Book Image

သက်တော်ရာကျော် ရှည်စေသော်ဝ်

သင့်လူ

ဘိုးဘွားရိပ်သာတစ်ခုတွင် သက်တစ်ရာပြည့် မွေးနေ့ပွဲကြီးကို မြို့တော်ဝန်၊ မီဒီယာများ၊ ဧည့်သည်တော်များဖြင့် စည်စည်ကားကား ကျင်းပရန် ပြင်ဆင်နေကြသည်။ သို့သော် မွေးနေ့ပွဲအချိန်တွင်တော့ မွေးနေ့ရှင် သက်တစ်ရာအဖိုးအိုမှာ စိတ်လှုပ်ရှားဖွယ် တစ်ကိုယ်တော်ခရီးရှည်ကြီး စတင်နေပြီ။ ဒုစရိုက်မှုများ၊ မကောင်းမှုများ၊ စည်းကမ်းများ အကုန်ချိုးဖောက်ကျူးလွန်ပြီး ဘဝကို စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းလေသော အခါ ... လက်ရှိခေတ်ပြိုင် စာပေလောကတွင် အရယ်ရဆုံး စာအုပ်အဖြစ် သတ်မှတ်ခံထားရသော စာအုပ်၊ စောင်ရေ ခြောက်သန်းကျော် ရောင်းချခဲ့ရသော စာအုပ်။


ကမ္ဘာ့ရေးရာတွေကို နှံ့စပ်လွန်းတဲ့ ဂျာနယ်လစ်တစ်ယောက် အဖြစ်အပျက်တွေကို သရော်တတ်တဲ့ အမြင်နဲ့ ကြည့်တတ်တဲ့ လူတစ်ယောက် အဲဒီလိုလူတစ်ယောက်က ဝတ္ထုရေးမယ်ဆိုရင် ဘယ်လို ဝတ္ထုမျိုး ဖြစ်လာမလဲ။ သိချင်တယ်ဆိုရင်တော့ အခု သက်တော်ရာကျော် ရှည်စေသော်ဝ်ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။ ပေါက်ကရတွေ ဖြစ်နေတဲ့ လောကကြီးမှာ ပေါက်ကရတွေ ဆက်တိုက်လုပ်ပြီး ပေါက်ကရ နေသားတကျ ဖြစ်သွားတယ်ဆိုရင် ခင်ဗျားဘာပြောမလဲ။ 

အဘိုးကြီးတစ်ယောက် အသက်တစ်ရာပြည့် မွေးနေ့မှာ မွေးနေ့ပွဲက တံခါးပေါက်ကိုကျော် ခိုးထွက်ရာကနေ စလိုက်တဲ့ ဇာတ်လမ်းတစ်ခုဟာ အမေရိကန် သမ္မတတွေရော၊ ဂျာမဏီရော၊ နောက် တရုတ်ရော အဲ ... မြောက်ကိုရီးယားတောင် ပါလိုက်သေးဗျာ ရောက်ကုန်တယ်ဆိုရင် ဘာပြောမလဲ။ ခရီးရှည်ချက်က အီရန်တောင် ပါလိုက်သေးဗျာ။ 

အားလုံးဟာ သူ့သဘော သူဆောင်တတ်တာပဲ။ ဖြစ်စရာရှိတာဟာ ဖြစ်ကိုဖြစ်မှာပဲ။

ဒီစကားက အဘိုးကြီး အယ်လန်ရဲ့ လက်စွဲ။ အဘိုးကြီးရဲ့ ဘဝဖြတ်သန်းမှုပုံစံကို နိုင်ငံရေးရာနှံ့စပ်ကျွမ်းကျင်လွန်းတဲ့ ဂျာနယ်လစ်တစ်ယောက်က သရော်တတ်တဲ့ အမြင်နဲ့ ပုံဖော်လိုက်တဲ့အခါမှာ လက်က မချချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ်ဖြစ်လာပါတယ်။ ဘာသာပြန်စာရေးဆရာဖြစ်တဲ့ သင့်လူကလဲ ဘာသာပြန်တဲ့ပုံစံကို သွက်သွက်လက်လက်လေးနဲ့ ပြန်ထားတဲ့အတွက်ကြောင့် ဖတ်လို့ အင်မတန်ကောင်းသွားပါတယ်။ ကမ္ဘာ့ အရေးအရာ တည်တည်တံ့တံ့ အဖြစ်အပျက်တွေဟာ ဂျာနယ်လစ် တစ်ဖြစ်လဲ ဝတ္ထုရေးဆရာ ဂျိုးနက်စ် ဂျိုးနက်ဆန် ရဲ့ ကလောင်သွားအောက်မှာ ပြားပြားဝတ်ပြီး အသက်တစ်ရာကျော် အဖိုးကြီး အယ်လင်နဲ့အတူ ပေါက်ကရတွေ ဖြစ်ကုန်ပါတော့တယ်။ ကျွန်တော် ဒီထက်အများကြီး ဆက်ပြောရင် ဝတ္ထုဖတ်ရတာ ပေါ့ကုန်မယ်ဗျ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါဗျာ။

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်  


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

တစ်ကိုယ်တော်မဂ္ဂဇင်း

မင်းလူ
Book Review Image

ဖုတ်ကောင်ခေတ်မှာ ပွင့်တဲ့ဘုရား

လူသာမန်
Book Review Image

ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်

ညီပုလေး
Book Review Image

ယမကာလုလင်​

​မောင်​​သော်​က
Book Review Image

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ဦးဟိန်စွန်း