Book Image

သုခမြေပုံ

ချမ်းမြေ့ဝင်း

စာအုပ်အမည်က 

#သုခမြေပုံ
ဘာသာပြန်ရေးသူက
#ချမ်းမြေ့ဝင်း

မူရင်းစာရေးသူက
#အဲရစ်ဝိုင်နာ

ဒီစာအုပ်လေးက နိုင်ငံ(၁ဝ)နိုင်ငံကိုသွားရောက်လည်ပတ်ပြီး ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ် သဘောတရားတွေကို လိုက်လံရှာဖွေခ့ဲတဲ့အကြောင်းပါ။

(၁ဝ)ပုဒ်လုံးကိုတော့ မဖတ်ရသေးပါဘူး။
ပထမဆုံး တစ်ပုဒ်နဲ့
ထိုင်းနိုင်ငံအကြောင်းတစ်ပုဒ်နဲ့ ၂ ပုဒ်သာဖတ်ဖြစ်ပါသေးတယ်။

အခုလောလောဆယ် သူငယ်ချင်းတစ်ယောက်က ကိုယ့်ဆီကနေထပ်ငှါးသွားပါတယ်။

ဖတ်ထားပြီးတဲ့အထဲက မှတ်စုလေးတွေကို မျှဝေပေးချင်ပါတယ်။

ကြိုက်နှစ်သက်ရင်လည်း ထပ်ဆင့်မျှဝေနိုင်ပါတယ်။
+++++++++++++++++++++++++



#သုခမြေပုံမှတ်စုများ
****************
သူများ သာယာပျော်ရွှင်ဖွယ်ရာ အပြုအမူတွေလုပ်နေတာကို ကြည့်ရင်းနဲ့ကိုယ်ကိုယ်တိုင်လည်း သာယာလာတတ်ခြင်းဟာ လူ့သဘာဝတစ်ခုပါ။ ဒီအချက်ကြောင့် အောင်မြင်လူကြိုက်များနေတဲ့ လုပ်ငန်းနှစ်ခုရှိတယ်။ အပြာကားတွေနဲ့ကော်ဖီဆိုင်တွေ အမေရိကန်တွေက ပထမတစ်ခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေပြီး ဥရောပသားတွေက ကော်ဖီဆိုင်လုပ်ငန်းမှာ ပိုကျွမ်းကျင်ကြတယ်။
ကော်ဖီဆိုင်တစ်ခုမှာ အစားအသောက်ကောင်းဖို့၊ ကော်ဖီကောင်းဖို့ သိပ်အရေးမကြီးပါ။ Tel Aviv မြို့မှာ ရှိတဲ့ ကော်ဖီဆိုင်တစ်ခုမှာ ဆိုရင် အစားအသောက်၊ကော်ဖီ ဘာမှမရောင်းဘူးတဲ့။ ပန်းကန်အလွတ်၊ ခွက်အလွတ်တွေပဲ ချပေးပြီး ပိုက်ဆံတောင်းတယ် လို့ ကြားဖူးတယ်။
(နှာ-၆)

ကမ်ဘာ့အပျော်ဆုံးနိုင်ငံတွေဟာ ပျော်ရွှင်မှုပမာဏမြင့်မားသလို ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းလည်းမြင့်ကြတယ်။

ဘာသာရေးကိုင်းရှိုင်းသူတွေဟာ ပိုပျော်တာတော့မှန်တယ်။
ဒါပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံတွေဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ နိုင်ငံတွေမဟုတ်ပြန်ဘူး။
သြော်. . . ပြီးတော့ အံ့သြစရာတစ်ခုရှိသေးတယ်။

ကမ်ဘာ့အင်အားအကြီးဆုံး၊ အချမ်းသာဆုံး အမေရိကန်နိုင်ငံဟာ ပျော်ရွှင်မှုနယ်ပယ်မှာတော့ အင်အားမကြီးရှာဘူး ။
(နှာ-၂ဝ)

လူဆိုတာ တစ်ခါတစ်လေမှာ ဘယ်လောက်ပဲကြိုးစားကြိုးစား ပုံစံခွက်ထဲဇောက်ထိုးကျတတ်တယ် တဲ့ ။
(နှာ-၂၄၂)

သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်တွေအရဆိုရင် လူဆိုတာ တစ်ယောက်တည်းနေနေတဲ့အခါ ပြုံးဖို့ခဲယဉ်းတယ် တဲ့။

