Book Image

တစ်ကိုယ်တော်မဂ္ဂဇင်း

မင်းလူ

မင်းလူ

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/53/show


မင်းလူ               - တစ်ကိုယ်တော်မဂ္ဂဇင်း

ထုတ်ဝေသူ        - ဟီးရိုးစာပေ
ပုံနှိပ်ခြင်း            - ပထမအကြိမ် ၂၀၁၃ ဒီဇင်ဘာ
အုပ်ရေ               - ၁၀၀၀
တန်ဖိုး                - ၄၀၀၀ ကျပ်
စာမျက်နှာ           - ၂၆၀
မျက်နှာဖုံးပန်းချီ   - မျိုးမြင့်
ဖြန့်ချီရေး             - ရွှေနှလုံးသားစာအုပ်တိုက်
                              ၀၉-၅၀၃၇၀၀၇
အယ်ဒီတာချုပ်     - မင်းလူ
တာဝန်ခံအယ်ဒီတာ - တောကျောင်းဘုန်းကြီး
အယ်ဒီတာအဖွဲ့    - မင်းကိုဉာဏ်
                               မောင်ဉာဏ်မင်း
                               ကမ္ဘ္ဘာတုန်
(ဖော်ပြထားသော အယ်ဒီတာအဖွဲ့ဝင်များအားလုံးသည် ဆရာတစ်ဦးတည်း၏ ကလောင်ခွဲများဖြစ်ပါသည်။)

ကဗျာ                -  ၁၉
ဆောင်းပါး         -  ၁၂
အင်တာဗျူး       -  ၂
ဝတ္ထုတို              -  ၆
ဝတ္ထုရှည် စ/ဆုံး -  ၃
အမှတ်တရ        -  ၇
အက်ဆေး         -  ၁၀ ပုဒ်တို့ပါဝင်သည်။


တစ်ကိုယ်တော်မဂ္ဂဇင်း တဲ့။

သီပေါမင်းပါတော်မူပြီးနောက် သုံးနှစ်အကြာတွင် စတင်ထုတ်ဝေခဲ့သော ဟာတင်ကာယီ ဝတ္ထုတော်ကြီးမှ စတင်ရေတွက်လျှင် ယနေ့ထက်တိုင် နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သော စာအုပ်ပေါင်း သောင်းနှင့် သိန်းနှင့်ချီရုံမျှမက မနည်းလှပြီဖြစ်ပါသည်။ ဘယ်တုန်းကမှ တစ်ကိုယ်တော်မဂ္ဂဇင်းရယ်လို့ မထွက်ခဲ့ဖူးသေးပါ။ * * * * *
သူ့တစ်ကိုယ်တော်မဂ္ဂဇင်းတွင် မဂ္ဂဇင်းတစ်အုပ်တွင်ပါအပ်သော အင်္ဂါရပ်များဖြစ်သည့် ကဗျာ - ရသစာတမ်း(အက်ဆေး) - ဆောင်းပါး - ဝတ္ထုတို - ဝတ္ထုရှည် - စာရေးသူနှင့် တွေ့ဆုံမေးမြန်းခန်းပါသည်။ ကြံဖန်ချန်ရစ်ခဲ့သည်ဆိုလျှင် ဗေဒင်ကဏ္ဍသာဖြစ်လိမ့်မည်။ (အတ္တကျော်ရေးသားသော ဆရာမင်းလူအမှတ်တရမှ - - -)

မျက်နှာဖုံး - 
''ကျွန်တော့်စိတ်ကူးက ဘိလပ်မြေအိတ်စက္ကူ (ကာကီ)ကို လုံးချေပြီး ပြန်ဖြန့် အဲဒီအပေါ်မှာ လိုင်းနဲ့ပဲ ကယ်ရီကေးချား (သို့) ပို့ထရိတ်ကို ပက်စတယ် ဒါမှမဟုတ် ချားကိုးလ်effect နဲ့လုပ်ချင်တယ်။''
မျက်နှာဖုံးပန်းချီမျိုးမြင့်ထံသို့ ဆရာမင်းလူပို့ခဲ့တဲ့စာထဲမှ ကောက်နုတ်ချက်ပါ။
ပန်းချီမျိုးမြင့်သည် ဆရာမင်းလူပထမဆုံး စာအုပ် ပန်းကျောင်းနှင့် နောက်ဆုံးစာအုပ် တစ်ကိုယ်တော်မဂ္ဂဇင်းတို့အား မျက်နှာဖုံးရေးဆွဲပေးသူဖြစ်ပါသည်။
တစ်ကိုယ်တော်မဂ္ဂဇင်းသည် အခုနောက်ပိုင်း ပြန်လည်ထုတ်ဝေသောစာအုပ်များ မပါလျှင် ဆရာမင်းလူ၏နောက်ဆုံးစာအုပ်ဖြစ်ပါသည်။
တစ်ကိုယ်တော်မဂ္ဂဇင်းသည် ဆရာမင်းလူ စာစုံအောင်ရေးနိုင်ကြောင်း ဖေါ်ပြနေသည့် စာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။ ကဗျာ ဆောင်းပါး အက်ဆေး ဝတ္ထုတို /ရှည် အင်တာဗျူး အမှတ်တရ - - - ပါဝင်သောစာအားလုံးတွင် စာဖတ်ပရိသတ်အပေါ်ထားသော ဆရာမင်းလူ၏စေတနာကို အထင်းသားမြင်ရသည်။ စာဖတ်အား အင်မတန်နည်းသောကျွန်တော့်အတွက်တော့ ဆရာမင်းလူ၏ တစ်ကိုယ်တော်မဂ္ဂဇင်းစာအုပ်သည် အထူးဆန်းဆုံး အနှစ်သက်ဆုံးစာအုပ်တစ်အုပ် ဖြစ်နေပါကြောင်း - - - 
                          ပခုက္ကူကအောင်ဆန်းဦး
                                  7 . 6 . 2017
(အမှားအယွင်းပါလျှင် ခွင့်လွှတ်ကြပါကုန်လော)


Publisher Name: ဟီးရိုးစာပေ


Related Books

Book Review Image

သက်တော်ရာကျော် ရှည်စေသော်ဝ်

သင့်လူ
Book Review Image

ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ဘုရား

လူသာမန်
Book Review Image

ယမကာလုလင်​

​မောင်​​သော်​က
Book Review Image

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ဦးဟိန်စွန်း