အနုပညာရင်ပြင်၌ တွေ့ဆုံခြင်း
ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊
စန္ဒရားချစ်ဆွေ နှင့် အထောက်တော်လှအောင်
( စီစဉ်သူများ ) ကိုရွှေသိမ်းမင်း၊ တက္ကသိုလ်ကျော်ဝင်းမောင်၊ ထွန်းနွယ်၊ ဝင်းအောင် နှင့် ဝိုင်းသော်
ပန်းရွှေပြည်စာအုပ်တိုက်၊
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၉။
မျက်နှာဖုံး - ဇော်မောင်။
၁၅.၁ စင်တီမီတာ x ၂၀.၂ စင်တီမီတာ။
စာမျက်နှာ - ၁၉၃၊ တန်ဖိုး - ကျပ် ၂၅၀၀။
ကိုရွှေသိမ်းမင်း၏ ရေးဖြစ်လိုက်ရတဲ့အမှာစာ နှင့် စီစဉ်သူများ၏ '' အနုပညာရင်ပြင်၌တွေ့ဆုံခြင်း'' နိဒါန်းတို့ပါရှိ သည်။ တွေ့ဆုံခဲ့ကြသည့် ဆရာတို့၏ ထိုစဉ်က ကိုယ်ရေး အကျဉ်းတို့ ကိုလည်းထည့်သွင်းဖော်ပြထားသည်။
၁။ ဒဂုန်တာရာနှင့်တွေ့ဆုံခြင်း
( ၂၉ အောက်တိုဘာ ၁၉၇၅ )
'' ပထမဆုံး လူမျိုးအလိုက် နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုး တိုး တက်အောင်လုပ်ရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရှိရရှိရမယ်။ သည်တော့မှ ယဉ်ကျေး မှု ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်။ တိုင်းရင်းသား လူမျိုးစုအသီးသီးရဲ့ စာပေအင်အားကို ကြည့်ရင် ဆက်လုပ်စရာအများကြီးရှိသေးတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်တယ်။ '' ( စာမျက်နှာ - ၂၈ မှ )
၂။ မြသန်းတင့်နှင့်တွေ့ဆုံခြင်း
( ၂၀ အောက်တိုဘာ ၁၉၇၅ )
'' စာပေဆိုင်ရာဝါဒသဘောထားဆိုတော့ စာပေနဲ့ပတ်သက်တဲ့ခံယူချက်ပေါ့။ စာရေးဆရာတစ်ယောက်မှာ စာပေနဲ့ပတ်သက်တဲ့ ခံယူချက် ရှိလည်းရှိရတယ်။ အထူးသဖြင့် ကမ ်ဘာ့ အမြင်တစ်ခုကို လက်ခံထားတဲ့စာရေးဆရာတွေမှာ ခံယူချက်ရှိရတယ်။ ကျွန်တော်ကတော့ မာက္ခစ်ဝါဒကို ခံယူထားတယ်။ ဒါကြောင့် မာက္ခစ်ဝါဒအမြင်နဲ့ရေးတယ်။''( စာမျက်နှာ - ၄၆ မှ )
၃။ ဗန်းမော်တင်အောင်နှင့်တွေ့ဆုံခြင်း
( ၂၀ အောက်တိုဘာ ၁၉၇၅ )
'' ပြည်သူများအတွင်း ပြည်သူ့စာပေ ပျံ့နှံ့နိုင်ရေး အတွက် မရှိမဖြစ်သော အရာဝတၳုမှာ ကျယ်ပြန့်သော ဒီမိုကရေစီ အခွင့်အရေးများပင်ဖြစ်သည်။''
( စာမျက်နှာ - ၈၉ မှ )
၄။ စန္ဒရားချစ်ဆွေနှင့်တွေ့ဆုံခြင်း
( ၂၅ အောက်တိုဘာ ၁၉၇၅ )
