Book Image

ဘားမားခရိုနီကယ်

မြေမှုန်လွင်

မြေမှုန်လွင်-ဘားမားခရိုနီကယ်

(Guy Delisle - Burma Chronicles)

ပြင်သစ်ကာတွန်းဆရာ Guy Delisle ရဲ့ ရုပ်ပြစာအုပ်လေးကို ဆရာမြေမှုန်လွင်က ဘာသာပြန်ထားတာ … စာအုပ်အဖုံးလေးကလည်း စိတ်ဝင်စားစရာကောင်းပြီး စာမျက်နှာစဖွင့်လိုက်တာနဲ့ လက်ကမချနိုင်အောင် ဆွဲခေါ်သွားတော့တာပဲ

သူ့မိန်းမက MSF (နယ်စည်းမခြားဆရာဝန်အဖွဲ့)ဆရာဝန်…
လူးဝစ်ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်
ဟော်လန် ဆွစ်ဇာလန်နဲ့ ပြင်သစ် MSF အဖွဲ့တွေ မြန်မာနိုင်ငံထဲ လာကူညီတဲ့ကာလ …
ပြင်သစ် MSF တာဝန်ယူထားတာက ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကရင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ …
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို သူတို့တာဝန်ယူထားတယ် 

မြန်မာနိုင်ငံကို စရောက်ကတည်းက 
ဒီကစနစ်တွေနဲ့ အံမဝင်ခွင်မကျဖြစ်ပြီး ဒုက္ခတွေရောက်ကုန်တော့တာပဲ … 
လူနေမှုစနစ် အုပ်ချူပ်ရေးစနစ် စီးပွားရေးစနစ်တွေကို ထောက်ပြသွားတာ
ပီပြင်လွန်းလို့ ပထမအကြိမ်ဖတ်တော့ ရယ်စရာ သုံးကြိမ်လောက်လည်းဖတ်ရော မောစရာ ဖြစ်သွားတယ် …မျက်ရည်တောင်ဝိုင်းတယ် …


ဗမာပြည်က စွန့်စားခန်းများ ၁ ၂ ၃ 

အပိုင်းသုံးပိုင်းပြထားတယ် 
သူတို့နေရတဲ့အခန်းမှာ မီးကြိုးဆင်ထားတာက ပလပ်ခုံက အောက်ခြေကနေ သွယ်ထားတာ
သူ့မှာ လူးဝစ်လေးက ပလပ်ပေါက်ထဲ လက်ညိုးထိုးသွင်းမှာစိုးလို့ တနေကုန်စောင့်နေရတယ်တဲ့ 

အာဏာရှင်စနစ် ချူပ်ကိုင်ခံထားရတာက နေရာတကာပဲ 
ပြည်ပအားကိုး ဘာညာ ဘာညာ ဝါဒတွေကို ဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာ မြောက်ကိုးရီးယားလို … 
အလုပ်လုပ်ခွင့် ခရီးသွားခွင့် တောင်းတော့မယ်ဆိုရင်
စစ်ဦးထုပ်ဆောင်းထားတဲ့ လူတွေက ဌာနတိုင်းမှာ ဟိုဟိုဒီဒီဌာနတို့ ဘာဘာညာညာဌာနတို့ တောင်းလိုက်ရတဲ့ ထောက်ခံစာတွေ … 
Up and Down စနစ်ကြီးက အလုပ်မတွင်ကျယ်တာ အမှန်ပဲ ခုထိ … 

