Book Image

သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား

မြတ်ငြိမ်း

စာအုပ်အမည် - Devil’s Gamble

စာရေးသူ - Frank Gill Slaughter
ဘာသာပြန်သူ - မြတ်ငြိမ်း
ဘာသာပြန်စာအုပ် အမည် - သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား
စာအုပ်တိုက် - အမွှာညီနောင်စာပေ
ဒုတိယအကြိမ် ၂၀၁၀ ဇူလိုင်လ
စာမျက်နှာ - ၄၆၄ မျက်နှာ
တန်ဖိုး - ၄၀၀၀ ကျပ်
ဒီစာအုပ်ကို ပထမဆုံးအကြိမ် ဖတ်ဖူးတာက တောင်ကြီးမှာ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်လောက်က။ အဲဒီတုန်းက စာအုပ်က လေးအုပ်တွဲ။ နောက်ပိုင်း ပြန်ဖတ်ချင်လို့ ရှာတဲ့အခါ စာအုပ်နာမည်ကို နှစ်လောကနဲ့ မှားပြီး ရှာမိတယ်။ လုံးဝမှားတာပဲ။ ဘာမှကိုမဆိုင်ဘူး။ ဒီလိုနဲ့ ဒီစာအုပ်နဲ့ ကိုယ်ဟာဝေးခဲ့ရတယ်။ ဟိုတစ်ပတ်ကမှ စာသမားများ ဂရုမှာ ဇာတ်လမ်းအကျဉ်းလေးပြီး စာအုပ်နာမည် မေးတော့ သိသူမရှိပြန်ဘူး။ ကံကောင်းချင်တော့ ငယ်ငယ်တုန်းက ကိုယ်စာအုပ်တွေ ငှားဖတ်ခဲ့တဲ့ စာအုပ် အငှားဆိုင်က အစ်ကိုကို လှမ်းမေးဖို့ သတိရမိတယ်။ သူ့ကို မေးတော့ သူက ချက်ခြင်း စာအုပ်နာမည်နဲ့ စာရေးသူကို တန်းပြောပြနိုင်တာပဲ။ နောက် ကိုကျော်ဇောက ဒုတိယအကြိမ်ပြန်ထွက်ထားကြောင်း ပြောပြတယ်။
ဒါနဲ့ သောကြာနေ့မှာ စာအုပ်တွေသွားဝယ်ဖြစ်ရင်း ဒီစာအုပ်ရခဲ့တယ်။ ၁၅ နှစ်လောက် ပြန်ဖတ်ချင်လို့ ရှာနေရတဲ့ စာအုပ်မို့ သိပ်ကြာကြာ မဖတ်လိုက်ရဘူး။ Frank Gill Slaughter ဟာ စာရေးဆရာ၊ ဆရာဝန်ဖြစ်တာမို့ သူ့စာအုပ်တွေမှာ ဆေးပညာအကြောင်းတွေ တော်တော်ပါတယ်။ အခုစာအုပ်မှာလည်း ခွဲစိတ်တဲ့ကိစ္စတွေ၊ ဆေးပညာအကြောင်းတွေ အသေးစိပ်ကို ရေးထားတယ်။


ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့၊ ရုပ်ရည်ချောမောတဲ့ မျက်နှာခွဲစိတ်ဆရာဝန် မိုက်ဟာ မနက်စောစော ဝါရှင်တန်မြို့ လေဆိပ်အနီး အဝေးပြေးလမ်းမပေါ်ရောက်နေတဲ့ အချိန်၊ တစ်ကမ္ဘာလုံးမှာ အဆိုးဆုံးလို့ သက်မှတ်ထားတဲ့ မိစ္ဆာဂိုဏ်းခေါင်းဆောင် လင်းနဲ့ သတင်းထောက်ဖြစ်သူ ဂျက်နက်ဘက်တို့ ပါလာတဲ့ လေယာဉ်ဟာ ဗုံးနဲ့ ခွဲခံပြီး လေဆိပ်ထဲကို ထိုးဆင်းလာတယ်။ ဒါဟာ လူသား၂ဦးရယ်၊ မိစ္ဆာမတစ်ယောက်ရယ်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအစပဲဖြစ်လာတယ်။

