Book Image

ယမကာလုလင်​

​မောင်​​သော်​က


​မောင်​​သော်​က
ယမကာလုလင်​
တိုးမြစ်​စာအုပ်​တိုက်​၊
ပထမအကြိမ်​၊ ၁၊​အောက်​တိုဘာ၊၂၀၁၈။
မျက်​နှာဖုံးပန်​းချီနှင်​့ဒီဇိုင်​း - ​ဇော်​​မောင်​။
၁၁.၇ စင်​တီမီတာ x ၁၈.၃ စင်​တီမီတာ ။
စာမျက်​နှာ - ၇၇ ၊ တန်​ဖိုး - ကျပ်​ ၂၀၀၀။

၁၆၊စက်​တင်​ဘာ၊၂၀၁၈ ရက်​စွဲဖြင်​့​ရေးသားထားသည်​့ တိုးမြစ်​၏မှတ်​ချက်​နှင်​့ အက္ခရာစဉ်​အညွှန်​းတို့ပါရှိသည်​။

စာ​မော်​ကွန်​းမဂ္ဂဇင်​း အမှတ်​ ၂၊ ဇူလိုင်​၊၁၉၈၅ မှ အမှတ်​ ၈၊ဇူလိုင်​၊၁၉၈၈အထိ ​ ဖော်​ပြခဲ့သည်​့ ယမကာလုလင်​​ဆောင်​းပါး ၇ ပုဒ်​အားစုစည်​းထုတ်​​ဝေထားခြင်​းဖြစ်​ သည်​။



'' ပထမ ဤ​ဆောင်​းပါးများကို ဘာ​ကြောင်​့​ရေးသနည်​း ဟု ​မေးရန်​ရှိပါသည်​။

အရက်​သည်​ မည်​သည်​့နည်​းနှင်​့မျှ မ​ကောင်​းပါဟု သက်​​သေထူလိုခြင်​း​ကြောင်​့​ရေး​နေပါသည်​။ 

အရက်​သည်​ မ​ကောင်​းဟုသိပါလျက်​နှင်​့ အရက်​​သောက်​သုံး​နေကြသူများ အရက်​ဖြတ်​ကြမည်​ထင်​ပါ သလား။ ​ဝေး​သေး၊ ကျွန်​​တော်​သာမက ကျွန်​​​တော့် ထက်​ဉာဏ်​ကြီး​သော ဉာဏ်​ကြီးရှင်​များ အဆက်​ဆက်​၊ အဆုံး​ပြောရ​သော်​ ဗုဒ္ဓမြတ်​စွာကိုယ်​တိုင်​ တားမြစ်​​တော်​မူခဲ့ပါလျက်​ ​သောက်​သူများက ​သောက်​မြဲ​သောက်​​နေ ကြမည်​ဖြစ်​သည်​။ ဤသို့ ​သောက်​မည်​့အတူတူ ''တတ်​နိုင်​သမျှ အန ္တရာယ်​ကင်​းစွာ ​ဘေးမသီ ရန်​မခ'' ​သောက်​နိုင်​ကြပါ​စေ ဟု ရည်​ရွယ်​​ရေး​နေခြင်​းဖြစ်​သည်​။ အရက်​ဖြတ်​ရန်​ တရား​ဟော​နေခြင်​းမဟုတ်​သလို အရက်​​သောက်​ရန်​ တိုက်​တွန်​း​နေခြင်​းလည်​း မဟုတ်​သည်​ကို ရှင်​းလင်​းစွာ သ​ဘော​ပေါက်​ထားရန်​ လိုပါသည်​။ ကဲ...​သောက်​လိုက်​ကြဦးစို့။ '' ( ယမကာလုလင်​ ၃၊ စာမျက်​နှာ - ၂၆ နှင်​့ ၂၇ မှ ) ဟု ယမကာလုလင်​ ​ဆောင်​းပါးများ​ရေးသားရခြင်​းနှင်​့ စပ်​လျဉ်​း၍ ဆရာ​မောင်​​သော်​က က ​ဖော်​ပြထားသည်​။

အရက်​အမျိုးအစားများ၊ တစ်​​ခေတ်​တစ်​ခါက မြန်​မာပြည်​ဖြစ်​အရက်​များ၊ အရက်​သမားအဆင်​့သတ်​မှတ်​ချက်​များနှင်​့ အရက်​သမားအမျိုးမျိုး အဖုံဖုံတို့အ​ကြောင်​းကို ရွှင်​ရွှင်​သွက်​သွက်​​ဖော်​ပြထားသည်​့ အ​ရေးအသားများ လည်​းဖြစ်​သည်​။

'' အရက်​နှင်​့ကျွန်​​တော်​သည်​ ( ခုထက်​ထိ​တော့ ) ရင်​းနှီး​သောမိတ်​​ဆွေများ မဟုတ်​သလို ရန်​သူလည်​းမဟုတ်​ပါ။ သို့​ကြောင်​့ အားနာရန်​လည်​း မလို၊ ရန်​​တွေ့အပြစ်​ဖို့ရန်​လည်​း မလိုသူတစ်​ဦး ဖြစ်​ခြင်​း​ကြောင်​့သူ၏​ကောင်​းခြင်း၊ ဆိုးခြင်​းများကို သမာသမတ်​ကျကျ အရက်​ကို စာ​တွေ့၊ ကိုယ်​​တွေ့၊အ​ပေါင်​းအသင်​းတွေ့၊ ​ဆေးရုံသွား​တွေ့၊ အသုဘလိုက်​ပို့ရင်​း​တွေ့ စသည်​့အ​တွေ့အကြုံများကို စီကာပတ်​ကုံးမဟုတ်​သည်​့တိုင်​ တရင်​းတနှီး နှင်​့ တပုံ တ​အောကြီး ​ပြောပြလိုပါသည်​။ ယမကာလုလင်​များ ​စောင်​့​မျှော်​ ဖတ်​ရှု​စေလိုသည်​။'' ( ယမကာလုလင်​ ၁၊ စာ မျက်​နှာ - ၉ မှ ) ဟုလည်​း ဆရာ​မောင်​​သော်​က က ​ရေး သားထားသည်​။

အရက်​​သောက်​သုံးခြင်​းကို နှစ်​ခြိုက်​သူဖြစ်​​စေ၊ ခါးသီး မုန်​းတီးသူဖြစ်​​စေ ယမကာလုလင်​​ဆောင်​းပါးစုပါသ​ရော်​စာအ​ရေးအသားတို့အား အကြိုက်​ညီကြလိမ်​့မည်​ဟု ယူဆမိပါသည်​။

မမသ
၁၂ ၊ နိုဝင်​ဘာ ၊ ၂၀၁၈


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

သက်တော်ရာကျော် ရှည်စေသော်ဝ်

သင့်လူ
Book Review Image

တစ်ကိုယ်တော်မဂ္ဂဇင်း

မင်းလူ
Book Review Image

ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ဘုရား

လူသာမန်
Book Review Image

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ဦးဟိန်စွန်း