The New Light of Myanmar သတင်းစာဖတ်တော့ သူက
ပြည်တွင်းသတင်း နိုင်ငံတကာသတင်း အားကစားနဲ့အနုပညာသတင်း ဆိုပြီး ခွဲချလိုက်တယ်
ပြည်တွင်းမှာက ဘယ်ဗိုလ်ချူပ်က ဘယ်နိုင်ငံမှာ ဘယ်ဗိုလ်ကတော်က ဘာပွဲလုပ်နေတာ … တစ်ခါတစ်လေ ဘွဲ့တွေနာမည်တွေနဲ့တင် သတင်းကပြီးသွားရောတဲ့ …
နိုင်ငံတကာသတင်းမှာကျ ဘယ်နိုင်ငံမှာမီးလောင် ဘယ်မှာငလျင်လှုပ် ဘယ်မှာမြေပြို စတဲ့ မကောင်းသတင်းတွေချည်း ထည့်ထားပေးတယ်
အားကစား အနုပညာကျမှ ပြည်သူတွေဖတ်ရတော့တယ်တဲ့ … 
"သတင်းတွေက စုံလည်းမစုံဘူး အော် ငါရောက်နေတာ အာဏာရှင်နိုင်ငံကိုး" အနောက်တိုင်းမှာလိုများ သတင်းစာထုတ်ရင်ဆိုပြီး သူက သတင်းစာကိုုင်ထားတာ အကုန်လုံးအပေါက်တွေချည်းပဲ … တကယ့်သရော်ကွက် …

လူနေမှုစနစ်က အများကြီးဝေဖန်တယ်
အမှိုက်သိမ်းတဲ့စနစ် (တော်တော်ဆိုး) လမ်းဘေးဈေးသည်တွေရောင်းတာ မသန့်
ရေခဲပုံးနဲ့ရောင်းတဲ့အအေးတွေ (ဒီနိုင်ငံကရေခဲသေတ္တာတော်တော်ထူးဆန်းတယ် ရေခဲထည့်ထည့်ပေးရတယ်တဲ့ … )
မီးတာခသွားဆောင် EPC ရုံးက မီးပြတ်နေတာမျိုး
ဘဏ်ကိုသွားတော့ စာရင်းလယ်ဂျာစာအုပ်မှာ နစ်နေတဲ့ ရှေးရှေးခေတ်က ဘဏ်ဝန်ထမ်းတွေ …
ကွန်ပျူတာဝယ်တာ ကွန်ပျူတာဆိုင်ဝန်ထမ်းတွေက
ကွန်ပျူတာစနစ်နဲ့ ငွေမရေဘဲ လက်နဲ့ဝိုင်းရေတွက်တာမြင်ရ …
ရောဂါသည်က အန်ချလိုက်တဲ့ရေထဲက ငါးရှဥ့်ကို ညစာချက်ကျွေး… 
နေရာတကာ ထွေးချထားတဲ့
ကွမ်းတံတွေးတွေကို အံ့သြ …
(ကွမ်းစားတဲ့ သူ့ခြံစောင့်ရဲ့သွားတွေကိုဝေဖန်တာ မည်းနေတဲ့သွားနဲ့ရဲနေတဲ့သွားတွေတဲ့ စားတဲ့ဘက်ကမည်း မစားတဲ့ဘက်ကမည်းနေတာ ကောင်မလေးကို ဘယ်လိုများသွားတွေ့လဲမသိဘူးတဲ့)

ကော်ဖီတစ်ခွက်ဖိုးနဲ့ ကော်ပီခွေသုံးခွေရ …
Email ပို့တော့လည်း မရောက် 
server ကိုသွားမေးတော့ 
email လိပ်စာတောင်းထားလိုက်တယ်တဲ့ 
(ဒီနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းနှစ်ခုရှိတယ် 
တစ်ခုက စစ်တပ်ကပိုင်တယ် တစ်ခုကသူတို့သားသမီးတွေပိုင်တယ်တဲ့ အေးရော)

နိုင်ငံခြားခွေတွေက လိင်အကြမ်းဖက်မှုဖြစ်စေတယ်ဆိုပြီး ပိတ်လိုက်တော့ ရတဲ့ မြန်မာကားယူချလာ
 သူ့မိန်းမကမေးတယ် အင်္ဂလိပ်စာတန်းထိုးလို့လားတဲ့ သူကတော့ဖြေတယ် ငါလည်းမသိဘူးလေ တဲ့ …