လင်းဟာ လေယာဉ်မီးလောင်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ လင်းက မိန်းမချောဖြစ်ပြီး ဂျက်နက်ဘက်ကတော့ ကိုယ်လုံးကိုယ်ထည် လှပပေမယ့် မျက်နှာကတော့ ရွက်ကြမ်းရေကြိုလောက်ပဲရှိတယ်။ မတော်တဆမှုကြေင့် ဂျက်နက်ဘက်ရဲ့ မျက်နှာကို အစအဆုံး ပြန်လည်ပြုပြင်လိုက်ရတယ်။ သူကံကောင်းတာက မိုက်က အရမ်းတော်တဲ့ အလှပြုပြင်တဲ့ ဆရာဝန်တစ်ဦး ဖြစ်နေတာပဲ။ ခွဲစိတ်မှုတွေ အားလုံးပြီးတဲ့အခါ ဂျက်နက်ဘက်ဟာ ခေါမခေတ်ရဲ့ အလှဆုံး ရုပ်ထုတစ်ခုဖြစ်တဲ့ အချစ်နဲ့ အလှ နတ်ဘုရားမ အက်ဖရိုဒိုက်ရဲ့ မျက်နှာမျိုး ပိုင်ဆိုင်သွားခဲ့တယ်။ အပြင်ပန်းအားဖြင့်တော့ ထိပ်တန်း သတင်းထောက် ဂျက်အတွက် ဒီကံကြမ္မာဆိုးကြောင့် အလှဆုံး မိန်းခလေးတစ်ယောက် ဖြစ်သွားပေမယ့် ကံဆိုးမှုက တွဲဘက်ပြီး ပါလာတယ်။ မိစ္ဆာဂိုဏ်း ခေါင်းဆောင် လင်းသေဆုံးသွားတဲ့အခါ လင်းရဲ့ ခန္တာကိုယ်မှာ တွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ဟာ ဂျက်ဆီကို ပြောင်းသွားတယ်။
ဂျက်နက်ဘက်က ပုံမှန်အချိန်မှာ သိမ်မွေ့ပြီး စည်းကမ်းသေဝပ်တဲ့ မိန်းခလေးတစ်ယောက် ဖြစ်နေပေမယ့် လင်းရဲ့ ဝိညာဉ်ထကြွသောင်းကြမ်းချိန်မှာ သူဟာ စည်းလွတ်ဝါးလွတ် မိန်းခလေးတစ်ယောက် အသွင်ကို ပြောင်းသွားတယ်။ အရမ်းလှတဲ့ မိန်းခလေးလည်း ဖြစ်နေပြီမို့ ယောကျာၤးတွေကို ကောင်းကောင်းလည်း စွဲဆောင်နိုင်နေတယ်။ မကောင်းဆိုးဝါးဟာ ဒီနေရာမှတင် တန့်မနေပဲ ဝါရှင်တန်မြို့ကို အနူမြူဗုံးထောင်ပြီး ဖောက်ခွဲပစ်ဖို့ အထိကြံစည်တယ်။ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေကို နှစ်သက်ရင်တော့ ဒီစာအုပ်ဟာ စိတ်ဝင်စားစရာအတိပဲ။
ဒီထက်ပိုပြီး စိတ်ဝင်စားဖို့က ဂျက်ကို ဒေါက်တာမိုက်က အရမ်းချစ်သွားတယ်။ ဂျက်ကလည်း ဒေါက်တာကို ချစ်တယ်။ ခက်တာက ဂျက်ကိုယ်ထဲမှာ ရှင်သန်နေတဲ့ မကောင်းဆိုးဝါးကလည်း မိုက်ကို ချစ်တယ်။ စွံလိုက်တဲ့ ဆရာဝန် မိစ္ဆာတောင် မနေနိုင်ဘူး။
“ကျွန်မသာ လူသားစစ်စစ်တစ်ယောက် ဖြစ်ပြီး တစ်ယောက်ယောက်ကို ချစ်ခွင့်ရမယ်ဆိုရင် ကျွန်မချစ်မယ့်သူဟာ မောင်ပါပဲ”
လင်း (စာမျက်နှာ ၄၀၈)
“သူဟာ လူသားစစ်စစ်တစ်ယောက် မဟုတ်သူတစ်ယောက် အနေနဲ့ သူတတ်နိုင်သလောက် မောင့်ကို ချစ်သွားတယ်လို့ ထင်တယ်။”
ဂျက်နက် (စာမျက်နှာ ၄၆၄)
“ခင်ပွန်းသည်ဖြစ်တော့မည့် ယောကျာၤးတစ်ယောက်အနေဖြင့် ရည်းစားဟောင်းဆိုသည်ကို မေ့ဖောက်ထားတာ ကောင်းသည်။ ရည်စားဟောင်းသူ နာနာဘာဝတစ်ယောက်ပဲ ဖြစ်နေဖြစ်နေပေါ့လေ”
မိုက် (စာမျက်နှာ ၄၆၄)
ဒီစာအုပ်က ရိုမန်တစ်စာအုပ်တစ်အုပ် မဟုတ်ပဲ မကောင်းဆိုးဝါးတွေ၊ စိတ်နယ်လွန်မှုတွေ၊ ဆေးပညာရပ်တွေ၊ နာမ်ပိုင်းဆိုင်ရာ ကိုးကွယ်မှုတွေ၊ အစွန်းရောက် ဘာသာရေးသမားတွေ၊ လှို့ဝှက်သည်းဖိုမှုတွေနဲ့ ဖွဲစည်းထားတဲ့ စာတစ်ပုဒ်ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာလောကကြီးမှာ ဘယ်နေရာရာမှာမှ ချစ်ခြင်းမေတ္တာနဲ့ ကင်းပြီး နေလို့မရပဲ။ ချစ်မိသူဟာ ဘာကြီးပဲ ဖြစ်နေဖြစ်နေပေါ့။
မယ်ကျွိ
၂၆ရက် မတ်လ ၂၀၁၇
၈နာရီ ၅၆မိနစ်


Publisher Name: အမြွှာညီနောင်စာပေ

Publisher Address: ရန်ကုန်, 09250495569

Publisher Phone Number: 09250495569


Related Books

Book Review Image

သုစရိတစက်ဝန်း

ကိုတာ
Book Review Image

ဘားမားခရိုနီကယ်

မြေမှုန်လွင်
Book Review Image

ပညာအလင်းမိတ်ဆက်

ဒေါက်တာခင်မောင်ညို
Book Review Image

ကွန်ဖြူးရှပ်ဗေဒ ကထာကျမ်း

တော်ကောင်းမင်း
Book Review Image

အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

ဦး​ရွှေအောင်
Book Review Image

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗီဇနှင့်ပတ်ဝန်းကျင်

ဦးအေးမောင်
Book Review Image

သုခမြေပုံ

ချမ်းမြေ့ဝင်း
Book Review Image

အနုပညာရင်​ပြင်​၌ ​တွေ့ဆုံခြင်​း

ကလောင်စုံ