Book Image

အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

ဦး​ရွှေအောင်

စာရေးသူ >>>ဦးရွွေအောင်

စာအုပ် အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်
တန်ဖိုး ၃၀၀၀ ကျပ်


အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

_________________________

မြန်မာပြန် ဗုဒ္ဓစာပေ လေ့လာမွုနဲ့ ပတ်သက်လျှင်
ဆရာဦးရွွေအောင် စာအုပ်တွေ ဖတ်မှ ကျနော့်ရဲ့
ချဉ်ချင်း သည် ပြေပျောက်ရတာ ဖြစ်ပါတယ်။

နောက် ရဟန်းတော် ထဲဆိုလျှင် လယ်တီဆရာတော်
၏ စာအုပ်တွေ။ လယ်တီဆရာတော်ကို ကျနော် သတိ
ထားမိတာက ရေးသားဖွဲ့ဆိုပုံ စူးရှပြည့်စုံ လို့ ဖြစ်ပါ
တယ်။
ရိုးရိုး ဝတ္ထုစာအုပ်များတွင် ထည့်မသုံးဖြစ်သော
သင်ပုန်းကြီး အသုံးမျိုးကိုပင် လယ်တီဆရာတော် ၏
စာအုပ်တွေမှာ တွေ့ရတယ်။စကားစဉ်ချောတယ်။
စကားလုံး အဆန်း ပါတယ်။ ဝေါဟာရ တီထွင်မွု 
ရှိတယ်။
တနည်းဖြင့် ပိဋကတ်စာပေကို လူပိန်းနားထဲကို 
ထင်းကနဲ လင်းကနဲ ရောက်အောင် ရေးတတ်မွုတွင် လယ်တီဆရာတော် ကို ယှဉ်နိုင်သူ မရှိ။ 
ဆရာတော်ကိုယ်တိုင် ဝန်ခံထားတာက 
သူ့စာတွေဟာ စာတိုက်သံ၊ ဗီရိုသံမပါ
ဘူး။ သူက စာကို အလွတ်ရေးတာ။ ခရီးသွားရင်းရေး
တယ်။ အလုပ်လုပ်ရင်း ရေးတယ် ။ ဘောပင်နဲ့
စာအုပ်ရှိရင် စာရေးတော့တာပဲဟု။ ဆရာတော် 
ဆိုလိုတာ က စာအုပ်ဗီရိုနား ကပ်ပြီး လိုအပ်တိုင်း
စာအုပ်လှန်လှန် ကြည့်ပြီးရေးတာ မဟုတ်ဘူး လို့
ဝန်ခံတာပါ။

လယ်တီ သမိုင်း ဆက်ပြောရင် အခု ဆရာဇော်ဇော်
အောင် ဟာ လယ်တီမျိုးဆက်လို့ ပြောလို့ ရပါတယ်။
ဘာကြောင့်ဆို ဇော်ဇော်အောင့် ဆရာ ၊ ဆရာဇော်ဂျီက
ဇော်ဇော်အောင် စာပေလေ့လာတော့မယ် ဆိုတော့
စကားပြေ အရာမှာ အထူးကောင်းမွန်းတဲ့ သ္ချေတောင်
ဆရာတော် ဦးတိလောက၏ ပဏ္ဍိတဝေဒနိယ ကျမ်း
ကို ဖတ်ရွု့ ကြည့်ပါလို့ အကြံပေးဖူးတယ်။ 
အဲဒီ ဦးတိလောကဆိုတာ လယ်တီဆရာတော် ရဲ့ 
တပည့် အရင်းပဲ။
နောက် လယ်တီဆရာတော် သဘောကျတဲ့ ဆရာ
တစ်ယောက်ဟာ အခြားသူမဟုတ်ပဲ ရွွေပြည်ဝန်လို့
ခေါ်တဲ့ ယောအတွင်းဝန် ဦးဖိုးလွိုင် ဖြစ်နေပြန်တယ်။
ဦးဖိုးလွိုင်က လယ်တီဆရာတော် လောင်းလျာကို
အကြံပေးဖူးတယ်။ ကိုယ်တော် စာတတ်ချင်ရင်
ကထာဝတ္ထု ကျမ်းကို လေ့လာပါ ဟု။