အင်တာနက်ဆိုင်မှာ 
sex page တွေဝင်ကြည့်သွားတာ … 
(တခုလပ် မုဆိုးဖို လူပျိုသိုးကြီးတွေများဝင်သုံးသလား သူတွေးနေသေးတယ် )
တကယ်တမ်းကျတော့ sex education ဆိုတာ ဒီမှာ အရမ်းအားနည်းတာကိုး …

မြစ်ကြီးနားဘက် သွားတော့လည်း ဘိန်းဒုက္ခသည်စခန်းတွေ ပြည့်တန်ဆာတွေ ကုနေရတဲ့ အဖြစ်အပျက်တွေ …
မော်လမြိုင်ကို သွားတဲ့လမ်းကျတော့လည်း ခရီးတစ်လျှောက်လုံး မြန်မာခွေတွေဖွင့်ထားတာ သက်တောင့်သက်သာကိုမရှိဘူးတဲ့ …
တကယ်တော့ဟုတ်တယ် 
relax မဖြစ်ဘဲ aircon ကိုအမြင့်ဆုံးတင် အငြိမ့်ခွေတွေဖွင့် … သီချင်းတွေဖွင့် 
relax ဖြစ်စရာမှ မရှိဘဲ … 

ဘာသာရေးအမြင်ကတော့ ဗုဒ္ဓဘာသာကို သူ သဘောကျတယ် ထင်ပါရဲ့ 
ထေရဝါဒဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘုရားက
ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ကိုယ်တိုင်ကျင့်ရမယ် 
ဘာဖြစ်ဖြစ် ဘုရားက ကယ်တာမဟုတ်ဘူး
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် ဆိုတဲ့ အမြင်ကို ထည့်ထားတာတွေ့တယ်

ယတြာတွေကိုတော့ အံ့အားသင့်ပုံ
(ပန်းခြံလေးမှာ ညောင်ပင်ပုံဆွဲထားတယ် 
ခြောက်လကြာတော့ ထီးဖြူလေးတွေ စိုက်ထား
နောက် လနည်းနည်းကြာတော့ နတ်ကွန်းတွေဖြစ်လာ
နောက်လည်းကျရော ဘုရားရုပ်ပွားတော်တွေ အမွှေးတိုင်တွေဖြစ်ကုန်ရော)

ဘုန်းကြီးအတုအလှူခံနဲ့ မိတာတွေ
သင်္ကြန်မှာ စစ်သားနဲ့ သံဃာ ရေမပက်ရဘူး
သူကတော့ ထွက်လိုက်တာနဲ့ ရေစို
အဝတ်ပြန်ပြန်လဲရတော့ စိတ်မသက်မသာတွေဖြစ်နေပုံ …
လူငယ်တွေက နာဇီတံဆိပ်ပုံတီရှပ်တွေဝတ်တာတွေ
ကားမောင်းတဲ့စနစ်ကြောင့် ကားကျော်တက်ချင်ရင် စပယ်ယာလိုနေရတာတွေ … 
ဘိန်းဘုရင်ခွန်ဆာ အကြောင်းလည်း တစေ့တစောင်းပါလာ …

ကာတွန်းရုပ်ပြဆရာတွေနဲ့သူတွေ့သေးတယ်
ကလေးကာတွန်းတွေက မစွံဘူး ကူးချထားတာတွေချည်းပဲတဲ့ 
သူကြိုက်တဲ့ ကာတွန်းတွေပြထားတာ ဆရာစောမင်းဝေရဲ့ ကာတွန်းပါတယ်
စာမဲ့ကာတွန်းလေးတွေပါတယ် 
လူငယ်ကာတွန်းဆရာတွေကို သူ အားမရပုံ

