ဒီစာအုပ်ကလေးက နေပုံထိုင်ပုံအကြောင်းဟောတဲ့ စာအုပ်ပါ။ နေထိုင်ပုံကို လိုက်ဖ်စတိုင်လို့ ခေါ်ကြတာပေါ့။ နေထိုင်ပုံ လိုက်ဖ်စတိုင်တွေ ပြောင်းကုန်လို့ လူတွေ မပျော်နိုင်ကြတာတဲ့။ ဥတုပျက်တာ၊ သဘာဝပျက်တာလည်း လူတွေရဲ့ နေထိုင်ပုံက အရင်းခံပဲလို့ ပြောနေကြတယ်။ နေထိုင်ပုံ ပြောင်းလဲသွားအောင် လုပ်တာက မဝယ်ချင် ဝယ်ချင်အောင်လုပ်တဲ့ လူတွေ ရဲ့လောဘကို နှိုးဆွနေတဲ့ စားသုံးခြင်းဝါဒ (consumerism) ကြောင့်လို့လည်း တွက်ပြတယ်။ ကျွန်တော်တို့ဆီ အဲဒီဝါဒကြီး ရောက်လာမှာပါပဲ။ သတိရှိရင် တော့လည်း ဘာလာလာပေါ့။
“သိနေခြင်းနှင့် ပညာဉာဏ်ကို ပေါင်းသင်းဆက်ဆံမှုများ၊ မိသားစုများ၊ လူ့အသိုင်းအဝန်းများနှင့် အလုပ်ထဲသို့ သယ်ဆောင်လာရန် အားထုတ်မှု များသည် လူမှုအပြောင်းအလဲကို ဖော်ဆောင်ရန် သိသာသော အားထုတ်မှုများ မဟုတ်သော်လည်း၊ အဖွဲ့အစည်းများ ပြောင်းလဲရန်အတွက် အုတ်မြစ်ချပေးနိုင်ပါသည်။ ဆင်းရဲဒုက္ခ ခံစားရခြင်းများအတွက် ကျယ်ပြန့်သော တုံ့ပြန်မှုလည်း ဖြစ်ပါသည်။” (ဒေါ်နယ်လ်ရိုးဘာဂ်)
Publisher Name: မုံရွေးစာအုပ်တိုက်
Publisher Address: အမှတ် ၂၁၃-၂၁၅၊ဗိုလ်တစ်ထောင်ဘုရားလမ်း ပုဇွန်ထောင်မြို့နယ်၊ရန်ကုန်။ဖုန်း-01297072
Publisher Phone Number: 01297072