ဦးရွွေအောင်ရဲ့ စာပေတွေကို နှစ်ပိုင်းခွဲလေ့လာရင်
အဆင်ပြေမယ်။ 
ဘာသာရေး အတွေ့အကြုံမရှိသေးသူ၊ စတင်လေ့
လာမယ့် သူတွေဟာ ဦးရွွေအောင် ရေးတဲ့ 
ကုသိုလ်နဲ့ အကုသိုလ်၊အနွိုင်းမဲ့ ဗုဒ္ဓ၊ ဓမ္မပဒ၊ ထေရဝါဒ
အုပ်မြစ်၊ အတွေးအမြင်များ ပြောင်းလဲခြင်းနဲ့ ဘဝအမြင်
သစ် စာစုများ ။ စတဲ့ စာအုပ်တွေကို အရင်ဆုံး ဖတ်
သင့်တယ်။  

ဘာသာရေး အခြေခံ ရှိတယ်။ပါဠိအတွေ့အကြုံ
ရှိတယ် ဆိုပါလျှင် အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်၊
စာဖတ်သူများ၊ ရသစာပေ၊ ချမ်းသာကို ရှာဖွေခြင်း၊
ဘဝအမြင်သစ်၊ ဘဝအကျဉ်းသား စတဲ့ စာအုပ်တွေ
ကို ဖတ်ရွု့သင့်တယ်။

ဒါ ကျနော် ယူဆချက် အလွယ် နဲ့ အခက်သဘောပါ။
စာဖတ်သူဟာ စိတ်ရှည်မယ်၊ အခြား ခြံရံကျမ်းစာ
အုပ်လေးတွေလည်း ဖတ်ပေးမယ် ဆိုလျှင် ပါဠိအခက်
အခဲကို လွယ်ကူစွာ ဖြတ်ကျော်နိုင်မှာပါ။ 
အပေါ့ အပါးရေးတဲ့ မေတ္တာရှင် (ရွွေပြည်သာ)၊ 
ရှင်ဆန္ဒာဓိက ၊ ရဝေနွယ်( အင်းမ) ၊
ရှင်ဝီရိယ (တောင်စွန်း) စတဲ့ ဆရာတော် ရေးတာတွေ အပိုဖတ်ဖြစ်ခဲ့ရင် ဦးရွွေအောင် စာတွေကို လွယ်လွယ်ကူကူ ဖတ်နိုင်မှာ ဖြစ်ပါတယ်။

အခု အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် ဆိုတဲ့ စာအုပ်
လေးကို ညွွန်းချင်ပါတယ်။ အခု ကျနော့် လက်ထဲက
စာအုပ်က တတိယအကြိမ် (၁၉၉၈)ရာပြည့်စာအုပ်
တိုက်ထုတ်ပါ။ဒီစာအုပ်ကို စတင်တွေ့တာက ၂၀၀ရ
ပတ်ဝန်းကျင် ရွွေတိဂုံ အရေှ့ဘက်မုဒ် မှာတွေ့တာပါ။
ကျနော့် မှာ ပိုက်စံမပါလို့ ဝယ်ချင်ပါလျှက် ငေးမောပြီး
တော့သာ ပြန်ခဲ့ရတယ်။ တကယ် ဝယ်ဖြစ်တာက 
၂၀၁၀ လောက်မှပါ။ 

ဒီစာအုပ်ဟာ ဘာသာရေးအခြေခံ ရှိထားသူတွေ
ဖတ်သင့်တယ်။ အခြေ ခံ အားနဲ ပြီး ဖတ်လျှင် စာဖတ်
ပျော်မှာ မဟုတ်ဘူး။အဓိက တင်ပြထားတာတွေက
အိန္ဒိယ ဗုဒ္ဓမတိုင်မှီနဲ့ ဗုဒ္ဓပွင့်ပြီးနောက် အယူဝါဒ
သမိုင်းကို တင်ပြထားတာ ဖြစ်ပါတယ်။ကြားထဲမှာ
သက္ကတ အသုံးတွေ ညှပ်ထည့်ထားတဲ့ အတွက်
စိတ် မရှည်သူအတွက် စာတိုးမှာ မဟုတ်ဘူး။