အက်စကီမိုးလူမျိုးတွေမှာ`နှင်း´ကိုခေါ်တဲ့ အခေါ်အဝေါ်အများကြီးရှိသလိုပဲ ထိုင်းလူမျိုးတွေမှာလည်း `အပြုံး´ ပေါင်းစုံရှိတယ်။ `ယင်ချောင်န်ချူမ်မ်´ လို့ခေါ်တဲ့ ခင်ဗျားကိုသဘောကျတယ် ဆိုတဲ့အပြုံး။ `ယင်မ်သက်ခ်သန်´ လို့ခေါ်တဲ့ ခင်ဗျားပြောတာမှားနေတယ်၊ ဒါပေမယ့် ဆက်ပြောလေ ဆိုတဲ့ အပြုံး။
ပြီးတော့ `ယင်ဆောင်ဝ်´ လို့ခေါ်တဲ့ ဝမ်းနည်းပြီးပြုံးတဲ့ အပြုံး။ ကျွန်တော် သဘောအကျဆုံးအပြုံးကတော့ `ယင်မ်မိုင်အောက်´ဆိုတဲ့ ပြုံးဖို့ကြိုးစားနေပေမယ့် မပြုံးနိုင်ဘူး ဆိုတဲ့ အပြုံး။

(နှာ-၂၄၇)

လေ့လာမှုတစ်ခုမှာ စိတ်ပညာရှင် တင်မ်ဝယ်ဆင်နဲ့ ဂျွန်နသန်စကူလာနှစ်ယောက်ပေါင်းပြီး လူအုပ်စု သုံးစုကို လေ့လာတယ်။ အုပ်စုသုံးစုကို စတျာဗင်စကီရဲ့ `နွေဦးဂါထာ´ သီချင်းကို နားထောင်ခိုင်းတယ်။ ပထမအုပ်စုကို ဘာမှမပြောဘဲ နားထောင်ခိုင်းတယ်။ ဒုတိအုပ်စုကို သီချင်းနားထောင်ရင်း ကိုယ့်ရဲ့ပျော်ရွှင်မှုကို တိုင်းတာခိုင်းတယ်။ တတိာအုပ်စုကိုတော့ သီချင်းနားထောင်ရင်း စိတ်ကိုပျော်အောင်ထားဖို့ ကြိုးစားခိုင်းတယ်။ ရလာဒ်ထွက်လာတော့ ဘာမှမလုပ်ဘဲ ဒီအတိုင်းနားထောင်ခဲ့တဲ့အုပ်စုက လူတွေဟာ သီချင်းအရသာကို ကျေကျေနပ်နပ် ခံစားလို့ရတယ်။ ကျန်နဲ့နှစ်ဖွဲ့ကတော့ ပျော်ရွှင်မှုအပေါ်အာရုံစိုက်နေရင်းနဲ့ အရသာမတွေ့လိုက်ဘူး။ အဖြေကရှင်းပါတယ်။ ပျော်ဖို့အကြောင်းပဲ စဉ်းစားနေရင် ပျော်ရမှာမဟုတ်ဘူး။

(နှာ-၂၅ဝ)

ချမ်းမြေ့ဝင်း(ဘာသာပြန်)- သုခမြေပုံ

မူရင်းစာရေးသူ- Eric Weiner's- The Geography of Bliss

မေတ္တာဖြင့် မျှဝေသူ
M.C
27.1.2019


Publisher Name: ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး


Related Books

Book Review Image

သုစရိတစက်ဝန်း

ကိုတာ
Book Review Image

ဘားမားခရိုနီကယ်

မြေမှုန်လွင်
Book Review Image

သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား

မြတ်ငြိမ်း
Book Review Image

ပညာအလင်းမိတ်ဆက်

ဒေါက်တာခင်မောင်ညို
Book Review Image

ကွန်ဖြူးရှပ်ဗေဒ ကထာကျမ်း

တော်ကောင်းမင်း
Book Review Image

အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်

ဦး​ရွှေအောင်
Book Review Image

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗီဇနှင့်ပတ်ဝန်းကျင်

ဦးအေးမောင်
Book Review Image

အနုပညာရင်​ပြင်​၌ ​တွေ့ဆုံခြင်​း

ကလောင်စုံ