Book Image

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ဦးဟိန်စွန်း

ဦးဟိန်စွန်း

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
၁၄.၆ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - က မှ ဇ နှင့် ၄၈ ၊ တန်ဖိုး - ကျပ် ၁၃၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့်အထိမ်းအ မှတ် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။




ကာတွန်းဝင်းအောင်၏ '' မြန်မာကာတွန်းကို ဖန်တီးသူ များ'' မှ ပုံပြောကောင်းတဲ့ ဦးဟိန်စွန်း ဆောင်းပါးကို ပြန်လည်ဖော်ပြထားသည်။

'' ဆရာကြီး ဦးဟိန်စွန်း ကွယ်လွန်ခဲ့တာ ငွေရတု ၂၅ နှစ် တိုင်ခဲ့ပြီဖြစ်ပေမဲ့ ဆရာကြီးရဲ့ ပုံကို ဒီနေ့ထိ မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။ ဆရာကြီးဟာ သန့်ရှင်းသပ်ရပ်ပြီး စမတ်ကျကျနေထိုင်ပါတယ်။ ( ဆေးဆိုးထားတဲ့ ) ဆံပင်ကို မည်းနက်ပိပြားအောင် နောက်လှန်ပြီး ဖြီးသင်ထားတယ်။ အမြဲတမ်း အပေါ်အင်္ကျီ ( အနွေးထည် ) လက်တိုအရောင်ဖျော့ဖျော့ကို ဝတ်ဆင်လေ့ရှိတယ်။ ခါးက ကိုင်းကိုင်း၊ ပလေကပ်လုံချည်ကို ဝတ်ဆင်ပြီး လက်ထဲမှာလက်ဆွဲသားရေအိတ်တစ်လုံးအမြဲပါတယ်။ အဲဒီအိတ်ထဲမှာ လူတွေကို ပျော်တော်ဆက်ဖို့ ထူးထူး ဆန်းဆန်း အရုပ်ကလေးတွေပါတယ်။ ရှားရှားပါးပါး ကာတွန်းပုံလေးတွေပါတယ်။ ဟာသပုံပြင်တွေပါတယ်။ ဆရာကြီးက ကာတွန်းဆရာပီပီ လူတွေကို ပျော်စေချင်တယ်။ သူ့အိတ်ထဲက ထူးထူးဆန်းဆန်း အရုပ်ကလေးတွေဟာ ထုတ်ပြလိုက်တာနဲ့ မရယ်ဘဲမနေနိုင်တဲ့ အရုပ်မျိုးတွေပါ။ ဟာသမြောက်တဲ့ နိုင်ငံခြားကာတွန်းပုံလေးတွေကို ဓာတ်ပုံသေးသေးလေးတွေကူးပြီး လူတွေကို လက်ဆောင်ပေးတယ်။ ဟာသပုံပြင်တွေကိုလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ပြောနိုင်တယ်။ ဆရာကြီးပြော တဲ့ ပုံပြင်တွေကတော့ နိုင်ငံရေးပုံပြင်တွေနဲ့ အချစ်ပုံပြင်တွေပါပဲ။ နားထောင်ရတဲ့ ကျွန်တော်တို့ တစ်တွေဟာ တဝါးဝါး တဟားဟားနဲ့ပေါ့။ ကျွန်တော်တို့ရယ်ရင် သူကလည်း လိုက်ရယ်တယ်။ ဆရာကြီးရယ်ရင် အင်မ တန် ချစ်စရာကောင်းတယ်။ ''
( ကာတွန်းဝင်းအောင်၊ ပုံပြောကောင်းတဲ့ ဦးဟိန်စွန်း၊
စာမျက်နှာ - ဆ မှ )

ဂျာနယ်ကျော်၊ အုပ်တွဲ ၂၊ စာစောင် ၃၊ ၂ စက်တင်ဘာ ၁၉၃၉ မှ အုပ်တွဲ ၁၁၊ စာစောင် ၁၁၊ ၂၉ နိုဝင်ဘာ ၁၉၄၁ အထိ ဖော်ပြခဲ့သော '' ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ '' ကာတွန်း ၄၈ ပုံနှင့် အညွှန်းစာများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။

'' ဤမျှဖြင့် ကျွန်ုပ်တို့၏ ရုပ်ပြောင်ရေးဆရာသည် အဘယ်မျှ တလွဲတချော် ခေါင်းမာစွာ ပြုလုပ်တတ်သည်ကို အကဲခတ်နိုင်ရာ ရှေ့အဖို့တွင် ကျွန်ုပ်တို့ရေးဆွဲခိုင်းသောပုံများအား ၎င်းက တမင်သက်သက် တလွဲတချော် ခေါင်းမာစွာ ရေးဆွဲပေးလိုက်ပုံတို့ကို ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း'' ဟု ဂျာနယ်ကျော် အုပ်တွဲ ၂၊ စာစောင် ၃၊ ၂ စက်တင်ဘာ ၁၉၃၉ ( ယခု စာအုပ် စာမျက်နှာ ၁ ) ၌ ဖော်ပြထားသည်။

ယခုစာအုပ်အဖုံးတွင် ဖော်ပြထားသောပုံမှာ ဂျာနယ်ကျော်၊ အုပ်တွဲ ၃၊ စာစောင် ၅၊ ၉ ဒီဇင်ဘာ ၁၉၃၉ ၌ ဖော်ပြထားသော '' မြန်မာများ အကျပ်တွေ့နေကြပုံ '' ဖြစ်ပါ သည်။

ဂန ္ထဝင်ကာတွန်းဆရာကြီး ဦးဟိန်စွန်း၏ တမင်သက်သက် တလွဲတချော် ခေါင်းမာစွာ ရေးဆွဲပေးလိုက်သော ပုံတို့မှာ ယနေ့ထက်တိုင် ခေတ်မီနေဆဲ ကာတွန်းလက်ရာများဖြစ်ကြောင်း မိတ်ဆွေတို့အား သတင်းစကားပါး လိုက်ပါသည်။

မိုးမင်းသိမ်း
၄ သြဂုတ် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

သက်တော်ရာကျော် ရှည်စေသော်ဝ်

သင့်လူ
Book Review Image

တစ်ကိုယ်တော်မဂ္ဂဇင်း

မင်းလူ
Book Review Image

ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ဘုရား

လူသာမန်
Book Review Image

ယမကာလုလင်​

​မောင်​​သော်​က