၂၂ရက်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ 

ငယ်စဉ်ဘဝ 
၁၉၂၈ - ခု၊ ဇွန်လ (၇)၊ သောကြာနေ့တွင် ပဲခူးတိုင်း၊ ကဝမြို့ နယ်၊ ဖလေးရွာ၌ အဖလယ်သမားကြီး ဦးစု၊ အမိဒေါ်အုန်းရှင်တို့က မွေးဖွားသည်။ မွေးချင်း (၅)ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးရွွေအောင် ဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ခဲ့သောကြောင့် အဘိုးအဘွားတို့နှင့် အတူနေခဲ့ရသည်။ 

ပညာရေး 
၁၉၃၅ - ဖလေးရွာအလယ်တန်းကျောင်းတွင် ပညာသင်ခဲ့။

၁၉၄၁ - ရှင်သာမဏေဝတ်။

၁၉၄၆ - ပဲခူးမြို့၊ ဝိသုတာရာမ ကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူး။

၁၉၄၈ - ဇန်နဝါရီ(၃၀)တွင် ပဲခူးမြို့နယ်၊ ရွွေအိုးရွာနေ ဦးပိန် ဒေါ်အုန်းပွင့် မိသားစုတို့က ရဟန်းဒါယကာအဖြစ် ခံယူပြီး ရွွေအိုးဆရာတော် ဦးကေလာသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်။ ဘွဲ့မည် ဦးသုနန္ဒ။ ရန်ကုန်မြို့၊ မင်းမနိုင်ကွက်သစ်၊ သိပ္ပမဥ္ဇူကျောင်း၊ အလုံအောင်မင်္ဂလာတိုက်သစ်၊ ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ မန္တလေးတောင်ပြင် ဘုရားကြီးတိုက်ဆရာတော် ဦးကြယ်ကျောင်းတိုက်တို့တွင် စာလိုက်။

၁၉၅၃ - စေတီယင်္ဂကာ ဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (ဝဋ်သကာ) အစိုးရဓမ္မာစရိယ (သိရောမဏိ) စာမေး ပွဲများအောင်၍ ဘွဲ့များရရှိ။

၁၉၅၅ - ရန်ကုန်မြို့၊ အိမ်တော်ရာ ဓမ္မရံသီကျောင်းတွင် စာပေပို့ ချရင်း အင်္ဂလိပ်စာလေ့လာ။

၁၉၅၆ - တက္ကသိုလ်ဝင်တန်းအောင်။

၁၉၅၈ - ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်။

၁၉၅၉ - ဖလေးရွာ အလယ်ကျောင်းနှင့်ပဲခူးမြို့ မဟာဝိသုတာရာမကျောင်းတိုက်တို့တွင် ကျောင်းထိုင်။

၁၉၆၀ - လူဝတ်လဲ၊ သက်ကြီးတက္ကသိုလ်တက်။ ပြည်သူ့ထောက်ပံ့ရေး၊ အုပ်ချုပ်ရေးအဖွဲ့၌ဝန်ထမ်း။

၁၉၆၅ - သက်ကြီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရ။ 

သာသနာရေးဆောင်ရွက်မှု ပြင်ဆင်
၁၉၆၈ - ဗုဒ္ဓသာသနအဖွဲ့၌ လက်ထောက်အယ်ဒီတာ။

၁၉၇၀ - မတ်လ(၇) ဗုဒ္ဓသာသနအဖွဲ့အုပ်ချုပ်ရေးအရာရှိ(၁)။

၁၉၇၁ - ကိုလံဘိုစီမံကိန်း ပညာတော်သင်အဖြစ် အိန္ဒိယပြည်၊ ဘုံဘေတက္ကသိုလ်သို့ သွားရောက်ပညာ ဆည်းပူး။ (မဟာဝိဇ္ဇာဘွဲ့ (သက္ကတ)ရရှိခဲ့)။