စာအုပ်ကို အပိုင်ကြီး (၄ )ပိုင်းခွဲ ပြီး တင်ပြတယ်။
စာမျက်နှာ ၄၂၃ မျက်နှာ ရှိတယ်။
အပိုင်း ၁ တွင် အခန်းငယ် ၂ ခန်းပါတယ်။
အခန်း (၁) မှာ ဝေဒနှင့် ဗြဟ္မဏဝါဒ ခေါင်းစဉ်ဖြင့်
ကဏ္ဍ ခွဲ (၆ ) ခုရှိတယ်။
အခန်း ၂ မှာ အာရညက နှင့် ဥပနိသျှဒ် ဝါဒ ခေါင်းစဉ်
ဖြင့် ကဏ္ဍ ခွဲ (၄၀ ) ရှိတယ်။

အပိုင်း (၂ )တွင် အခန်းငယ် (၃၊၄၊၅၊ ) ဆိုပြီး
အခန်း ၃ ခန်းပါတယ်။
ကဏ္ဍခွဲတွေ မပြောတော့ဘူး။

အပိုင်း (၃ ) တွင် ဗုဒ္ဓခေတ် ကိုးကွယ်ယုံကြည်မွု
များ ဆိုပြီး တစ်ပိုင်းသာ ပါတယ်။
အခန်း (၆၊၇၊၈၊) ဆိုပြီး သုံးခန်းပါတယ်။

အပိုင်း (၄) တွင် အထွေထွေ ဆိုပြီး တစ်ပိုင်းသာ
ပါတယ်။
အခန်း ( ၉) ဟူ၍ တစ်ခန်းပဲ ပါတယ်။

အခန်းတွေ အောက်က ကဏ္ဍခွဲတွေကို
သီးခြားဆီ ၁၂၃ တပ်မနေတော့ ပဲ၊ အပိုင်း ၁
ကတည်းက ကဏ္ဍခွဲ ၁ ဖြင့် စလိုက်ပြီး စာအုပ်
နောက်ဆုံးအထိ ကဏ္ဍအရေအတွက် ၂၅၀ ဆယ်
ရှိပါတယ်။

စာအုပ် ခေါင်းစဉ်အတိုင်းပါပဲ။ 
ဗုဒ္ဓမပွင့်မှီ အတ္တဝါဒ အယူအဆ အမျိုးမျိုးနှင့်
ဗုဒ္ဓပွင့် ပြီး အနတ္တဝါဒကို ယှဉ်ထိုး ၊နွိုင်းဆ၊ ချိန်ဆက်၊
ထောက်ဆ ပြီး အယူဝါဒ သမိုင်းတစ်ခုလို ရှင်းပြထား
တာ ဖြစ်ပါတယ်။ အိန္ဒိယ၏ အတ္တဝါဒနဲ့ အနတ္တဝါဒ
ကို နီးကပ် ယှဉ်ထိုး ပြတာ သိချင်ရင်တော့ ဒီစာအုပ်
ကို ဖတ်သင့်ပါတယ်။ အထက်မှာ ကျနော် ပြောခဲ့သလို
ပေါ့။ ဒီစာအုပ်က ပါဠိနဲ့ ဒဿ န အမြင် အလေးကဲ
တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအတွက် ဘာသာရေး
အခြေခံ မရှိရင် ဖတ်ရတာ မပျော်ဘူး ဖြစ်နိုင်ပါတယ်။