'' မြို့မငြိမ်း ကို လေးစားပါသည်။ တီထွင်သူဟုနားလည် ပါသည်။ အထက်အညာက ကြီးမားသောကြယ်တစ်ပွင့် ဖြစ်ပါသည်။ မြန်မာ့ဂီတကို ကမ ်ဘာ့ပစ္စည်းများနှင့် တီထွင်သူ၊ စမ်း သပ်သူ၊ နံပါတ်ဝမ်းနှင့်တူး တစ်ခုခုဖြစ်ပါလိမ့် မည်။ ဆရာငြိမ်း ကို 'စာအလှကဲသော ဂီတကဗျာဆရာ' ဟု ခေါ်လိုပါသည်။ ''
( စာမျက်နှာ - ၁၂၇ မှ )
၅။ အထောက်တော်လှအောင်နှင့်တွေ့ဆုံခြင်း
( ၇ နိုဝင်ဘာ ၁၉၇၅ )
'' အဲဒီလို ဒီမိုကရေစီအခွင့်အရေးတွေရဖို့ဆိုရင်လည်း တိုက်ယူမှ ရတာပဲဗျ။ ဒီမိုကရေစီကို ငှက်ပျောပွဲ အုန်းပွဲနဲ့ မှောင်ခိုဈေးက ဝယ်လာတဲ့ ပြည်သူ့မုန့်တိုက်က ကိတ်မုန့်ကလေးနဲ့တော့ သွားပြီး အသနားခံပြီး ရှိခိုးပြီး တောင်းယူလို့မရဘူး။ ဒီမိုကရေစီအခွင့်အရေးဆိုတာ တိုက်ယူရတယ်။ ခေတ်အဆက်ဆက်ပြန်ကြည့်ရင်လည်း ဒီအတိုင်းပဲ။ ဖဆပလခေတ်က ကျွန်တော်တို့ သတင်းစာတွေကလည်း သတင်းစာဒီမိုကရေစီကို တိုက်ယူခဲ့ရတယ်။ '' ( စာမျက်နှာ - ၁၃၈ မှ )
ဆရာ ၅ ဦးတို့အား စီစဉ်သူများက တွေ့ဆုံမေးမြန်းထား ကြသည်မှာ လွန်ခဲ့သော ၄၄ နှစ်ဝန်းကျင်ကာလက ဖြစ်သည်။ ဆရာတို့၏ အတၳုပ္ပတ္တိအကျဉ်းတို့ဖြင့် နှိုင်းယှဉ်တွက်ချက်ကြည့်လျှင် '' အနုပညာရင်ပြင်၌ တွေ့ဆုံ'' ကြ စဉ်က ဆရာဒဂုန်တာရာ ( ၅၆ နှစ် ) ၊ ဆရာမြသန်းတင့်
( ၄၆ နှစ် ) ၊ ဆရာဗန်းမော်တင်အောင် ( ၅၅ နှစ် ) ၊ စန္ဒရားချစ်ဆွေ ( အသက် ၄၀ ) နှင့် ဆရာအထောက်တော်လှအောင် ( ၃၉ နှစ် ) တို့ဖြစ်ကြောင်းတွေ့ရသည်။
'' သို့သော် ယခုပြန်ဖတ်ကြည့်တော့ ဆရာတို့၏ အဖြေ စကား အပြောစကားများသည် အားရဖွယ်ကောင်းတုန်း ပါလားဟု အံ့အားကြီးသင့်နေမိပါတော့သည်။ မည်သို့ ပင်ဖြစ်စေ နှစ်ပေါင်း ၄၀ ကျော်ကြာက အာသီသပြင်းပြ ခဲ့သော အစီအစဉ်တစ်ခုကို ယခုလို ပြန်သရုပ်ဖော်နိုင်သည့်အတွက် ကြည်နူး ပီတိဖြစ်ရသည် '' ဟု ''အနုပ ညာရင်ပြင်၌ တွေ့ဆုံခြင်း'' ၌ စီစဉ်သူတစ်ဦးအဖြစ်ပါဝင်ခဲ့သူ ဆရာ ကိုရွှေသိမ်းမင်းက ''ရေးဖြစ်လိုက်တဲ့အမှာ စာ'' တွင်ဖော်ပြထားသည်။
ထိုစဉ်ကာလက ဆရာ တို့၏ သွက်လက်ထက်မြက်သောအတွေးအခေါ် အယူအဆ တို့မှာ ယနေ့ထက်တိုင် သစ်လွင်လတ်ဆတ်နေဆဲဖြစ်ပါသည်။
မိုးမင်းသိမ်း
၃၁ မတ် ၂၀၁၉
Publisher Name: ပန်းရွှေပြည်စာအုပ်တိုက်
Publisher Address: အမှတ် ၃၃၄၊ ၈ လမ်း၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Publisher Phone Number: 09 73079964 , 09 5181715 , 09 5145728