၁၉၇၂ - ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၏ ပြင်ပစာစစ်သူ။

၁၉၈၀ - ရသစာပေ၏ရသ စာအုပ်ထွက်ရှိ။

၁၉၈၁ - နိုဝင်ဘာ(၁၀) သာသနာရေးဦးစီးဌာနတွင် လက်ထောက်ညွွန်ကြားရေးမှူး။

၁၉၈၂ - ဒီဇင်ဘာ (၁၂)သာသနာရေးဦးစီးဌာန၊ ဒုတိယညွွန်ကြားရေးမှူး။

၁၉၈၆ - စက်တင်ဘာ (၁၅) တွဲဖက်ညွွန်ကြားရေးမှူး။ အတ္တဝါဒမှအနတ္တဝါဒသို့ခရီးစဉ် စာအုပ်ထွက်။

၁၉၈၆ - ၈ရ - နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် စည်းမျဉ်းပြင်ဆင်ဖြည့်စွက်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပြဌာန်း စာအုပ်များ ပြုစုရေးအဖွဲ့ အဖွဲ့ဝင်။ ဗဟိုအဖွဲ့ အဖွဲ့ဝင်။

၁၉၈ရ - (ဖေဖေါ်ဝါရီလ) အိန္ဒိသို့ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ အဖွဲ့ခေါင်းဆောင်။ နိုဝင်ဘာ(၂၆) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သာသနာရေးအထူးတာဝန်ဖြင့် သွားရောက်။

၁၉၈၈ - အငြိမ်းစားယူခဲ့။ ဆဌသင်္ဂါယနာမူ ပါဠိတော် အားလုံးကို ဒေဝနာဂရီအက္ခရာသို့ပြန်ရာတွင် ပါဝင်ခဲ့။

၁၉၈၉ - ပါဏိနိသိဒ္ဓန္တကော်မုဒီ (ပထမတွဲ) စာအုပ်ထွက်။

၁၉၉၁ - ထေရဝါဒအုတ်မြစ်၊ ဓမ္မပဒ(ယမကဝဂ်) စာအုပ်များထွက်။

၁၉၉၂ - သဒ္ဓမ္မဇောတိကဓဇ (သာသနာပြု)ဘွဲ့ ချီးမြင့်ခံရ။

၁၉၉၃ - ဇွန်လ(၁)ရက်နေ့မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့။ ဗုဒ္ဓဘာသာတရားတော်(အခြေခံအဆင့်)နှင့် (အထက်တန်းအဆင့်)ကျမ်းများ ပြုစုရေးသားရာတွင် ပါဝင်ခဲ့။

၁၉၉၄ - ဓမ္မပဒ(စိတ္တဝဂ်)။ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ။ ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) စာအုပ်များထွက်။ ဒီဇင်ဘာ (၂၂)ရက်တွင် ရန်ကုန်မြို့၌ကွယ်လွန်။

၁၉၉၅ - ဘဝအမြင်သစ်၊ ဗုဒ္ဓ(သို့မဟုတ်) အနှိုင်းမဲ့၊ ချမ်းသာကိုရှာဖွေခြင်း စသောစာအုပ်များထွက်။

၁၉၉၆ - ကုသိုလ်နှင့် အကုသိုလ်၊ စာဖတ်သူများ၊ ဘဝအကျဉ်းသား၊ ဓမ္မပဒ(အပ္ပမာဒဝဂ်) စသောစာအုပ်များ ထွက်။

၁၉၉ရ - ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း၊ ဓမ္မပဒ (ပုပ္ဖဝဂ်) စာအုပ်များထွက်။

၂၀ဝ၂ - ဓမ္မပဒ (ဝဂ်လေးခုပေါင်းချုပ်)ထွက်။

၂၀ဝ၅ - သံဃာ့ကျေးဇူး စာအုပ်ထွက်။ 
ထင်ရှားသောစာအုပ်များ ပြင်ဆင်
ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့် ဗုဒ္ဓဝင်)
အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်
ထေရဝါဒအုတ်မြစ်များအဖွင့်
အမြင်များပြောင်းလဲခြင်း
ချမ်းသာကိုရှာဖွေခြင်း
စာဖတ်သူများ
ရသစာပေ၏ ရသ
ဘဝအမြင်သစ်
ဘဝအကျဉ်းသား
ဓမ္မပဒ (ဝဂ် ၄-ခုပေါင်းချုပ်) 


Reference from: wikipedia

Written Books

Book Review Image

အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

ဦး​ရွှေအောင်