ဆရာကြီးရဲ့ ဒဿန အမြင် တင်ပြပုံက ဒွိစုံသဘော
တင်ပြတာ ဟု ကျနော် နားလည်မိတယ်။
ဥပမာ သမ္မာဒိဋ္ဌိသဘောနဲ့ မိစ္ဆာဒိဋ္ဌိသဘောကို 
ယှဉ်တွဲ ဖွင့်ပြတယ်။ အလယ်အလတ်လမ်း မဇ္စျိမပဋိပဒါ
နဲ့ အစွန်းရောက်လမ်း အန္တပဋိပဒါ ကို ယှဉ်တွဲ ဖွင့်
ပြတယ်။ အဇ္စျတ္တ နဲ့ ဗဟိဒ္ဓ ကို ယှဉ်တွဲ ဖွင့်ပြတယ်။
အာရုံနဲ့ အာရမ္မဏိက ကို ယှဉ်တွဲ ဖွင့်ပြတယ်။
အတ္တနဲ့ အနတ္တကို ယှဉ်တွဲ ဖွင့်ပြတယ်။
သေဝိတဗ္ဗနဲ့ အသေဝိတဗ္ဗကို ယှဉ်တွဲ ဖွင့်ပြတယ်။
ဘဝနဲ့ ပတ်ဝန်းကျင်ကို ယှဉ်တွဲ ဖွင့်ပြတယ်။
အနုလောမ ပဋိစ္စသမုပ္ပါဒ် နဲ့ ပဋိလောမပဋိစ္စသမုပ္ပါဒ်
ကို ယှဉ်တွဲဖွင့်ပြတယ်။
ဒီလို ဆန့်ကျင်ဘက် တရားတွေဟာ ဘယ်လို
များ ဆန့်ကျင်ကြသလဲ ဆိုပြီး သူတို့ရဲ့ ဂုဏ်ရည်
တွေကို စာဖတ်သူနားလည်အောင် ဖွင့်ဆိုတင်ပြ
တာ ဖြစ်ပါတယ်။

(၂)
  
ကျနော်က ဆရာကြီးရဲ့ စာအုပ်များတွင်" ထေရဝါဒအုပ်
မြစ် "ဆိုတဲ့ စာအုပ်ကို စပြီးဖတ်ဖူးပါတယ်။ ကြိုက်နှစ်
သက်မိသောကြောင့် နောက်ထပ် ရှာဖွေသည့်အခါ 
"စာဖတ်သူများ "ဆိုတဲ့ စာအုပ်ကို ထပ်တွေ့ရတယ်။
အဲဒီ "စာဖတ်သူများ "စာအုပ်တွင် အတော်ငြိသွားပြီး
နောက်ထပ် ဆရာကြီး ရေးသမျှ ရှာလို့ရမျှ ထပ်ဖတ်မိ
ပါတော့တယ်။ ဖတ်မိသမျှ လည်း နှစ်ခြိုက်သဘောကျ
မိနေတယ်။ 

ဆရာကြီး ဦးရွွေအောင်၏ သူ့စာအုပ်များကို ဖတ်မိ
သလောက် ဘယ်အရာက အကောင်းဆုံးဖြစ်ပါတယ်
ဟူ၍ တစ်ခုကောင်း တစ်ချက်ကောင်း ထုတ်နွုတ်၍
ပြောဖို့ အလွန်ခက်ပါတယ်။ ပြီးတော့ ကျနော့်လိုပါမွွား
အနေနဲ့ ဆရာကြီးရဲ့ စာအုပ်များကို ဘာကကောင်း
တယ်ဟု ပြောပါလျှင် ယောအတွင်းဝန် စာအုပ်ကို
မြင်းထိန်း ငတာ ချီးမွမ်းသလို ဖြစ်နေပါတော့မယ်။
စာမတတ်သူက စာတတ်သူရေးထားတဲ့ စာအုပ်ကို 
အလွန်ကောင်းတယ် ဟု ချီးမွမ်းတာ ကဲ့ရဲ့ သလို ဖြစ်နေ
သောကြောင့် ဖြစ်ပါတယ်။

