Book Image
​မောင်​​သော်​က
ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး
စာရေးဆရာ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ - ၁၉၉၁)

၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ရေတပ်မတော်သို့ တပ်သားအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ တပ်မတော် (ရေတပ်) တွင် ဗိုလ်မှူးရာထူးအထိ ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိ စစ်ရေယာဉ်မှူးအဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများတဝိုက် ငါးဖမ်း သငေ်္ဘာများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီးဘသော် (မောင်သော်က) နှင့် ရဲဘော် ၁ဝ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင်သငေ်္ဘာတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁ဝ ဦးတွင် ပါဝင်သည်။ စာပေရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတၳုများ များစွာ ရေးသား ဖော်ပြခဲ့သည်။ ရေကြောင်းစွန့်စားခန်းဝတၳုများ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။ တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ်အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတၳု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူဖြစ်ကာ နေ့စဉ်သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော်ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်းသိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သငေ်္ဘာသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

Reference from: wekai

Written Books

Book Review Image

ယမကာလုလင်​

​မောင်​​သော်​က
Book Review Image

စင်ပေါ်မှာ စင်နောက်မှာ

​မောင်​​သော်​က