နောက်ပြီး အဖေ့ပုံကျတော့ အမြတ်တနိုးနဲ့ ပိုက်ဆံမှာရိုက်နှိပ်ထားပြီး သူ့သမီးကျတော့ အကျယ်ချူပ်ချထားတယ် အံ့သြစရာနိုင်ငံတဲ့
နိုဗယ်ဆုရှင် အမေစုနဲ့သူ့မှာမတွေ့လိုက်ရပါဘူး

မြန်မာနိုင်ငံက ပြင်သစ် MSF အဖွဲ့တွေ ပြန်ထွက်မယ်ပြောတော့ သူလက်မခံချင်ပေမယ့်
အစိုးရက မုဒုံလို အစိုးရအကူအညီလည်းရနိုင်တဲ့ နေရာမျိူးမှာပဲ ဆေးခန်းပေးဖွင့်တယ် 
သူတို့တကယ်သွားချင်တဲ့ တောင်ပေါ်ဒေသ ကရင်တွေရဲ့ကျန်းမာရေးကို သွားရောက်ကူညီခွင့်မရ
အစိုးရကဖွင့်ခိုင်းတဲ့နေရာမှာပဲဆေးကုရတော့ တကယ့်ဒုက္ခသည်တွေကျတော့ ကူညီခွင့်မရဘူးတဲ့
နောက်တော့ တကယ်ထွက်သွားကြတယ်

မြန်မာနိုင်ငံက သယံဇာတတွေကို လက်ဝါးကြီးအုပ်ချင်နေတဲ့ နိုင်ငံတကာကိုလည်း ထောက်ပြတယ် 
ဒေသခံတွေကို ဘာမှပြန်မပေးဘဲ အာဏာရှင်လုပ်ငန်းကြီးတွေက 
မြေယာတွေကို ဘူဒိုဇာနဲ့ထိုးသွားတာ 
အခြေခံလူတန်းစားတွေ အသက်ပေးသွားရတာ မြင်ခဲ့တွေ့ခဲ့ပြီးကြပြီပဲ
ခေတ်ဆိုးတစ်ခတ် သရုပ်မှားတစ်ခုက
စိတ်ထဲထိ အနက်ရှိုင်းဆုံး ခံစားနေရဦးမှာ …

ပြောရင်ကုန်မှာမဟုတ်
တကယ်ဖတ်မှ တကယ်ကြိုက်သွားလိမ့်မယ်
ကိုယ်ကတော့ ဖတ်တာ ၃ ခါရှိပြီ
ပထမ ဖတ်တော့ ရီတယ်
နောက် ဖတ်တော့ ရီသေးတယ် 
ထပ် ဖတ်တော့ မရီနိုင်တော့ဘူး … 
သြော် … ဘားမားခရိုနီကယ် …
ကိုယ်ကတော့ တွေ့သမျှလူတိုင်းကို ဖတ်ဖို့ လိုက်ပြောနေမိတာ …

လာမယ့်ဇွန်လ library activity မှာ 
ဒီစာအုပ် မဲဖောက်လက်ဆောင်ပေးမှာပါ

ဒီလောက်စာညွှန်းရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါ
ဝယ်ဖြစ်အောင် ဝယ်သိမ်းထားပြီး
ဖတ်ဖြစ်အောင်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ် 

Avalible Now
@ Myittaryeik MobileLibrary


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

သုစရိတစက်ဝန်း

ကိုတာ
Book Review Image

သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား

မြတ်ငြိမ်း
Book Review Image

ပညာအလင်းမိတ်ဆက်

ဒေါက်တာခင်မောင်ညို
Book Review Image

ကွန်ဖြူးရှပ်ဗေဒ ကထာကျမ်း

တော်ကောင်းမင်း
Book Review Image

အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

ဦး​ရွှေအောင်
Book Review Image

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗီဇနှင့်ပတ်ဝန်းကျင်

ဦးအေးမောင်
Book Review Image

သုခမြေပုံ

ချမ်းမြေ့ဝင်း
Book Review Image

အနုပညာရင်​ပြင်​၌ ​တွေ့ဆုံခြင်​း

ကလောင်စုံ