ဒိီမှာတော့ ကျနော့်တစ်ဦးထဲခံစားချက် အမြင်နဲ့ ပြောရ
လျှင် ဆရာကြီးရဲ့ စာအုပ်များဟာ ဗုဒ္ဓဘာသာမှာ
အတွေးသစ် ၊အမြင်သစ်ကို ပေးတယ်။ ပါဠိစာသား
ခန့်ခန့် ညားညား ကြီးတွေကို လူလောက ဖြစ်ပျက်
နေတာတွေနဲ့ ယှဉ်ထိုးပြီး အဓိပ္ပါယ်ဖွင့် ပြနိုင်တယ်။
ဗုဒ္ဓအမြင်ဟာ ခေတ်နောက်ကျတဲ့ အမြင်မဟုတ်ပဲ အမြဲ
ခေတ်နဲ့ ရင်ဘောင်တန်းနိုင်သော မဟောင်းတဲ့ အမြင်
ဖြစ်ပါတယ်။ အထူးခြားဆုံး ထိမိခံစားရတာကတော့
ဆန့်ကျင့်ဘက်အနက်တွေ ရှိသော ပါဠိဝေါဟာရများ
ကို ရှင်းလင်းတိကျစွာ ဖော်ပြပြီး စာဖတ်သူကို ပါဠိစာ
ကိုလည်း တတ်သိနားလည်စေ ၊ပါဠိကပေးသော 
အနက်ကိုလည်း တတ်သိနားလည်စေအောင် ရေးသား
နိုင်စွမ်း က အထိမိဆုံးဖြစ်ပါတယ်။

ဆရာကြီးအနေနဲ့ ဇာတကတစ်ခုကို ရေးသားပါလျှင်
အခြားသူများနဲ့မတူသော အမြင်သစ် ထောင့်အသစ်ရ
နေ ရေးသားဖော်ပြတတ်သည်။ထိုသို့ရေးသားနည်းက
ပင် စာဖတ်သူကို မငြီးငွေ့အောင်၊ ထောင့်အသစ်ကနေ
ဗုဒ္ဓအဆုံးအမများ မြင်နိုင်အောင် ဖော်ပြခြင်း ဖြစ်ပါ
တယ်။

ကျနော်တိုက်တွန်းချင်တာက ဗုဒ္ဓစာပေများကို အမြင်
သစ် ရွု့ထောင်အသစ်က မြင်ချင်သူများသည် ၄င်း၊
ပါဠိစာပေ ခန့်ခန့်ညားညား ဝေါဟာရတွေကို လူလော
အတွက် ဘယ်နေရာမှာ အသုံးပြု့ရမယ်လို့ သိရှိနား
လည်ချင်သူများသည်၄င်း ဆရာကြီး ဦးရွွေအောင်၏
စာအုပ်များကို ဖတ်ကြည့်စေလိုပါတယ်ဟု တိုက်တွန်း
ပါရစေ။

ကျနော့်အတွက်တော့ ဆရာကြီးဦးရွွေအောင်ဟာ 
လေးစားတန်ဖိုးထားရတဲ့ ဆရာတစ်ယောက်ပါပဲ ။

 #Oo Thaw



Publisher Name: ရာပြည့်စာအုပ်တိုက်

Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁

Publisher Phone Number: 01243351


Related Books

Book Review Image

သုစရိတစက်ဝန်း

ကိုတာ
Book Review Image

ဘားမားခရိုနီကယ်

မြေမှုန်လွင်
Book Review Image

သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား

မြတ်ငြိမ်း
Book Review Image

ပညာအလင်းမိတ်ဆက်

ဒေါက်တာခင်မောင်ညို
Book Review Image

ကွန်ဖြူးရှပ်ဗေဒ ကထာကျမ်း

တော်ကောင်းမင်း
Book Review Image

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗီဇနှင့်ပတ်ဝန်းကျင်

ဦးအေးမောင်
Book Review Image

သုခမြေပုံ

ချမ်းမြေ့ဝင်း
Book Review Image

အနုပညာရင်​ပြင်​၌ ​တွေ့ဆုံခြင်​း

ကလောင်စုံ